ကမ္ဘာတစ်ဝှမ်းလုံးမှာ အသက်ရာကျော်ဘိုးဘွား (၄) သိန်းခွဲခန့်ရှိပါတယ်။ သူတို့ထံမှ ကျွန်တော်တို့အတွက် နားထောင်လိုက်နာသင့်တဲ့ အဆုံးအမတချို့ကို ဒီနေ့ kwee page ကဖော်ပြပေးသွားမှာပါ။
Faula Singh

Source: The Independent
သူ့ကို (၁၉၁၁) ခုနှစ်တွင်မွေးဖွားခဲ့တယ်။ သူ့ခြေထောက်က သေးပြီးအားနည်းနေတဲ့အတွက်ကြောင့် အသက် (၅) နှစ်သားအရွယ်ရောက်သည့်အထိ လမ်းလျှောက်ရတာ ပြဿနာရှိခဲ့တယ်။ အခုတော့ အသက်အကြီးဆုံး မာရသွန် အပြေးသမားတစ်ယောက်ဖြစ်နေပါပြီ။
- သင် ကျန်းမာနေမှ သင် ပျော်ရွှင်မှာပါ။
- ကျွန်တော်ကတော့ ကျွန်တော့်ပျော်ရွှင်မှုအတွက် ပြေးပါတယ်။
- ပြေးနိုင်တဲ့သူတွေအားလုံး ကျန်းမာမှာပါပဲ။
Ida Keeling

Source: Unheard Voices Magazine
သူမကို (၁၉၁၅) ခုနှစ်မှာမွေးဖွားခဲ့တယ်။ ငယ်ရွယ်စဉ်မှာ အဖေဖြစ်သူဆုံးပါးသွားတယ်။ အသက် (၄၂) နှစ်အရွယ်မှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတယ်။ သားသမီး (၄) ယောက်မှာ (၂) ယောက်က အသက်ခံရတယ်။ အခုတော့ သက်ကြီးပိုင်း မီတာ (၆၀-၁၀၀) အပြေးပြိုင်ပွဲတွေမှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားနေပါပြီ။
- သင့်အနေနဲ့ ဘဝကို လက်လျှော့အရှုံးပေးလိုက်ရင် ရှက်စရာပါပဲ။
- ကိုယ့်ကိုယ်ကိုယ်မနှိပ်စက်ပါနဲ့၊ သင်နဲ့ သင့်ခန္ဓာကိုယ်ဟာ အချစ်ခံထိုက်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။
Richard Overton

Source: CNN.com
- ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပါပဲ။
- စိတ်ဓာတ်ကောင်းတွေ မွေးမြူပါ။
- လက်မလျှော့ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် သံသယတွေလည်း မဝင်ပါနဲ့။
Joan Willet

Source: The Argus
- ဖြစ်ပျက်နေသမျှအရာအားလုံးမှာ စိတ်ဝင်စားမှုရှိနေဖို့က အရေးကြီးပါတယ်။
- ဖြစ်ချင်ရာဖြစ် ဆိုပြီး ထိုင်မနေပါနဲ့ အလုပ်ကြိုးစားပါ။
- သင့်မှာဦးနှောက်ရှိပါတယ်။ သင့်ဦးနှောက်ကိုအသုံးချပါ။
Cliff Crozier
Source: Liverpool Echo
- သင့်မိဘတွေနဲ့ စကားစမြည်ပြောပါ၊ သူတို့တွေရဲ့ အဆုံးအမတွေကို နာယူပါ။
- ကျွန်တော်နဲ့ ကျွန်တော့်ဇနီးမှာလည်း ပြဿနာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့တယ်။
- ဒီနေ့ခေတ်လူငယ်တွေကတော့ လက်လျှော့တာ လွယ်လွန်းတယ်။
John Denerley

Source: Bright Side
- ငယ်ရွယ်စဉ်မှာ လုပ်နိုင်တာတွေ၊ လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေကို မလုပ်ပဲမနေပါနဲ့။ အသက်ကြီးလာတဲ့အခါမှာ နောင်တတွေ ရနေပါလိမ့်မယ်။
- တကယ်လို့များ ကျွန်တော်သာ ငယ်ငယ်တုန်းက ကျောင်းမှာ ပိုပြီးအာရုံစိုက်မိခဲ့ရင် ကျွန်တော်ပိုပြီးကောင်းကောင်းလေ့လာကြိုးစားခဲ့မှာပဲ။
- လမ်းအဆုံးထိ ဆက်လျှောက်သွားပါ။
Andy Anderson

Source: PopSugar
- မိသားစုဆိုတာ ဘဝမှာ ရရှိတဲ့အရာတွေထဲက အဖိုးတန်ဆုံးအရာပါပဲ။
- သင် ချစ်မြတ်နိုးတဲ့အရာကို လုပ်နေတာ သေချာပါစေ။
- အိပ်မက်တွေနောက်ကိုလိုက်ဖို့ မတွန့်ဆုတ်ပါနဲ့။

