ယနေ့ခေတ်လူတွေကြားမှာ Detox Water သောက်တဲ့အလေ့အထတစ်ခုကအရမ်းကိုရေပန်းစားလာပါတယ်။ လူအများစုကတော့ Detox Water ကိုဝိတ်ကျဖို့အတွက်သောက်ကြတယ်လို့ သိထားကြပေမယ့် တကယ်တမ်း Detox Water သောက်ခြင်းမှာ ဝိတ်ကျတာအပြင် ထူးခြားကောင်းမွန်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိနေပါတယ်။ ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ဘာကြောင့် Detox Water သောက်ပေးသင့်လဲ Detox Water သောက်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေရစေလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) ဝိတ်ကျဖို့ကူညီပေးတယ်

Source : Aidsmap

အားလုံးသိထားတဲ့အတိုင်း ဝိတ်ကျချင်သူတွေအများစု Detox Water သောက်လေ့ရှိပါတယ်။ Detox Water ဟာ လက်ဆတ်တဲ့အသီးအရွက်တွေနဲ့ ပြုလုပ်ထားတဲ့အတွက် ကယ်လိုရီပါဝင်မှုနည်းပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတိုးတက်စေကာ သဘာဝအတိုင်း ဝိတ်ကျစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၂) အစာခြေစနစ်ကိုကောင်းမွန်စေတယ်

Source : NutriRise

Detox Water ဟာအစာအိမ်နှင့် အူလမ်းကြောင်းတစ်လျောက်က အညစ်ကြေးတွေကိုဖယ်ရှားသန့်ရှင်းပေးပြီး အစာခြေစနစ်ကိုထူးခြားကောင်းမွန်စေပါတယ်။ Detox Water မှာပါဝင်တဲ့ သံပုရာသီးကနေ ascorbic အက်စစ်ဓာတ်ကိုရရှိစေပြီး ၎င်းကအစာခြေဖျက်ရာမှာပိုမိုလွယ်ကူစေဖို့ကူညီပေးပါတယ်။ ထို့အတူ Detox Water မှာပါဝင်တဲ့ ပူစီနံရွှက်ကလည်း အစာခြေစနစ်ကိုကောင်းမွန်စေဖို့ကူညီပေးပါတယ်။

(၃) အသားအရေကိုကြည်လင်လှပစေတယ်

Source : Paula’s Choice Singapore

Detox Water သောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးတာကြောင့် အိုမင်းရင့်ရော်မှုလက္ခဏာတွေကိုလျော့ကျစေပြီး အသားအရေကို သဘာဝအတိုင်းကြည်လင်လှပလာစေမှာဖြစ်ပါတယ်။ Detox Water ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်စီဓာတ်ကို လုံလုံလောက်လောက်ရရှိစေတာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကနေတဆင့် အသားအရေခြောက်သွေ့ပျက်စီးခြင်း အရေပြားဆဲလ်သေများစုလာခြင်းတို့ကိုလျော့ကျစေပြီး ကျန်းမာနုပျိုတဲ့ အသားအရေကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

(၄) စွမ်းအင်တိုးစေတယ်

Source : Healthline

Detox Water မှာပါဝင်တဲ့ သဘာဝအသီးအနှံတွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် ဗီတာမင်ဓာတ်တွေကိုထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း နိုးကြားတက်ကြွနေစေမှာဖြစ်ပြီး တနေ့တာလုံးကို စွမ်းအင်အပြည့်နဲ့ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်းတွေလျော့နည်းပြီး တနေ့တာရုန်းကန်လှုပ်ရှားဖို့အတွက် လုံလောက်တဲ့စွမ်းအင်တွေကို Detox Water သောက်ခြင်းဖြင့်ဖြည့်တင်းနိုင်ပါတယ်။