ကျန်းမာရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူ Caleb Backe ဟာ (၂၀၁၇) ခုနှစ်မှာ လေ့လာမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလေ့လာမှုကတော့ လူတွေရဲ့ လမ်းလျှောက်တဲ့ပုံစံ နဲ့ အမြန်နှုန်းကို ကြည့်ပြီး သူတို့ရဲ့ ပင်ကိုယ်စရိုက်ကို အနီးစပ်ဆုံး ခန့်မှန်ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှုထဲမှာ ပင်ကိုယ်စရိုက် (၅) မျိုးအကြောင်းကို တွေ့ရှိခဲ့ပါတယ်။

ဒီနေ့ kwee page က ဘယ်လိုလမ်းလျှောက်တက်တဲ့သူက ဘယ်လိုပင်ကိုယ်စရိုက်မျိုးတွေ ပိုင်ဆိုင်ထားကြလဲဆိုတာကို ပြောပြပေးသွားမှာပါ။

စီမံခန့်ခွဲသူ

သင်က စီမံခန့်ခွဲသူ တစ်ယောက်ဖြစ်လျှင် ခြေလှမ်း ခပ်ကျဲကျဲ နှင့် တက်ကြွ မြန်ဆန်စွာ လမ်းလျှောက်တတ်သူ ဖြစ်ပါတယ်။ စိတ်ကူးအတွေး အာရုံတွင် စွဲငြိလျက် ခေါင်းမော့ ၊ ရင်ကော့ ပြီး ယုံကြည်မှုရှိရှိ နှင့် လမ်းလျှောက်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ တစ်စုံတစ်ဦးနှင့် ပဋိပက္ခ ဖြစ်လျှင်တောင် စိတ်ထဲမထားတတ်ကြပါဘူး။ မိမိပန်းတိုင်သို့သာ တည့်တည့်မတ်မတ် လျှောက်လှမ်းချင်သူ တစ်ယောက်ဖြစ်ပြီး ပြဿနာတစ်ခုကို ကိုင်တွယ် ဖြေရှင်းရာတွင်လည်း အတော်ဆုံးသူများ ဖြစ်ကြပါတယ်။

အမှားပြင်သူ

သင်က အမှားပြင်သူ တစ်ယောက်ဖြစ်လျှင် မင်းလမ်းလျှောက်တဲ့ အခါတိုင်း ခေါင်းငိုက်စိုက်ကျပြီး မြေကြီးပဲ ကြည့်ပြီးလမ်းလျှောက်တက်ပါတယ်။ ပုံမှန်အားဖြင့် သူတို့တွေဟာ ရှက်ကြောက်စိတ်များတဲ့အတွက်ကြောင့် သူတို့ဘေးနားကလူတွေကိုတောင် မျက်လုံးခြင်းဆုံအောင်မကြည့်ရဲကြပါဘူး။

နိုင်ငံရေးသမား

ခေါင်းမော့ ရင်ကော့ ပုခုံးလျောလျော ကိုယ်ဟန်အနေအထားရှိပြီး အားမာန်အပြည့် သက်ဝင်လှုပ်ရှား တက်ကြွနေသော ခြေလှမ်းတွေနဲ့ လမ်းလျှောက်တက်တယ်ဆိုရင် သင်ဟာနိုင်ငံရေးသမားတစ်ယောက် ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်ပြီး အတွေ့အကြုံ အသစ်များကို သင်ယူလေ့လာရန် စိတ်အားထက်သန်သူဖြစ်ပါတယ်။ သို့ပေမယ့် လွယ်လွယ်ကူကူ နဲ့ ပျင်းရိငြီးငွေ့တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတစ်ယောက်ပါ။

စိုးရိမ်ကြောင့်ကျလွယ်သူ (ပူပင်သောကကြီးသူ)

ပူပင်သောကကြီးသူ တွေဟာ များသောအားဖြင့် သတိရှိစွာ ခြေလှမ်း လေးလေးပင်ပင် လျှောက်တတ်ကြပါတယ်။ သို့သော် သူတို့ ခြေလှမ်းကျဲကျဲ လျှောက်သောအခါတွင်လည်း ခြေတိုက်ယှက်တိုက် လျှောက်တတ်သူတွေ ဖြစ်ပါတယ်။ လမ်းလျှောက် တဲ့ အခါ မြေကြီး ကြည့် လျှောက်တတ်သူတွေ ဖြစ်ပြီး မျက်လုံးအကြည့်မှာ မတည်ငြိမ် နေမထိထိုင်မသာ ဖြစ်နေတက်ပါတယ်။

တည်ငြိမ် အေးဆေးသူ

ခြေးလှမ်းတွေ ဖြေးဖြေးမှန်မှန် ပေါ့ပေါ့ပါးပါး လမ်းလျှောက် တတ်သူဆိုရင်တော့ သင်ဟာ တည်ငြိမ်အေးဆေးသူတစ်ယောက်လို့ဆိုနိုင်ပါတယ်။ လန်းဆန်းတက်ကြွနေတက်ပြီး ပွပွချောင်ချောင် ဝတ်ဆင်ရခြင်းကို ကြိုက်နှစ်သက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သင်ရဲ့ ပုံစံက ငယ်ရွယ်တက်ကြွပုံပေါက်ပြီး တစ်ခါတစ်လေ တစ်ခြားသူများ နဲ့ စကားအပြန်အလှန် ဆွေးနွေးနိုင်သူတွေလည်း ဖြစ်ပါတယ်။ အခြားလူတွေရဲ့ ကိစ္စတွေကို ကိုယ့်အရေးထက် ပိုပြီးစိတ်ဝင်စားသူ ဖြစ်တယ်။ အရာရာသိလို တတ်လို စိတ် ရှိကြသူတွေဖြစ်ပေမယ့် ပုံစံကြည့်လိုက်ရင် အပျင်းထူတတ်သူလေးတွေ ဖြစ်ပြီး လွယ်လွယ်ကူကူ လွှမ်းမိုးလို့ရသူ တွေလည်း ဖြစ်ပါတယ်။

Source: Bright Side