ကိုယ်ဟန်အမူအရာဖြင့်စကားပြောခြင်းသည် လူများစကားပြောဆိုနိုင်စွမ်းမရှိခင်အချိန် သို့မဟုတ် လူ့အသုံးအဆောင်ပစ္စည်းများ ဖန်တီးမပြုလုပ်နိုင်ချိန် ကပင် ပေါ်ပေါက် ခဲ့ပါသည်။ ဘာလို့လဲဆိုတော့ ကိုဟန်အမူအရာဖြင့်စကားပြောဆိုခြင်းသည် တစ်ဉီးနှင့်တစ်ဉီး အလိုအလျောက်ဆက်သွယ်နိုင်သည့် ဆက်သွယ်ရေးနည်းစနစ် တစ်ခု ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို ဘယ်လိုလေ့လာနေသလဲ ဆိုတာကို သက်ရောက်နေသော အဓိက သော့ချက်တစ်ခုလည်းဖြစ်ပါတယ်။

လက်ကောက်ဝတ်ကို အခြားလက်တစ်ဖက်မှ ဆုပ်ကိုင်ထားသည့် ဟန်အမူအရာ

လက်နောက်ပြန်ပစ်ပြီးဆုပ်ကိုင်ထားခြင်းသည် အခြားသူအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်သော အပြုအမူ ဖြစ်ကြောင်းကို ဖော်ပြသည့် အမူအရာဖြစ်ပါတယ်။ များသောအားဖြင့် ထိုအချက်သည် ကျွန်တော်တို့ စိတ်ဆိုးဒေါသထွက်နေသည့်အချိန်မှာ ပြုလုပ်တတ်တဲ့ ကိုယ်ဟန်အနေအထားဖြစ်တတ်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ လက်တွေကို မြှင့်ထားပြီးဆုပ်ကိုင်ထားလေလေ ၊ ကျွန်တော်တို့ တခြားသူအပေါ် ကျေနပ်အားရမှု့မရှိခြင်းကို ပေါ်လွင်လေလေ ဖြစ်ပါတယ်။

ခြေလှိမ်ယှက်ခြင်း

ခြေလှိမ်ယှက်ရပ်နေခြင်းသည် ကျွန်တော်တို့ ပြောနေသော အကြောင်းအရာအပေါ် ယုံကြည်မှု့အပြည့်အဝမရှိပုံကို ဖော်ပြခြင်းဖြစ်ပါတယ်။ သင်က သင်၏လက်တွေကို အိတ်ကပ်ထဲထည့်ထား မယ်ဆိုရင် သင် ပြောနေသောအကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူ တစ်ယောက်မှရှိလိမ့်မည် မဟုတ်ကြောင်း ကို ကျွန်တော် အလောင်းအစားပြုပြီးကိုပြောနိုင်ပါတယ် ။ သင်သည် သင့်လက်တွေကို အိတ်ကပ်ထဲ ဖွက်ထားသလို သင်၏ စိုးရိမ်ကြောင့်ကြမှုတွေကိုလည်း ဖုံးကွယ် ဖို့ အမြဲလိုလိုကြိုးစားနေသူတစ်ဦးဖြစ်ပါသည်။ အမှန်တကယ်တော့ ယခုကဲ့သို့ ကိုယ်ဟန်အမူအရာသည် အဓိပ္ပာယ်များစွာရှိပါသည် ။ မလွှဲသာမ‌ရှောင်သာသော အခြေအနေမျိုးတွင် အားလုံးစုပေါင်း အဓိပ္ပာယ်ကောက်ခြင်းလဲ ဖြစ်နိုင်သလို သို့မဟုတ် ကျွန်တော်တို့ စိတ်လှုပ်ရှားသောသောအခါတွင်လည်း ဒီလိုအပြုအမူကို အများဆုံး ပြုလုပ်ကြပါတယ်။

လက်သီးဆုပ်ထားခြင်း

ရင်ဝယ်ပိုက် လက်ပိုက်ခြင်းအနေအထားတွင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ် ထားခြင်းသည် “ငါလည်းဒီမှာရှိမနေချင်တော့ဘူး ၊ ဒါငါ့အပူပါ နင့်အပူလည်းမဟုတ်ပါဘူးကွာ “ လို့ အဓိပ္ပာယ်ရပါတယ်။ အခြားသူများအတွက်တော့ စိတ်ကျေနပ်စရာကောင်းသော အပြုအမူတစ်ခုမဟုတ်ပါ ။ ခပ်မြင့်မြင့်အနေအထားတွင်လက်ခြင်းဆုပ်ကိုင်ထားခြင်း ယခုဟန်အမူအရာသည် နံပါတ်၃ အချက်ကို ပြန်လည်ပြင်ဆင် မွမ်းမံထားခြင်းဖြစ်ပါတယ်။သို့သော် ဤအမူအရာသည် မင်းလက်တွေကိုမြင့်မြင့်ထားလေ၊ မင်း အမှားတွေကို မျက်ကွယ်ပြုဖုံးကွယ်ချင်လေဖြစ်ပါတယ်။

အားအင်ချိနဲ့နေသောဟန်အမူအရာ

မကောင်းသောဟန်အမူအရာဖြစ်ပါတယ်။ ဤအမူအရာသည် သင်၏ ကျန်းမာရေးထိခိုက်ရုံသာမက ခိုကိုးရာမဲ့ခြင်း၊ မဝံ့မရဲဖြစ်နေခြင်း နှင့် ဘဝ ကို မကျေနပ်ခြင်း ရှိနေသည်ကိုလည်း ညွှန်ပြပါတယ်။ လူကြီးသူမ များ ခြေတကြွကြွလမ်းလျှောက်သည့် ဟန်ပင်နှင့် ဆက်နွယ်နေပါတယ်။ လမ်းလျှောက်သည့်အခါ ခေါင်းမော့ ၊ ရင်ကော့ပြီးခြေထောက်များကို ဆန့်ထားပါ။ အထက်ပါအချက်များအားလုံးသည် ဝတ်ကောင်းစားလှဝတ်ထားခြင်းထက်ပင် ကိုယ်ဟန်အမူအရာကောင်း ကို အထောက်ပံ့ပေးပါလိမ့်မယ်။

Source: Bright Side