Jeans တွေအကြောင်းက ပြောပြီးရင်းပြောစရာတွေ ရှိနေတာပါပဲ။ အစဉ်အဆက်ကတည်းက Jeans ဖက်ရှင်ဟာ အမျိုးသားတွေရဲ့ အကြိုက်ဆုံးနဲ့ အလိုက်ဖက်ဆုံး Dress Code ထဲမှာ ပါဝင်ပြီးသား ဖြစ်နေလို့ပါ။ အခုထိလည်း Jeans Pant တွေ ဝတ်နေကြသလို နောင်များလည်း Jeans တွေကို ကိုယ့်အဝတ်ဗီရိုမှာ တွေ့နေရဦးမှာ ဖြစ်တာကြောင့် Jeans ဘောင်းဘီနဲ့ ပတ်သက်လို့ သိသင့်ထားတာလေးတွေ မျှဝေချင်ပါတယ်။ ဒီတစ်ခါမှာတော့ အမျိုးသားတစ်ယောက်အတွက် ဘယ်တော့မှ မရိုးတဲ့ Jeans ဘောင်းဘီစတိုင်တစ်ချို့အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Slim Leg Jeans
Photo: thetrendspotter
Skinny Jeans အမျိုးအစားထဲမှာ ပါပေမယ့် ယောင်္ကျားလေးတွေအတွက် အလိုက်ဖက်ဆုံး Jeans ဖက်ရှင်ပါ။ အောက်ပိုင်းက ပုံမှန်ထက်ရှည်တဲ့ Slim Leg Jeans ဝတ်မယ်ဆိုရင် တစ်ခု သတိထားရမှာက တင်ပါးနဲ့ ပေါင်နေရာတွေ သိပ်ပွနေတာမျိုးကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ ပေါင်နဲ့ တင်ပါးအကျလည်း မှန်မှ ကြည့်ကောင်းမှာပါ။
(၂) Skinny Fit Jeans
Photo: thetrendspotter
Jeans ထဲမှာ လူငယ်ဆန်ဆန် အဝတ်အများဆုံးနဲ့ အကြိုက်တွေ့ဆုံး ဖက်ရှင်ဖြစ်ပါတယ်။ Skinny Fit Jeans ကို Smart Casual ဖက်ရှင်ဝတ်ရာမှာပါ သုံးကြပါတယ်။ အခုနောက်ပိုင်းမှာ Skinny Fit Jeans ကို ခြေထောက်ခေါက်ပြီး ဝတ်တာဟာ လူငယ်တွေအကြားမှာ ရေပန်းစားနေပါတယ်။
(၃) Straight Leg Jeans
Photo: thetrendspotter
အရင်ခေတ်တွေကတည်းက Straight Leg Jeans တွေဟာ ယောင်္ကျားအဆန်ဆုံးဖက်ရှင်အဖြစ် လက်ခံထားကြပါတယ်။ Classic Jeans လို့လည်း အသိများကြပါတယ်။ Straight Leg တွေဟာ အရမ်းပိန်တဲ့ ပုတဲ့သူတွေနဲ့ မလိုက်ပေမယ့် ပုံမှန်ကိုယ်လုံးကိုယ်ပေါက်နဲ့ အရပ်အမောင်းရှိသူတွေဝတ်လိုက်ရင် အတော့်ကို ကြည့်ကောင်းတဲ့ ဖက်ရှင်ဖြစ်ပါတယ်။
(၄) Tapered Jeans
Photo: thetrendspotter
Tapered Jeans တွေက အပါးသား Jeans ဖက်ရှင်ဖြစ်ပြီး ချုပ်သားဒီဇိုင်းဟာ Slim Leg နဲ့ Straight Leg Jeans ဖက်ရှင်နှစ်မျိုးရဲ့ ကြားဒီဇိုင်းမျိုး သုံးထားပါတယ်။ Skinny ထက် ပိုပွပြီး Straight Leg လောက်လည်း သိပ်အချောင်ကြီး မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဒီဖက်ရှင်ကို လူငယ်အရွယ်ကနေ ကျော်လာတဲ့ လူလတ်ပိုင်းတန်းမှာ အများဆုံး ဝတ်လာကြပါတယ်။