ဖက်ရှင် Outfit တစ်ခု ပုံစံကျ လိုက်ဖက်အောင် ဖိနပ်တွေက ပံ့ပိုးပေးပါတယ်။ ဖိနပ်ဟာ လူမှာ ဝတ်ထားတဲ့ တစ်ခြားဖက်ရှင်အထည်တွေနဲ့ ကာလာအတွဲအစပ်မှန်မှ ကြည့်ကောင်းတာပါ။ ပုံမှန်အားဖြင့် အရောင်ရင့်ရင့်ဖိနပ်ကာလာဟာ အရောင်ဖျော့တွေထက် ပိုပြီး စမတ်ကျပါတယ်။ နောက်တစ်ချက်က နေရာမရွေး အဝတ်အစားမရွေးနဲ့လည်း တွဲဝတ်လို့ကောင်းပါတယ်။ ဒါပေမယ့်လည်း ဖိနပ်အရောင်တစ်ခုချင်းစီလိုက်လို့ တွဲဝတ်သင့်တဲ့ သီးသန့် အင်္ကျီ ၊ ဘောင်းဘီအရောင်တွေ ရှိပါတယ်။
(၁) အနက်ရောင် Shoes

Photo: Fashion Beans
Black Shoes တွေကတော့ စမတ်အကျဆုံးနဲ့ အစီးအများဆုံး Shoes ကာလာဖြစ်ပါတယ်။ အထူးသဖြင့် Dress Shoes တွေဆိုရင် အနက်ရောင်က Standard Color လို့တောင် ဆိုနိုင်ပါတယ် ။ Black Shoes/Sneaker စီးမယ်ဆိုရင် အနက်ရောင် ကုတ်နဲ့ တွဲဝတ်မလား ၊ Jeans ဖက်ရှင်နဲ့ အပြင်ထွက်မလား။ ဒါမှမဟုတ် Trouserအညိုနဲ့ တွဲဝတ်မလား ဝတ်လို့ရပါတယ်။
(၂) အညိုရောင် Shoes

Photo: Fashion Beans
အညိုရောင် Shoes တွေကို ရုံးနဲ့ ပွဲတက်ဝတ်စုံတွေနဲ့ အများဆုံး တွေ့ရတတ်ပါတယ်။ ဒါကြောင့် အညိုရောင် Shoes တွေ Brogues တွေ စီးမယ်ဆိုရင် အပေါ်က အဝတ်အစားကို နည်းနည်း ပိုဂရုစိုက်ရပါတယ်။
အညိုရောင် Shoes စီးမယ်ဆိုရင် ဘောင်းဘီအရောင်နဲ့ ဖိနပ်နဲ့ အရောင်ချင်း ကွဲဖို့ လိုပါတယ်။ ဥပမာ- ဘောင်းဘီမီးခိုးရောင် ဒါမှမဟုတ် အနက်/ကာကီ တစ်ခုခုပေါ့။
(၃) နီညိုရင့်ရောင် Shoes

Photo: Fashion Beans
ပုံမှန်အားဖြင့် နီညိုရင့်ကာလာဟာ အညိုရောင်ကာလာနဲ့ ဆင်ပါတယ်။ မတူတာက ပိုပြီး တောက်ပထင်ရှားတာ ဖြစ်ပါတယ်။ Suits နဲ့ ဖြစ်စေ Smart Casual အဖြစ် ပွဲတက်ဖြစ်စေ ဝတ်လေ့ရှိပါတယ်။ များသောအားဖြင့် Loafer တွေမှာ နီညိုရင့် လယ်သာကာလာဟာ ကြည့်ကောင်းသလို အဝတ်အစား ကာလာအမျိုးမျိုးနဲ့လည်း တွဲဝတ်လို့ အဆင်ပြေပါတယ်။
(၄) အဖြူရောင် Shoes

Photo: Fashion Beans
အရိုးဆုံးနဲ့ အပေါ့ပါးဆုံး ကာလာထဲမှာ အဖြူရောင်က ထိပ်ဆုံးက ပါပါတယ်။ အထူးသဖြင့် ဖိနပ်ကာလာတွေမှာပေါ့။ သန့်သန့်ပြန့်ပြန့်ဖက်ရှင်ဒီဇိုင်းမျိုးမှာဆို White Shoes တွေက အကောင်းဆုံးပါပဲ။ Roll Neck နဲ့ Long-Sleeved Polo ဖက်ရှင်ကိုမှ Jeans နဲ့ ဝတ်ပြီဆိုရင် White Shoes တွေ စီးကြည့်သင့်ပါတယ်။
(၅) Colourful Trainers

Photo: Fashion Beans
Sneaker တွေမှာဆိုရင် တစ်ရောင်တည်း Unicolor စီးတာထက် ရောင်ပြေးဖောက်ထားတာတွေ အစီးများလာပါတယ်။ များသောအားဖြင့် Colourful စတိုင်ဖိနပ်တွေဟာ Casual ပွဲတွေမှာ အစီးများကြပြီး Jeans ဒါမှမဟုတ် Joggers တွေနဲ့ တွဲစီးကြပါတယ်။ Jeans နဲ့ ဆိုရင် အဖြူ/မိုးပြာ ၊ Joggers ဆိုရင် မီးခိုးရောင် / အနက်ရောင်နဲ့ နက်ပြာရောင် ၊ Chinos ဆိုရင် ကာကီနဲ့ Navy နက်ပြာကာလာတွေနဲ့ တွဲပြီး ဝတ်လေ့ရှိပါတယ်။
ဖိနပ်ကို အာရုံစိုက်စေချင်ရင် အပေါ်ပိုင်းမှာ ကာလာအဖျော့ရွေးသင့်ပြီး အောက်ပိုင်းက ဖိနပ်ထက် အပေါ်ဘက် ဖက်ရှင်ကို အသားပေးချင်ရင် အောက်က ဖိနပ်ကာလာကို Neutral ဖြစ်ဖို့ ရွေးချယ်သင့်ပါတယ်။
