သကြားပမာဏ အများကြီးပါဝင်တဲ့ အချိုရည်တွေကို နေ့စဉ် ပုံမှန် သောက်ခြင်း က ကောင်းတဲ့အလေ့အကျင့်တစ်ခု မဟုတ်ပါဘူး။ WHO အဖွဲ့အစည်းကြီး က လူတစ်ဉီးသည် တစ်နေ့ကို သကြား (၂၅) ဂရမ် သို့ လက်ဖက်ရည်းဇွန်းနဲ့ (၆) ဇွန်း ခန့်သာစားသုံးသင့်ကြောင့် သတိပေးထားပါတယ်။ အမြှပ်ထသော အချိုရည် သံဗူး ထဲတွင် လူတစ်ယောက် တစ်နေ့တာ လိုအပ်သည့် သကြားဓာတ် ပမာဏ ထက် ကျော်လွန် ပါရှိနေပါသည်။

အချိုစားသုံးမူများခြင်းဟာ အဝလွန်ခြင်းကိုဖြစ်စေနိုင်သလို၊ သွားကျန်းမာရေး၊ နှလုံးကျန်းမာရေးကို ထိခိုက်စေရုံသာမက ဆီးချိုဖြစ်နိုင်ချေကိုလည်း မြင့်မားစေပါတယ်။ သကြားပါဝင်မှုနှုန်းများတဲ့ အချိုရည်တွေကို သောက်မယ့်အစား သဘာဝ သစ်သီးတွေနဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကို သောက်သုံးပေးခြင်းက ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

ဒီနေ့ kwee page က ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ လွယ်ကူစွာပြုလုပ်သောက်သုံးနိုင်တဲ့ ဖျော်ရည်ပြုလုပ်နည်းလေးတွေကို မျှဝေပေးသွားမှာပါ။

စတော်ဘယ်ရီ ၊ သံပရာသီး ၊ သခွားသီး နှင့် ပူစီနံ

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး နှင့် သခွားသီး ကို တစ်ခွက်စာ ပါးပါးလှီးထားပါ။
  • သံပုရာသီး (၂) စိတ် စိတ်ထားပါ။
  • ပူစီနံရွတ် အနည်းငယ်ကိုကြိတ်ထားပါ။
  • ရေသန့် နှင့် ရေခဲတုံး

ပြုလုပ်ပုံ

ရေကရားတစ်ဝက်ထိ လှီးချွတ်ထားပြီးသော စတော်ဘယ်ရီ ၊ သခွား သီး နှင့် သံပုရာသီး ကို ညှစ်ပြီး ရေခဲပါ ရောထည့်လိုက်ပါ။ အနံအရသာ အတွက် ကြိတ်ချေထားသော ပူစီနံ ကို ပေါင်းထည့်လိုက်ပြီး ရေထပ်ထည့်လိုက်ပါ ။ အနည်း ဆုံး (၁၀) မိနစ် အအေးခံထားခြင်းဖြင့် Detox Water ကို သောက်သုံးနိုင်ပါပြီ။

စတော်ဘယ်ရီ၊ သံပုယိုသီး နှင့် ပင်စိမ်း

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး ၄လုံး မှ ၆လုံး ပါဝင်ပြီး ၄ပုံ/၁ပုံ ကို အခွံချွတ်ပါ။
  • သံပုယိုသီး ၁ခြမ်း ။
  • လုံးချေထားသော ပင်စိမ်း အနည်းငယ် တစ်ဆုပ်စာ။
  • ရေအေး နှင့် ရေခဲ

ပြုလုပ်ပုံ

အသင့်ပြုလုပ်ထားပြီးသော အသီးနှင့် ရေခဲများ ကို ရေကရားထဲသို့ ထည့်ပါ။ အနံ့အရသာ အတွက် လုံးချေထားပြီးသား ပင်စိမ်းထပ်ထည့်ပါ။ အနည်းဆုံး (၁) နာရီကြာ နှပ်ထားပါ။ အချိန်မရဘူး ဆိုရင် အနံအရသာ ချက်ချင်း အချဉ်ဖောက်ဖို့ အတွက် အသီးလေးတွေကို ခက်ရင်း နှင့် လိုက်ဖောက်ထားပါ။

လိမ္မော်သီး နှင့် ပူစီနံ

ပါဝင်ပစ္စည်း

  • အခွံနွှားပြီး သား လိမ္မော်သီး (၂) လုံး။
  • ဘယ်ရီသီး လက်တစ်ဆုပ်စာ။
  • ရေသန့် နှင့် ရေခဲ။

ပြုလုပ်ပုံ

အသင့်ပြုလုပ်ထားပြီးသော အသီးအားလုံးကို ရောပြီး ရေကရားထဲသို့ထည့်ပါ ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ (၂) နာရီ (သို့) တစ်ညတာ နှပ်ထားပါ။ အရသာခပ်ပြင်းပြင်းလေး နဲ့ ဘလူးဘယ်ရီ အရောနှော အရသာလေး ကို သောက်သုံးနိုင်ပါပြီ။

ဖရဲသီး နှင့် ပူစီနံ

ပါဝင်ပစ္စည်းများ

  • ဖရဲသီး လှီးပြီးသား ပန်းကန်လုံး (၂) လုံးစာ။
  • ပပူစီနံ လက်တစ်ဆုပ်စာ။
  • ရေအေး နှင့် ရေခဲ ။

ပြုလုပ်ပုံ

ရေကရား ထဲသို့ ရေဖြည့်ပြီး အသင့်ပြုလုပ်ထားသော ဖရဲသီး ၊ ပူဒီနံ ၊ ရေခဲတို့ကို ရောထည့်လိုက်ပါ။ အသီးတွေကို (၂) နာရီ မှ (၈) နာရီကြာ အောင်အအေးခံပြီးနှပ်ထားပါ။ အနံ့အရသာ နှင့် အချို အတွက် အသီးများ လိုသလို ထပ်ထည့်နိုင်ပါတယ်။

လိမ္မော်သီး နှင့် သခွားသီး

ပါဝင်ပစ္စည်းများ

  • အခွံနွှာပြီး လိမ္မော်သီး ၂လုံး။
  • လှီးထားပြီးသား သံပုယိုသီး ၁လုံး။
  • သခွားသီး တစ်ခြမ်း ။
  • ပူဒီနံ လက်တစ်ဆုပ်စာ။
  • ရေအေး နှင့် ရေခဲ ။

ပြုလုပ်ပုံ

အသင့်ပြုလုပ်ထားသော အသီး များ ကို ရေကရားထဲသို့ ထည့်ပါ ။ အနံ့အရသာအတွက် အသီး နှင့် အရွက်များ လိုအပ်သလို သုံးနိုင်ပါတယ်။ ကြိတ်ချေထားပြီးသား ပူစီနံကို ထပ်ထည့်ပြီး ရောမွှေလိုက်ပါ။

Source: Bright Side