ချဲလ်ဆီးအသင်းဟာ လီဗာကူဆင် ကွင်းလယ်ဖန်တီးရှင်ဖြစ်သူ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြဖြစ်ကြောင်း Goal ကဖော်ပြထားပါတယ်။

ချဲလ်ဆီးအသင်းဟာ ဟာဗက်ဇ်အတွက် ဂျာမန်ကလပ်ကတောင်းဆိုတဲ့ တန်ကြေး ပေါင်သန်း (၉၀) ကိုပေးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ အဆိုပါ အသက် (၂၁) နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် ကနဦး ပေါင် (၇၂) သန်းပေးချေရမှာဖြစ်ပြီး ကျန်တဲ့ပြောင်းရွှေ့ကြေးတွေကိုတော့ အရစ်ကျပေးချေသွားရမှာပါ။

Source: Goal

ဂျာမန်နိုင်ငံသား ဟာဗက်ဇ်ဟာ ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက်ကခေါ်ယူဖူးတဲ့ ကစားသမားတွေထဲမှာ တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လာတော့မှာပါ။ ယခင် ချဲလ်ဆီးက ခေါ်ယူခဲ့တဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားကတော့ ဂိုးသမား ကီပါဖြစ်ပြီး (၂၀၁၈) ခုနှစ်တုန်းက ပေါင် (၇၂) သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

ဟာဗက်ဇ်ဟာ ချဲလ်ဆီးအသင်းနဲ့ သတင်းထွက်နေတာ အချိန်ကာလတစ်ခုကြာနေပါပြီ။ လီဗာကူဆင်အသင်းက သူတို့ရဲ့ကစားသမားအတွက် ကြိုတင်ငွေရယူထားချင်တာကြောင့် အပြောင်းအရွှေ့သဘောတူညီမူမရရှိဘဲ အချိန်ကြန့်ကြာနေခဲ့တာပါ။ ဒါပေမယ့် ကစားသမားဖက်က အသင်းပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေတာကြောင့် သဘောတူညီမှု အသင်းအနေနဲ့ ရောင်းချဖို့ ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။

Source: Talk Sport

ချဲလ်ဆီးအသင်းဟာ အရင်လတွေတုန်းက အေဂျက်ကစားသမား ဇီရက်စ် နဲ့ လိုက်ဇက် တိုက်စစ်မူး တီမို ဝါနာ တို့ကို ယူရို (၉၁) သန်းအသုံးပြုပြီး ခေါ်ယူထားပါတယ်။ လမ်းပက်ဟာ အသင်းရဲ့နောက်တန်းကိုလည်း အားဖြည့်တဲ့အနေနဲ့ လက်စတာအသင်းမှ ခံစစ်ကစားသမား ဘန်ချီဝဲ ကိုပေါင်သန်း (၅၀) ဖြင့်ခေါ်ယူနိူင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဘန်ချီဝဲ ရဲ့အပြောင်းအရွှေ့ဟာလည်း မကြာခင်မှာ ဖြစ်မြောက်ဖို့ရှိနေပါတယ်။

Source: Daily Mail

အခြားသတင်းတွေအရ ချဲလ်ဆီးအသင်းက PSG ခံစစ်မူး သီယာဂို ဆေးဗားကို တစ်နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ သီယာဂို ဆေးဗားဟာ PSG အသင်းသားတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်စကားပြောဆိုခဲ့ကြောင်းသိရပါတယ်။