လူတစ်ယောက်ချင်းစီတိုင်းမှာ အခက်အခဲဆိုတာ ရှိစမြဲပါ။ ကလေးဘဝတုန်းကတော့ အခက်အခဲရှိတာ ဘာမှန်းမသိခဲ့ရပေမယ့် အရွယ်ရောက်လာပြီးလုပ်ငန်းခွင်ကိုယ်စီ ဝင်ကြတဲ့အချိန်မှာတော့ အခက်အခဲဆိုတာကို နဖူးတွေ့ဒူးတွေ့ ကြုံရပါပြီ။ တစ်ခါတစ်လေမှာ အခက်အခဲတွေကို ကျော်ဖြတ်ရတာလွယ်ကူပေမဲ့ တစ်ခါတစ်လေမှာတော့ ထင်သလောက်မလွယ်ကူတက်ကြပါဘူး။ တစ်ချို့တွေကတော့ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး အောင်မြင်မှုပန်းတိုင်ဆီကို လျှောက်လမ်းသွားကြတယ်။ တစ်ချို့တွေကတော့ အခက်အခဲတွေနဲ့ ကြုံတွေ့လာတိုင်း လက်မြောက်အရှုံးပေးတက်တာကြောင့် အောင်မြင်မှုနဲ့ အလှမ်းဝေးသွားတက်ကြတယ်။

ဒီနေ့ kwee page က ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ပြောပြပေးသွားမှာပါ။

မိမိကိုယ်ကိုထိန်းချုပ်ပါ

Source: Liane Davey

မိမိရဲ့လုပ်ဆောင်ချက်တွေနဲ့ တုံ့ပြန်မှုတွေအားလုံးကို မိမိသာလျှင် ထိန်းချုပ်နိုင်ပါတယ်။ တစ်ပါးသူကို မိမိက ထိန်းချုပ်လို့ မရနိုင်ပါဘူး။ မိမိကိုယ်မိမိ ပြောင်းလဲနိုင်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေကို ပြောင်းလဲစွာ မြင်တွေ့လာနိုင်မှာပါ။ ဒါကြောင့် မိမိကိုယ်ကိုထိန်းချုပ်ဖို့ကြိုးစားပါ။

သင်ခန်းစာရယူပါ

Source: Youtube

ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ပြဿနာတွေနဲ့ရင်ဆိုင်ရပြီး မဖြေရှင်းနိူင်တဲ့အခြေအနေတွေနဲ့ကြုံတွေ့လာရပြီဆိုရင် စိတ်အေးအေးထားပါ။ အမှားတွေထဲကနေ သင်ခန်းစာယူတက်အောင်ကြိုးစားပြီး နောက်နောင် တူညီတဲ့အမှားမျိုးမကျူးလွန်မိအောင် သတိထားပါ။ ကိုယ့်ရဲ့အပြစ်ကို သိမြင်နားလည်ပြီး မှတ်မိဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ကြိမ်လေးပဲ သတိပြုလိုက်မိတာနဲ့ ဒီထက်ပိုမိုကောင်းမွန်လာအောင် သူ ပြောင်းလဲသွားနိုင်ပြီးတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကနေ သင်ယူလေ့လာနိုင်မှာပါ။

ပစ္စုပ္ပန်မှာ နေထိုင်ပါ

Source: Goalcast

အချို့လူတွေဟာ မနက်ဖြန်အကြောင်း စဉ်းစားပြီး စိတ်ပူစိုးရိမ်သောက ရောက်တတ်ကြပါတယ်။ အလုပ်အကိုင် အဆင်မပြေမှာကို တွေးတော စိတ်ပူကြတယ်၊ ငွေကြေးပြဿနာတွေအတွက် တွေးတော စိုးရိမ်တတ်ကြပါတယ်။ ဒီလို တွေးတောစိတ်ပူနေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် နောင်လာမယ့် အနာဂါတ်တွေ၊ ကျန်ခဲ့တဲ့ အတိတ်တွေမှာ အတွေးတွေကို နယ်ချဲ့အချိန်ကုန်နေမဲ့အစား လက်ရှိပစ္စုပ္ပန်အချိန်ကိုသာ အာရုံစိုက်လိုက်ပါ။ ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားရမှာပါ။

အခက်အခဲပြဿနာတွေက အမြဲတမ်းကြုံနေရမယ့်အရာမဟုတ်ဘူး

Source: Cleverism

ဒီစကားလုံးတွေက ခက်ခဲပင်ပန်းတဲ့အချိန်ကာလတွေကို ဖြတ်ကျော်ဖို့ အထောက်အကူဖြစ်စေမှာပါ။ အရာအလားလုံးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ လူတော်တော်များများက ပြောင်းလဲရမှာကို ကြောက်ကြတယ်။ တကယ်တော့ ဘဝမှာ ပြောင်းလဲမူနဲ့ ကြုံတွေ့ရတယ်ဆိုတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အဆိုးပြီးရင် အကောင်းတွေနဲ့ကြုံရအုံးမှာပါ။ သင်ဟာ တကယ်ပဲ ပင်ပန်းခက်ခဲတဲ့အချိန်ကို ကျော်လွှားနေရတယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ အချိန်တွေကို ပိုင်ဆိုင်ဖို့ နီးစပ်နေပါပြီ။