ငယ်စဉ်ကျောင်းသားဘဝတုန်းက မကြာခဏ အနိုင်ကျင့်ခံခဲ့ရဖူးတဲ့ လူတွေအများကြီးပါ။ ကလေးတွေ အခြားကလေးတွေအပေါ် ဘာလို့နိူင်ထက်စီးနင်းပြုမူကြတာလဲ။ ဒီမေးခွန်းကစဉ်းစားစရာပါ။ တစ်ချို့တွေကတော့ အကျင့်မကောင်းလို့ဆိုပြီး ပြောကြတယ်။ တစ်ချို့ကတော့ မိဘမျိုးရိုးကမကောင်းလို့ ပြောကြတယ်။

ကလေးတွေ ဒီလို နိုင်ထက်စီးနင်းပြုမူရတဲ့နောက်ကွယ်မှာ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်။ မိဘတွေရဲ့ကလေးအပေါ်ဆက်ဆံမှုနဲ့သက်ဆိုင်သလို လူမှုပတ်ဝန်းကျင်နဲ့လည်း အများကြီး သက်ဆိုင်မှုရှိနေပါတယ်။

အိမ်နှင့် နားလည်မှု လွဲခြင်းနှင့် အခြားသောပြဿနာများ

အိမ်တွင်းဆက်ဆံရေးမပြေလည်ခြင်းဟာ ကလေးလေးတွေတွက် အဓိက ပြဿနာတစ်ရပ်ဘဲဖြစ်ပါတယ်။ ဆွေမျိုးသားချင်းတွေဆီကနေ အမြဲလိုလို အနှိမ်ခံ အနှိပ်စက်ခံရတဲ့ ကလေးတွေဟာ အချိန်ကြာလာတဲ့အခါ အမြဲလိုလိုရန်လိုနေတတ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ နေထိုင်လာတတ်ကြတယ်။ ကိုယ့်ကိုကိုယ် မကျေနပ်မှုတွေ များလာတဲ့ခါ သူတပါး အပေါ်နိုင်ထက်စီးနင်း ပြုမူလိုစိတ်တွေ များလာတာမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။

နာမည်ကျော်ကြားမှုနှင့် လူနေမှု အဆင့်အတန်း

ကျွန်တော်တို့ဟာ နာမည်ကြီးနေတဲ့ ကလေးသရုပ်ဆောင်တွေရဲ့ အနိုင်ကျင့်တတ်တဲ့ စရိုက်တွေကိုရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကြည့်ကြပါတယ်။ ဒီလို အနိုင်ကျင့်တတ်တဲ့သူတွေဟာလူအများကို စိုးမိုးနိုင်စွမ်းရှိတယ်..ဒါမှမဟုတ် လူနေမှု အဆင့်အတန်းတစ်ခု အဖြစ်သတ်မှတ်ကြတယ်ဆိုပြီး အထင်အမြင်လွဲမှားသွားတတ်ကြပါတယ်။ ဒါဟာလဲ ကလေးတွေကို အနိုင်ကျင့်တဲ့သူတယောက်အဖြစ်ပြောင်းလဲလာစေနိုင်ပါတယ်။

အားနည်းချက်များ

ကလေးတွေဟာ မွေးရာပါ နူးညံ့သိမ်မွေ့ကြပါတယ်။ သူတို့ပျော်ရွှင်နေတဲ့ခါ သူတို့ကိုယ်သူတို့ ကျေနပ်နေတဲ့ခါ အပေါင်းအသင်းတွေနဲ့လဲ အဆင်ပြေပြေနေနိုင်တဲ့အချိန်တွေမှာ သူတို့ဟာပုံမှန်ပြုမူဆက်ဆံတက်ကြပါတယ်။ ဒါပေမယ့် အပေါင်းအသင်းကြားမဝင်ဆံ့တာမျိုး..ကိုယ်ကိုကိုယ် မကျေနပ်မှုတွေ  အားနည်းချက်တွေ ရှိလာတဲ့ခါမျိုတွေမှာဆို သူတို့ရဲ့ အားငယ်တတ်တဲ့စိတ်ကို သူတစ်ပါးမသိအောင် ဖုံးကွယ်ချင်တာကြောင့် သူတို့ရဲ့ စရိုက်လေးတွေ ကြမ်းတမ်းလာတတ်ကြောင်း လေ့လာသူတွေက ဆိုကြပါတယ်။

အခြား ရွယ်တူကလးတွေရဲ့ ဖိအားပေးမှုများ

ကျွန်တော်တို့ဟာ လူမှု အဖွဲအစည်း အသိုင်းအဝိုင်းနဲ့ နေထိုင် တတ်သူတွေဖြစ်ကြပါတယ်။ ဒီလိုဘဲ ကလေးအချင်းချင်းလဲ နားလည်မှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်ကြတယ်။ တခါတလေ သူငယ်ချင်းတွေဆီကနေ ကိုယ်မလုပ်ချင်တဲ့ အရာတွေကို အတူတကွလုပ်ဆောင်ဖို့ အတင်းဖိအားပေးခံရတာမျိုး ဒါမှမဟုတ် ငြင်းလို့မရတာမျိုးတွေ မကြာခဏဖြစ်လာရင်လဲ အဲ့ကလေးဟာ အားလုံးနဲ့ဆန့်ကျင်ပြီး ရုန်းထွက်ချင်လာကြတယ်။ ဒီအချက်ကလဲ ကလေးရဲ့ စိတ်တွေကို ပြောင်းလဲလာစေပါတယ်။

တန်ပြန်န်တုံ့ပြန်ခြင်း

ခဏခဏ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းခံရတဲ့ကလေူတွေဟာ နာကျင်ခံစားမှု သိမ်ငယ်စိတ်တွေ ဖုံးလွှမ်းခြင်တာနဲ့ဘဲ တခြားကလေးတစ်ယောက်အပေါ်နိုင်ထက်စီးနင်းပြုမူလာကြပါတယ်။ ဒီလိုပြုမူလိုက်ခြင်းဟာ သူတို့စိတ်ကို သက်သာရာရစေတယ်လို့ ခံစားရလို့ဘဲဖြစ်ပါတယ်။

ဂရုစိုက်မှု မရရှိခြင်း

ဂရုစိုက်မှု မခံရတဲ့ ကလေးတွေဟာ သူတို့မိဘတွေဆီကနေ ဂရုစိုက်မှုကို ခံယူချင်လာတဲ့ခါ ရန်လိုတတ်ခြင်း အနိုင်ကျက့်တတ်ခြင်းစသည့် နည်းလမ်းအမှားတွေပြူမူလာတတ်ကြပါတယ် ။ ဒါကြောင့် မိဘတွေက မိမိတို့ရဲ့သားသမီးတွေကို ဂရုစိုက်ပြဖို့ ချစ်ခြင်းမေတ္တာ တရားတွေကို ထုတ်ဖော်ပြဖို့လဲ လိုအပ်ကြောင်း ပညာရှင်တွေက ထောက်ပြထားပါတယ်။

Source: Bright Side