ကျွန်တော်တို့တွေ ကြီးပြင်းလာကြပြီး လက်တွေ့ဘဝထဲကို ဝင်လာကြတာနဲ့အမျှ ငယ်စဉ်အခါက ကျွန်တော်တို့ကို ပျော်ရွှင်စေခဲ့တဲ့အရာတွေကို မေ့သွားကြတယ်။ နှစ်တွေကြာလာတာနဲ့အမျှ လူမှုပတ်ဝန်းကျင်က ကျွန်တော်တို့ရဲ့ ဖန်တီးနိုင်စွမ်းအပေါ် လွှမ်းမိုးမှုတွေ အများကြီးရှိလာတက်ပါတယ်။

Alike ဆိုတဲ့ ကာတွန်းရုပ်ရှင်တိုလေးတစ်ခုကတော့ လူမှုပတ်ဝန်းကျင်ဟာ ကျွန်တော်တို့ရဲ့ ဖန်တီးနိုင်စွမ်းကို ဘယ်လိုဖျက်ဆီးနေတယ်ဆိုတာ မီးမောင်ထိုးပြနေတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းတစ်ခုလုံးမှာ စကားတစ်ခွန်းမှ မပြောသွားခဲ့ပေမယ့် ပေးချင်တဲ့ message ကတော့ ထိရောက်လွန်းလှပါတယ်။ ကွဲပြားခြားနားတဲ့အရောင်တွေကို သုံးပြီး လူတွေရဲ့ခံစားချက်တွေနဲ့ လူမှုပတ်ဝန်းကျင်က ကျွန်တော်တို့ဘဝအရည်အသွေးအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာ သရုပ်ဖော်သွားပါတယ်။

လူတစ်ယောက်ရဲ့အရောင်မှိန်သွားတာနဲ့အမျှ သူတို့တွေ သိပ်မပျော်ကြတော့ဘူး။ လူတွေက သူတို့ရဲ့အရောင်တွေကို ဘယ်လိုပြောင်းလဲနိုင်တယ်၊ သေးသေးမွှားမွှားအရာလေးတွေကို အာရုံစိုက်လိုက်တာနဲ့ သူတို့ဘဝကို ဘယ်လိုကောင်းအောင်ပြောင်းလဲပေးနိုင်တယ်ဆိုတာကို ဇာတ်လမ်းထဲမှာ ပြသထားပါတယ်။

ရုပ်ရှင်ထဲမှာ ကလေးလေးက တီထွင်ဖန်တီးမှုပြုတိုင်းမှာ လူမှုပတ်ဝန်းကျင်က သူ့ကို အဲဒီအရာတွေအပေါ် အာရုံမစိုက်ဖို့နဲ့ လူမှုပတ်ဝန်းကျင်ရဲ့စည်းမျဉ်းတွေကိုသာ လိုက်နာဖို့ သတိပေးခြင်းခံခဲ့ရတယ်။ ဝမ်းနည်းစွာပဲ တကယ့်လက်တွေ့ဘဝမှာလည်း ဒီလိုပါပဲ။ တီထွင်ဖန်တီးချင်ကြသူတွေဟာ နောက်ဆုံးမှာ သူတို့အိပ်မက်တွေကို လက်လျှော့လိုက်ကြရတယ်။

ဒီရုပ်ရှင်ကပြောပြနေတာက လူမှုပတ်ဝန်းကျင်က စည်းမျဉ်းတွေကို လိုက်နာခြင်းအားဖြင့် ပျော်ရွှင်မှုမရနိုင်ဘူးဆိုတာပါပဲ။ စည်းမျဉ်းတွေဟာ လိုက်နာဖို့ဆိုပေမယ့် ကျွန်တော်တို့ကို ပျော်ရွှင်စေတဲ့အရာတွေလုပ်ဖို့လည်း မမေ့သင့်ပါဘူး။

ကျွန်တော်တို့ရဲ့အိပ်မက်တွေ၊ စိတ်အားထက်သန်မှုတွေအပေါ်မှာ လက်မလျှော့သင့်ပါဘူး။ ကျွန်တော်တို့ချစ်မြတ်နိုးတာကို ပြုလုပ်ရပါမယ်။

ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာတွေဟာ ဒီရုပ်ရှင်ဖန်တီးဖို့အတွက် အချိန် လေးနှစ်ယူခဲ့ရပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က မိဘတွေအနေနဲ့ ကလေးတွေအပေါ်မှာ အကောင်းဆုံးတွေဖြစ်ဖို့မျှော်လင့်ပေမယ့် အဲဒါက အမှားအယွင်းဖြစ်တတ်ကြောင်း၊ ကလေးတွေကို သူတို့ရဲ့တီထွင်ဖန်တီးမှုတွေအပေါ်မှာ အားပေးသင့်ကြောင်း ပြောလိုတာဖြစ်ပါတယ်။

Source: Bright Side

video ကိုအောက်က link မှာကြည့်ရှုခံစားနိူင်ပါတယ်။