အလုပ်ခွင်တစ်နေ့တာမှာ မထင်မှတ်ပဲစိတ်ဖိစီးမှုတွေကြုံတွေ့လာပြီဆိုရင် တနေ့တာလုံးကို အကောင်းဆုံးဆက်လက်ဖြတ်သန်းနိုင်ဖို့ဆိုတာ တော်တော်လေးကိုခက်ခဲသွားပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အလုပ်အပေါ်မှာလည်း အာရုံစူးစိုက်နိုင်စွမ်းတွေလျော့နည်းလာပြီး အလုပ်အပေါ်ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာစိတ်ဖိစီးမှုတွေကြုံလာတိုင်းအခုပြောပြမယ့်အချက်လေးတွေကိုလုပ်ဆောင်ပေးဖို့အကြံပြုချင်ပါတယ်။
(၁) ကြွက်သားတွေကိုဖြေလျော့ပေးပါ

Source : iStock
စိတ်ဖိစီးမှုတွေခံစားရတဲ့အခါ ကြွက်သားတင်းမာမှုတွေကိုဖြစ်စေနိုင်ပြီး အထူးသဖြင့် လက်ချောင်း လည်ပင်း ပခုံးကြွက်သားများနာကျင်ကိုက်ခဲမှုကိုဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ကြွက်သားတွေကို ဖြေလျော့ပေးခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျစေမယ့်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဒါကြောင့် လက်ချောင်းထိပ်တွေ လည်ပင်းနှင့်ပခုံးကြွက်သားတွေကို ဖြေညှင်းစွာနှိပ်နယ်ပေးပါ။
(၂) အာရုံခံကြည့်ပါ

Source : cn.ntdtv.com
စိတ်ဖိစီးမှုတွေကို အကောင်းဆုံးပြေလျော့သက်သာစေမယ့် မြင်ကွင်းတစ်ခုခုကို သင့်ရဲ့ စိတ်အာရုံကနေတဆင့် မြင်ယောက်ခံစားကြည့်ပါ။ ဥပမာ ကမ်းခြေလိုနေရာ တောင်တန်းတွေလိုနေရာ စိမ်းစိုတဲ့သစ်တောလိုနေရာ ဒါမှမဟုတ် သင်အကြိုက်နှစ်သက်ဆုံးနေရာတစ်ခုခုကို မျက်လုံးမှိတ်ပြီး စိတ်ထဲကနေသင်ကိုယ်တိုင်သွားနေတဲ့ ပုံစံမျိုး အာရုံခံစားကြည့်လိုက်ပါ။စိတ်ဖိစီးမှုတွေပြေလျော့သွားပါလိ့မ်မယ်။
(၃) အသက်ပြင်းပြင်းရှုပါ

Source : Ambiental Turismo
အမေရိကန်နိုင်ငံ စိတ်ဖိစီးမှုသိပ္ပံဌာနရဲ့ လေ့လာချက်တွေအရ အသက်ခပ်ပြင်းပြင်းရှုလိုက်တာက စိတ်ဖိစီးမှုတွေကိုအလျင်အမြန်လျော့ကျသက်သာစေမယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အသက်ပြင်းပြင်းရှုတဲ့အခါ ဦးနှောက်ကို အောက်ဆီဂျင်ပိုမိုရောက်ရှိစေတာကြောင့် စိတ်ခံစားမှုတွေကိုတည်ငြိမ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အသက်ကိုဖြေးဖြေးချင်း ဝမ်းဗိုက်အထိရောက်သိသည်ထိ ခပ်ပြင်းပြင်းရှုလိုက်ပါ။
(၄) ရယ်မောလိုက်ပါ

Source : Shutterstock
စိတ်ဖိစီးမှုတွေအတွက် အကောင်းဆုံးဆေးက ရယ်မောခြင်းပါ။ အားရပါးရရယ်မောခြင်းက ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတင်းမာမှုတွေကိုပြေလျော့သက်သာစေပြီး စိတ်ဖိစီးမှုတွေအလျင်အမြန် သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုခံစားရတဲ့အခါ ဟာသဗီဒီယိုတွေကြည့်တာမျိုး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်စရာကောင်းတဲ့ပြတ်လုံးတွေပြောတာမျိုးပြုလုပ်ပြီး အားရပါးရရယ်မောလိုက်ပါ။
