သင်ဟာ တစ်စုံတစ်ယောက်နဲ့ ပထမဆုံးချိန်းတွေ့မှုမှာကတည်းက သူ့ရဲ့အကြောင်းကို သိလိုပါလိမ့်မယ်။ စိတ်ပညာရှင်တွေကတော့ အသေးစိတ်အချက်လေးတွေကို အာရုံစိုက်ပြီး သူ့ရဲ့အကြောင်းကို သိနိုင်တယ်လို့ ပြောပါတယ်။

ဆံပင်နဲ့အဝတ်အစားကို ကိုင်ကိုင်နေတာ

သူမဟာ ဆံပင်ကို မကြာခဏကိုင်နေမယ်၊ အဝတ်အစားတွေကိုထိကိုင်နေမယ်ဆိုရင်တော့ သင့်ကို သဘောကျနေတယ်လို့ ယေဘုယျအားဖြင့် သက်မှတ်လို့ရပါတယ်။

သင့်မျက်လုံးကို တည့်တည့်ကြည့်ပြီး သင့်ဘက်ကို ကိုင်းနေတာ

သူမဟာ သင့်မျက်လုံးကို တည့်တည့်ကြည့်မယ်၊ သူမရဲ့ ကိုယ်ဟန်အနေအထားဟာ သင့်ဘက်ကို အနည်းငယ် ကိုင်းနေတယ်ဆိုရင်တော့ သူမဟာ သင်နဲ့စကားပြောရတာကို သဘောကျနေသလို နှစ်ခြိုက်နေပါပြီ။

မျက်ခုံးကြုံ့တာနဲ့ သင်နဲ့စည်းခြားထားတဲ့ ကိုယ်ဟန်အနေအထားများ

သူမဟာ သင်နဲ့စကားပြောနေတဲ့အချိန် မျက်ခုံးကြုံ့နေမယ်၊ လက်ပိုက်နေမယ်ဆိုရင်တော့ သင်နဲ့ရှိနေရတာ အဆင်မပြေဘူးလို့ ဆိုနိုင်ပါတယ်။ သင်နဲ့ သူမ ကြားမှာ အိတ်တစ်လုံးချထားရင်လည်း သင့်ကို သဘောမကျတာ ဖြစ်နိုင်ပါတယ်။

ဖုန်းကိုပဲကြည့်နေတာ

သင်နဲ့ စကားပြောနေချိန် သူမဟာ ဖုန်းကိုပဲ ကြည့်နေမယ်ဆိုရင် သင့်ကိုမလေးစားတာပါပဲ။

ဒါမှမဟုတ် social media ကို စွဲလမ်းနေတာလည်း ဖြစ်နိုင်သလို သင့်ကိုစိတ်မဝင်စားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေကို ကြည့်ပြီး relationshipတစ်ခု အဆင်ပြေမယ် အဆင်မပြေဘူးလို့ ရာခိုင်နှုန်းပြည့်တော့ မပြောနိုင်သေးပါဘူး။

သင်တို့ရော ပထမဆုံးချိန်းတွေ့မှုမှာ ဘယ်အချက်တွေကို ကြည့်သင့်တယ်လို့ ထင်ပါသလဲ။ comment မှာ ပြောပြခဲ့နိုင်ပါတယ်။

Source: Bright Side