တစ်ချို့သောလူတွေက စကားအရမ်းပြောကြတဘ်။ သူတို့ရဲ့အတွေးတွေကို ဖော်ပြရန် မရပ်တန့်နိုင်ကြဘူး။ တခြားသူအပေါ် ယဉ်ကျေးဖို့လိုသလို တစ်ဉီးနှင့်တစ်ဉီး စကားပြောလျှင် ကြားဖြတ်စကား မဆိုဖို့ရန်လည်း အရေးကြီးပါသည်။ သို့ရာတွင် စကားတွေတောင်စဉ်ရေမရ ပြောပြီး အချိန်မဖြုန်းပဲ ဆိုလိုရင်း အဓိကအချက်ကို ပြောဖို့တော့လိုပါတယ်။ တန်ဖိုးရှိတဲ့သင့်ရဲ့အချိန်တွေကို တန်ဖိုးမရှိတဲ့စကားတွေ နားထောင်ပြီးမဖြုးန်ပစ်လိုက်ပါနဲ့။
ဒီနေ့ kwee page က စကားများတဲ့လူတွေဆီကနေ မိမိကိုယ်ကိုဘယ်လိုကယ်တင်မလဲဆိုတာကို ပြောပြပေးသွားမှာပါ။
ယဉ်ကျေးစွာနားထောင်ပါ

Source: Akwa-Lborm-Trending-blogger
ပထမအချက်အနေနဲ့ စိတ်ရှည်သည်းခံ နားထောင်တတ်ပါစေ။ တခြားလူက မိမိကို ဘာပြောဖို့ကြိုးစားနေသလဲ ဆိုတာကို ခန့်မှန်းတွက်ဆတတ်ရန်အရေးကြီးပါသည်။ အရေးကြီးသောအကြောင်းအရာ သို့မဟုတ် ခံစားချက်တွေ ပြောပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို သူ့ကိုအထင်ကြီးအောင် ပြောပြချင်တာလည်းဖြစ်နိုင်ပါတယ်။ တကယ့်ကိုအရေးကြီးတဲ့စကားပြောမယ်ဆိုရင် စကားတွေဖောင်ဖွဲ့မနေပါနဲ့ လိုရင်းကိုပဲပြောလိုက်ပါ။
လိုရင်းကိုထပ်ခါတလဲလဲပြန်မေးပါ

Source: Marketing Land
ပြောချင်သောခေါင်းစဉ်အောက်မှာ စကားလမ်းကြောင်းလွဲသွားအောင် စကားတွေကို ချဲ့ကားပြောဆိုတတ်သော လူတွေမကို တွေ့ကြုံရလေ့ရှိပါသည်။ ထိုအခါ စကားဝိုင်း၏ အဓိကဆိုရင်းက ဘာလဲဆိုတာကို သတိပေးဖို့ လိုပါလိမ့်မယ်။ သင့်အနေနဲ့ စကားဝိုင်းနှင့်ပတ်သတ်သောအကြောင်းရင်းတစ်ခုကို ထမေးလိုက်ပါ၊ အဲ့ဒီ့အခါ သူတို့၏ ဆိုရင်း အဓိက အကြောင်းအရာဆီ စိုက်စိုက်မြိုက်မြိုက် ပြန်ရောက်လာပါလိမ့်မယ်။ သင့်ရဲ့ အချိန်တွေကို သူတို့လေးစားဖို့လိုတယ်ဆိုတာ ပြဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
စကားဖြတ်ပြောလို့ရ၊ မရ မေးပါ

Source: Best Life
အထက်ပါအချက်များနှင့် ဒီစကားဝိုင်းပြီးဖို့ သင်ကြိုးပမ်းအားထုတ်ပြီးတာတောင် သူတို့ အနေနဲ့စကားပြော ရပ်မသွားဘူး ဆိုရင် ဒီအချိန်မှာ “ကိုယ်ရည်သွေး “ ပြခန်း၏ အမြင့်ဆုံးအပိုင်းကိုရောက်လာပါပြီ။ သင်စကားဖြတ် ပြောလိုက်လို့ သူတို့ စိတ်အနှောက်အယှက်ဖြစ်မယ်ဆိုရင်တောင် ယုံကြည်မှု့ရှိရှိ သူတို့ကို မေးခွန်းထုတ်လိုက်ပါ။
တစ်ချို့ကတော့ စကားဝိုင်းက အချိန်ကြာပြီး ငြီးငွေ့စရာ ကောင်းလာပြီ ဆိုတာကို နားလည် သဘောပေါက် ကြပါလိမ့်မယ်။ တစ်ချို့ကတော့ သူတို့ပြောနေတာကို ရပ်လိုက်ရလား သင့်ကို မေးကောင်းမေးလာပါလိမ့်မယ်။ အကယ်၍ သင့်မှာ တကယ့်ကို ရွေးချယ်စရာမရှိသည့် နောက် သူတို့စကားပြောကိုရပ်တန့်ဖို့ရာ တကယ့်ကို ထိရောက်မည့် နည်းလမ်းတစ်ခုရှိနိုင်ပါသေးတယ်။ သူတို့က အခြားအကြောင်းအရာကို ပြောဖို့ ဟန်ပြင်လိုက်လျှင် ချက်ချင်း နောက်တစ်ကြိမ် စကားဝင် ဖြတ်ပြောလိုက်ပါ။
ကစားပွဲကိုပြောင်းလိုက်ပါ

Source: The Berger Leadership Blog
သူတို့ကို စကားဝင်ဖြတ်ပြောပြီးနောက် သင့်အနေနဲ့ ကစားပွဲကိုပြောင်းကစားလို့ရပါတယ်။ စကားဝိုင်းကို လုံးဝအလျှင်း ရပ်လိုက်မည့်အစား သင့်ရဲ့ ထင်မြင်သုံးသပ်ချက်တစ်ခုကို ထပ်ပေါင်းပြောနိုင်ပါတယ်။ သင့်အကြောင်း၊ သင့်ရဲ့ ခွေး သို့ သူငယ်ချင်းအကြောင်း ထင်ရာမြင်ရာ ထပ်ဖြည့်ပြောခြင်းဖြင့် တကယ့်ကို ရလဒ်ကောင်းထွက်လာပါလိမ့်မယ်။
အချိန်မရှိကြောင်းပြောပါ

Source: Bright Side
တစ်ခါတစ်ရံ လူတွေက စောင်းပါးရိပ်ခြည်နားမလည်ကြဘူး။ အချိန်မရှိကြောင်းပြောခြင်းသည် ထိခိုက်နစ်နာစေလိုသော အကြောင်းတစ်ခုတော့မဟုတ်ပါ။ သင့်မှာ ဒီအကြောင်းကိုထပ်နားထောင်ဖို့ရာ အချိန်မရှိကြောင်း ပြောခြင်းအားဖြင့် ဒီ့ထက်ပိုအနှောက်အယှက်မခံချင်သလို အလုပ် အရမ်းရှုပ်နေပြီ ဖြစ်ကြောင်းကို ဖော်ပြရာလည်း ရောက်ပါတယ်။ “အချိန်ရှိခိုက် လုံ့လစိုက်ရမယ် “ လို့လည်း ထပ်ဖြည့်ပြောနိုင်ပါတယ် ။ သူတို့စကားပြီးဖို့ကို ပြန်လာပြောသော အဖြစ်မျိုး ရှိခဲ့မယ်ဆိုရင် “အခုတော့မအားသေးဘူး၊အလုပ်ရှုပ်နေတုန်းပဲ”လို့ မင်းပြောနိုင်ပါတယ်။
စကားပြောချိန်အတိအကျသတ်မှတ်ထားပါ

Source: Time-Magazine
စကားပရိယာယ်သုံးပြီး သင့်မှာအချိန်ဇယားအတိအကျ ရှိကြောင်း သူတို့ကို အသိပေးထားပါ။ တစ်ချို့ကိစ္စတွေမှာ အချိန်မရှိကြောင်း ၊ လုပ်စရာအလိုတွေအရမ်းများနေတဲ့အကြောင်း ပြောဆိုပြီး ငြင်းဆိုနိုင်ပါတယ်။
