Ryan Goslings နဲ့ Rachel McAdams တို့ မိုးရေထဲမှာ အကြင်နာပေးနေတဲ့ မြင်ကွင်းက အားကျစရာကောင်းပါတယ်။ အဲဒါကလည်း လူအများစုတွေးထားကြတဲ့ relationship goal တစ်ခုပါပဲ။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ Allie နဲ့ Noah ရဲ့ အချစ်ဇာတ်လမ်းဟာ စုံတွဲတွေ အတုယူသင့်တဲ့ ပုံစံမျိုး မဟုတ်ဘူး၊ လက်တွေ့မဆန်ဘူး လို့ ထောက်ပြထားကြတယ်။ ဘာလို့လဲဆိုတဲ့အကြောင်း ပြချက်ကို ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

Noah ဟာ Allie ဆီကို စာတွေ နေ့တိုင်းရေးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သိပ်မသိကြပေမယ့် Allie ရဲ့ အိပ်မက်ထဲကအိမ်လေးကိုလည်း တည်ဆောက်ပေးခဲ့သေးတယ်။ ဒါတွေဟာ တကယ့်စုံတွဲတွေအတွက် ရနိုင်ခဲ့တဲ့မျှော်လင့်ချက်ကြီးဖြစ်နေပါတယ်။ တကယ့်လက်တွေ့ဘဝမှာ အသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားနေရတဲ့အတွက်ကြောင့် ဘဝတစ်ခုကိုနှစ်ယောက်အတူတူ ကြိုးစားပြီးတည်ဆောက်ဖို့လိုအပ်ပါတယ်။

Source: Bright Side

ပြီးတော့ Noah နဲ့ Allie ဟာ နှစ်ပေါင်းများစွာကြာ တစ်ယောက်နဲ့တစ်ယောက်မတွေ့ကြရတော့ပေမယ့် အဆုံးမှာပြန်လည်ပေါင်းစည်းပြီး ဘဝတစ်သက်လုံး အတူနေထိုင်သွားကြပါတယ်။ ရုပ်ရှင်ထဲမှာ ကျွန်တော်တို့အားလုံး တွေ့မြင်ရတာက စွဲလမ်းမှုနဲ့ ချစ်စိတ်ပြင်းပြမှုပါပဲ။ တကယ့်လက်တွေ့မှာ relationship တစ်ခုကိုထိန်းသိမ်းထားနိုင်ဖို့အတွက် အချစ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ပြီးပြည့်စုံတဲ့ လက်တွဲဖော်ဆိုတာလည်း မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက် ဆိုတာရှိပါတယ်။

ဒီရုပ်ရှင်ထဲမှာ Noah ဟာ အရမ်းလည်း စိတ်ကူးယဉ်ဆန်ပါတယ်။ သူဟာ no လို့လည်း ဘယ်တော့မှ မပြောပါဘူး။ သူဟာ သူမက သူနဲ့ dateမ လုပ်ရင် သူ့ကိုယ်သူသတ်သေမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။ သူတို့ရဲ့ romantic relationship ဟာ တကယ့်စုံတွဲတွေအတွက် အရမ်းကို အဆိပ်အတောက်ဖြစ်ပါတယ်။

Source: Bright Side

ရုပ်ရှင်ထဲမှာ Noah နဲ့ Allie ဟာ အမြဲဆိုသလိုရန်ဖြစ်နေကြပါတယ်။ ဘယ်တော့မှလည်း သဘောထားမတိုက်ဆိုင်ကြပါဘူး။ ရန်ဖြစ်နေကြတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက်ဟာ ထိုးကြိတ်နေကြပါတယ်။ ဒါက အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးရဲ့ လက္ခဏာဖြစ်ပါတယ်။ ရန်ဖြစ်ပြီးကြရင်လည်း သူတို့က ဘာမှမဟုတ်ကြသလိုပြန်နေကြပါတယ်။

အဲဒီလိုပဲ ကျွမ်းကျင်သူတွေက အတုမယူသင့်ဘူးလို့ ဆိုတဲ့ အလားတူရုပ်ရှင်တွေကတော့ Dirty Dancing, Grease, Notting Hill, The Lobster တို့ ဖြစ်ပါတယ်။

Source: Bright Side

Dirty Dancing မှာဆိုရင် မိန်းမတစ်ယောက်ဟာ ယောကျ်ားတစ်ယောက်အပေါ် အရာအားလုံးအတွက် မှီခိုနေတာကို မြင်နေရပါတယ်။

Grease မှာလည်း ယောကျ်ားတစ်ယောက်ပြန်ကြိုက်လာဖို့အတွက် သူလိုချင်တဲ့ပုံစံဖြစ်အောင် ကြိုးစားရတာကို မြင်နေရပါတယ်။ တကယ်တော့ အချစ်စစ်မှာ အဲဒါတွေ မလိုအပ်ပါဘူး။ အပေါ်ယံသွင်ပြင်အပေါ်အခြေခံတဲ့ အချစ်ဟာလည်း မတည်မြဲပါဘူး။

Source: the Guardian

ကျွမ်းကျင်သူတွေ ဆိုထားတဲ့ ကြည့်သင့်တဲ့ ရုပ်ရှင်တွေကတော့ Annie Hall, La La Land, Bridget Jones’s Diary နဲ့ Star Wars: Episode III- Revenge of the Sith တို့ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်တွေထဲက အချစ်ဇာတ်လမ်းတွေဟာ ပိုပြီးလက်တွေ့ကျပါတယ်။ relationship တစ်ခုမှာ ကြုံရတဲ့ ပြဿနာတွေကိုလည်း သရုပ်ဖော်ထားပါတယ်။ အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ လက်တွဲဖော်နဲ့ ဘယ်လိုစကားပြောမလဲဆိုတာတွေကို ကြည့်ရှု့ခံစားနိုင်ပါတယ်။

Kwee ပရိသတ်တွေကရော။ The Notebook လိုရုပ်ရှင်က တကယ့်စုံတွဲတွေအတွက် ကောင်းတယ်လို့ထင်ပါသလား။ မကောင်းဘူးလို့ထင်ပါသလား။ မိမိရဲ့ထင်မြင်ချက်တွေကို comment မှာရေးထားခဲ့လို့ရတယ်နော်။