သားသမီး အကြီးတွေဟာ သူတို့ရဲ့ဘဝကို သူတို့ရဲ့မိဘ တွေ သူတို့ရဲ့ မောင်နှမတွေတွက် ပေးဆပ်ထားတတ်ကြပါတယ်။ သူတို့ဟာ သူတို့ ချစ်တဲ့သူတွေတွက်လဲ အမြဲအဆင်သင့်ရှိနေပေးတတ်ကြပါတယ်။

သင်မတွေ့ကြုံဖူးတဲ့ ဘဝ သင်ခန်းစာတွေကို သင်ကြားပေးသူ

သင့်မှာ ပထမဆုံး အကြိမ် ကလေးရလာတယ်ဆိုပါစို့။ ကလေးတဖက် အလုပ်တဖက်နဲ့ ဘဝက အများကြီး ပြောင်းလဲသွားခဲ့ပြီ။ ဒီအချိန်မှာ  ကလေးတယောက် ကြီးပြင်လာဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို သင့် သားသမီးအကြီးဆုံးက သင့်ကို သင်ပေးပါလိမ့်မယ်။

သူတို့တွေဟာ အရွယ်ရောက်မြန်ကြတယ်

အကြီးဆုံး ကလေးတွေဟာ အသက်ငယ်ပေမယ့် သူတို့အောက်အငယ်တွေရှိလာတဲ့အခါမှာတော့ အလိုလိုနေရင်း အကြီးဆိုတဲ့စိတ်ဝင်လာပြီး တာဝန်ယူတတ်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။

အခြားကလေးတွေထက် အတွေးအခေါ်ကောင်းခြင်း

မိသားစုတခုမှာ အကြီးတွေက အငယ်တွေကို ဆုံးမတတ်ကြတယ်။ လမ်းကြောင်းမှန်အောင်ပြုပြင်ပေးတတ်ကြတယ်။ တခါတရံ မိဘတွေအတွက်လဲ အားကိုးရတဲ့ တိုင်ပင်ဖော်တွေ ဖြစ်ကြပြီးတော့ အကြံကောင်းတွေ ပေးတတ်တဲ့ သူတွေလဲ ဖြစ်ကြပါတယ်။

အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ခြင်း

အကြီးဆုံးကလေူတွေမှာ သူငယ်ချင်းတွေနဲ့ကစားဖို့ သူတို့ လုပ်ချင်တာတွေ လုပ်ဖို့ ဆိုပြီးကိုယ်ပိုင်အားလပ်ချိန်တော်တော်ရှားကြပါတယ်။ သူတို့အချိန်အများစုကို အငယ်တွေအတွက် ပေးဆပ်ထားတတ်ကြလို့ဘဲဖြစ်ပါတယ်။

အကောင်းဆုံးသော အဖော်မွန်

အမေ တယောက်ရယ်လို့ဖြစ်လာရင် အိမ်မှုကိစ္စ အလုပ်တဖက်နဲ့ သားရေးသမီးရေးတွေနဲ့ အလွန်အလုပ်ရှုပ်ပါတယ်။ ဒီလိုအချိန်မှာ အကြီးဆုံးသားသမီးတွေက တကယ့် အားကိုးဖွယ် အဖော်မွန်တွေဖြစ်လာတက်ပါတယ်။

Source: Bright Side