ဘာစီလိုနာဟာ ရော်နယ်ကိုးမန်းကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ကိုးမန်းဟာ ဘာစီလိုနာအသင်းမှာ (၂၀၂၂) ထိရှိနေမယ့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

ကိုးမန်းဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့အတွက် နယ်သာလန်အသင်းနည်းပြရာထူးကို စွန့်လွှတ်ခဲ့ကြောင်း သိရပါတယ်။

Source: Goal.com

ဘာစီလိုနာဟာ ဘေယန်မြူးနစ်ကို (၈-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ နည်းပြဟောင်းဖြစ်သူ ဆက်တီယန်ကို ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။ နည်းပြသစ်ဖြစ်သူ ရော်နယ်ကိုးမန်းဟာ အသင်းမှာ (၂၀၂၂) ဇွန်လ (၃၀) ရက်နေ့အထိ ရှိနေမှာဖြစ်ကြောင်း ဘာစီလိုနာအသင်းရဲ့ တရားဝင်ဝက်ဆိုဒ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Source: The Sun Daily

ကိုးမန်းဟာ ဘာစီလိုနာအသင်းမှာ (၁၉၈၉) ခုနှစ်ကနေ (၁၉၉၅) ခုနှစ်အထိ ကစားဖူးတဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ အမှတ်ပေးဖလား (၄) လုံးနဲ့ ဥရောပဖလား (၁) လုံးရရှိခဲ့ပါတယ်။ (၁၉၉၂) ခုနှစ်ဥရောပဖလား ဗိုလ်လုပွဲအဖြစ် ဆန်ဒိုရီးယားအသင်းနဲ့ပွဲစဉ်မှာ အနိူင်ဂိုးကို ကိုးမန်းက သွင်းယူပေးခဲ့တာပါ။

Source: Goal

ကိုးမန်းဟာ (၂၀၁၈) ခုနှစ် အဲဗာတန်အသင်းကနေ ထွက်ခွာလာပြီးနောက် ယခု ဒုတိယအကြိမ် ကလပ်အသင်းကို ပြန်လည်နည်းပြခြင်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါအမှတ်ပေးဖလားကို အသင်းရဲ့ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ လွဲပြောင်းပေးခဲ့ရသလို ဘေယန်မြူးနစ်အသင်းကိုလည်း (၈-၂) ဂိုးဖြင့် အရှက်တကွဲးရှုံးနိမ့်ခဲ့ရတာကြောင့် နည်းပြဆက်တီယန်ကို ပြီးခဲ့တဲ့ တင်္နလာနေ့က နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူ အဘီဒယ်ကိုလည်း တာဝန်ကနေ အနားပေးခဲ့ကြောင်း သိရပါတယ်။