အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားအတိုင်း အစားအစာကို ချင့်ချိန်စားသောက်တက်ပါက ခန္ဓာကိုယ်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်ပါတယ်။ မဆင်မခြင်စားသုံးပါကလည်း အကျိုးယုတ်စေပါတယ်။
ဒီနေ့ kwee page က စိတ်ကြည်လင်လန်းဆန်းစေမယ့် အစားအသောက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကော်ဖီ
Source: American Cancer Society
ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုတွေအရ ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ဟာ အကောင်းမြင်စိတ်ကို တိုးပွားစေနိုင်တယ်လို့ ဆိုပါတယ်။ မနက်ခင်းကော်ဖီသောက်တာက အားအင်ပြည့်ဖြိုးမှု၊ ချစ်ခင်ကြင်နာမှု၊ ပျော်ရွှင်ကျေနပ်မှုတွေနဲ့ ချိတ်ဆက်နေတယ်လို့ လေ့လာမူတွေအရ တွေ့ရှိထားကြပါတယ်။
သူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီအတူတူသောက်ခြင်းဖြင့် ကောင်းမွန်တဲ့ အချိန်လေးတွေပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကော်ဖီကို အားလပ်ချိန်မှာ သောက်ခြင်းက အေးဆေးမှုနဲ့ ပျော်ရွှင်မှု ရနိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီကို အလွန်အကျွမ် သောက်ပါက ဆိုးကျိုးတွေရှိနိုင်တာကို သတိပြုသင့်ပါတယ်။
အမဲရောင်ချောကလက်
Source: Eat This, Not That
အမဲရောင်ချောကလက်က antioxidants အများကြီးပါဝင်တဲ့အတွက် သွေးခုန်နှုန်းကို ပုံမှန်ဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုလည်း ကောင်စေးပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ တနေ့ကို အမဲရောင်ချောကလက်တစ်အောင်စ (သို့) အောင်စဝက် စားခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။
မှို
Source: Healthline
မှိုမှာ စိတ်အခြေအနေကို ပြောင်းလဲစေတက်တဲ့ အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ မှိုက ဆီလီနီယံဓါတ်တွေ အများကြီးပါဝင်တာကြောင့် စိတ်ကျခြင်း၊ မောပန်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေကို လျှော့ချပေးပါတယ်။ မှိုတွေမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဗီတာမင် ဒီ အပြည့်အဝ ပါဝင်ပါတယ်။
ဗီတာမင်ဒီများများ စားတာက စိတ်အခြေအနေကို ပိုကောင်းစေပါတယ်။ ဒါကြောင့် ဗီတာမင်ဒီများများ လိုအပ်ခဲ့ရင်တော့ မှိုများများစားပေးဖို့ တိုက်တွန်းပါရစေ။