အောင်မြင်မှုဆိုတာ ပုံစံအမျိုးမျိုးနဲ့ လာပါတယ်။ ကြိုးစားအားထုတ်မှုဟာ အမြဲတမ်း ရလဒ်နှစ်ခုထဲက တစ်ခု ထွက်ပါတယ်။ Success or Failure ။ဒီတော့ အလုပ်တစ်ခုလုပ်တိုင်း အောင်မြင်မလားနဲ့ ရှုံးနိမ့်သွားမလားဆိုတာ နှစ်ခုထဲက တစ်ခုတော့ ရမှာ အမှန်ပါပဲ။ များသောအားဖြင့်တော့ Fail သွားနိုင်ပါတယ်။ တကယ်လို့ ကျရှုံးသွားရင် နောက်တစ်ကြိမ် အောင်မြင်အောင် ထပ်ကြိုးစားနိုင်ဖို့အတွက် ကိုယ့်စိတ်ကို ဘယ်လို ပြောင်းသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းလေး ပြောပြချင်ပါတယ်။
(၁) အရှုံးကနေ အောင်မြင်ဖို့ ခံစားချက်ကို အသုံးချပါ

Photo: Freepik
အရှုံးဆိုတာ ခါးသီးပါတယ်။ နာရီပေါင်းများစွာ နေ့ရက်ပေါင်းများစွာ ဝါယမစိုက်ထုတ်လာခဲ့ပေမယ့် ရလဒ်က ဇီးရိုးဖြစ်သွားချိန်မှာ ဘယ်သူမဆို နာကျင်နေမှာ အမှန်ပါပဲ။ ဒီအချိန်မှာ အရေးကြီးတာက အရှုံးအပေါ် နောက်ထပ် အမြင်သစ်တစ်မျိုးနဲ့ ကြည့်ဖို့ပါပဲ။
ရှုံးနိမ့်ခြင်းက ရလိုက်တဲ့ ခံစားချက် ၊ သင်ခန်းစာနဲ့ နည်းလမ်းသစ်တွေကို ဖော်ထုတ်ပြီး အောင်မြင်မှုအတွက်် အရေးပါတဲ့ စွမ်းရည်တွေ ဖော်ထုတ်ဖို့ လိုပါတယ်။ မခံချင်စိတ်ဟာ အရှုံးထဲကနေ ရုန်းထဖို့ အကောင်းဆုံးတွန်းအားအဖြစ် အသုံးချနိုင်ပါတယ်။
(၂) စိတ်ဓါတ်အင်အားတက်ကြွစေဖို့ အရှုံးပေါ် အမြင်ပြောင်းပါ

Photo: Freepik
စိတ်ပညာအရ ကိုယ့်ခံယူချက်ကို ပြောင်းလိုက်တာနဲ့ ရလဒ်တွေအများကြီး ပြောင်းသွားနိုင်ပါတယ်။ ဝင်စတန်ချာချီ တစ်ခါက ပြောဖူးတာ ရှိပါတယ်။ “အောင်မြင်မှုဆိုတာ နောက်ဆုံးအဆင့်မဟုတ်ပါဘူး။ အရှုံးကလည်း မသေတတ်ပါဘူး။ အမှတ်စဉ်ဆက်ရေနိုင်ဖို့ သတ္တိပဲ လိုပါတယ်”တဲ့။
ရှုံးနိမ့်မှုကို လမ်းဆုံးတစ်ခုအဖြစ် မြင်မယ့်အစား ကိုယ်သွားမယ့်ခရီးမှာ ကိုယ့်ကို တိုးတက်စေဖို့ မွမ်းမံပေးတဲ့အရာအဖြစ် မြင်ကြည့်လိုက်ပါ။ အရှုံးကို မကြောက်တော့ရင် ပိုကောင်းတဲ့ အခွင့်အလမ်းတွေအတွက် လမ်းဖွင့်ပေးလိုက်ရာ ရောက်ပါတယ်။
(၃) ရှုံးနိမ့်မှုကို သင်ခန်းစာအဖြစ် ကြည့်ပါ

Photo: Freepik
လူအတော်များများဟာ ကျရှုံးမှာကို ရှက်တတ်ကြပါတယ်။ ရှုံးတာဟာ ရှက်စရာမဟုတ်ပါဘူး။ ဒါပေမယ့် အရှုံးကို လျစ်လျူရှုထားမယ်ဆိုရင် အရှုံးသေးသေးလေးကနေ ရှုံးနိမ့်မှုအကြီးစားကြီး ဖြစ်သွားပြီး ပြင်လို့တောင် မရတဲ့အဆင့် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အရှုံးကို သင်ခန်းစာယူပါ။ နောက်တစ်ကြိမ် ပိုကောင်းတဲ့ အလုပ်တွေ လုပ်နိုင်အောင် အခု ရှုံးနိမ့်မှုကနေ တန်ဖိုးရှိတာ တစ်ခုခု ရအောင် ယူသွားဖို့ လိုပါတယ်။
