ကျွန်တော်တို့၏ မိခင်သဘာဝကြီးသည် ထူးခြားဆန်းပြားသည့်အရာများနှင့် ပြည့်နှက်လျက်ရှိပါတယ်။ ဤကမ္ဘာမြေပေါ်တွင် မယုံကြည်နိုင်လောက်အောင် ထူးဆန်းသည့် သက်ရှိသတ္တဝါလေးများ အသက်ရှင် နေထိုင်လျက် ရှိပါတယ်။ ဒီနေ့ kwee page က ပရိသတ်အများစု မမြင်ဖူးသေးတဲ့ ထူးခြားဆန်းပြား သက်ရှိသတ္တဝါလေးတွေအကြောင်းကို ပြောပြပေးသွားမှာပါ။

The Ili Pika

Magic Rabbit လို့ တင်စားခေါ်ဝေါ်ရလောက်အောင် အင်မတန်ချစ်စဖွယ်ကောင်းသော ရှားပါးအနွယ်ဝင် ယုန်မျိုးစိပ် တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀) ခန့်က တရုတ်နိုင်ငံ တိုင်ရှန်ဒေသရှိ တောင်တန်းဒေသ တစ်ခုတွင် Ili Pika ယုန်မျိုးစိပ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူ နိုင်ခဲ့ပါတယ်။

The Pinocchio Frog

ကမ္ဘာကျော် Animation Flim ထဲမှ Pinocchio ဇာတ်ကောင် လေးသဖွယ် နှာရိုး ချွန်ရှိသော ဖားအမျိုးစားကို “Spike-Nosed Tree Frog” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်သည့် အခါတွင်ဖြစ်စေ ၊ သဘာဝဘေးအန္တရာယ် ကို ကြိုတင်သတိပေး သောအခါတွင်ဖြစ်စေ သူတို့၏ နှာရိုးသည် ပို၍ ရှည်ထွက်လာလေ့ရှိပါတယ်။

The Snub-Nosed Monkey

ကမ္ဘာ့ရှားပါးတိရိစ္ဆာန်စာရင်းတွင် ထိပ်ဆုံးကပါဝင်သည့် မျောက်-နှာလန် များကို (၂၀၁၀) ခုနှစ်တွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့၏ ထူးခြားသော နှာခေါင်းပုံစံ နှင့် မိုးရွာတိုင်း နှာချေတတ်သည့် ချစ်စဖွယ်အမူအရာများကြောင့် ထင်ရှားလာပြီး ရှားပါးအနွယ်ဝင် သက်ရှိမျိုးစိပ် တစ်ခုဖြစ်ပါတယ်။

Honduran White Bats

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းဒေသတွင် Honduran အမည်ရှိသည့် လင်းနို့ဖြူများသည် Heliconia သစ်ရွက်များကို အသိုက်ပြု၍ နေထိုင်ကြပြီး အစာအာဟာရအဖြစ် သစ်သီး၊သစ်ဖု များ စားသောက်ကာ (၁.၅) လက်မ အရွယ်အထိသာ ကြီးထွားဖွံ့ဖြိုးနိုင်ပါတယ်။

The Grimpoteuthis (Aka Dumbo Octupus )

ပင်လယ်ရေအောက် အနက်ရှိုင်းဆုံး တစ်နေရာတွင် အသက်ရှင်နေထိုင် ကြပါတယ်။ ရေဘဝဲ၏ လက်တံများသည် Disney ဇာတ်ကားထဲမှ Dumbo ဆင်ကလေး၏ နားရွက်လေးများနှင့် ဆင်တူသည်ကို အစွဲပြု၍ Dumbo Octupus ဟု တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။။

The Salps

ကျောရိုးမဲ့ ရေသတ္တဝါလေးများဖြစ်သည့် Salps – မီးလင်း ကင်းမွန် များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အစာအာဟာရအဖြစ် မှီဝဲပြီး ရှင်သန်နေထိုင်ကြပါတယ်။ ရေထုနှင့် လေထု ထဲတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ကို လျော့ချပေးသည့် ဤရေသတ္တဝါလေးများကို ကျွန်တော်တို့ ကျေးဇူးတင်သင့်ပါတယ်။

The Cherax Pulcher

အလွန်ကိုမှလှပဆန်းကြယ်သည့် အသွေးအရောင်ရှိသည့် ဂဏန်းများကို လွန်ခဲ့သောနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

The Albino Chinese Softshell Turtle

ထူးခြားအဖြူရောင်ရှိတဲ့ တရုတ်ပင်လယ်လိပ်များသည် အခွံပျော့ပြီး လည်တံရှည်ကာ ပြွန်ပုံစံရှိတဲ့ နှားခေါင်းဖြင့် ရေအောက်တွင် အသက်ရှုကြပါတယ်။

The Amazon River Dolphin

အမေဇုန်ဒေသတွင် ပန်းရောင် အရောင်အသွေး ရှိသည့် လင်းပိုင် များသည် မွေးခါစတွင် မီးခိုးဖျော့ရောင် ရှိကြသော်လည်း အရွယ်ရောက်လာလေ ပန်းရောင် ပြောင်းလာတတ်ကြပါတယ်။ သူတို့သည် လူတွေနှင့် မယဉ်ပါးသောကြောင့် သူတို့ကို ထိန်းချုပ်သင်ပြရန်မလွယ်ကူပါ။ ထိုကြောင့် သူတို့ကို ထိန်းချုပ်နိုင်ရန် အကန့်အသတ်များရှိပါတယ်။

Source: Bright Side