မက်ဆီကို ခေါ်ယူဖို့ ပြင်ဆင်လာနိုင်တဲ့ မန်ယူ

Source: Goal.com
မက်ဆီအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ ဖြစ်လာနိူင်သလား။ မန်ယူ နဲ့ PSG နှစ်သင်းစလုံးဟာ မက်ဆီကို ခေါ်ယူဖို့အတွက် ပြင်ဆင်လာနိူင်တယ်လို့ Sport ကသုံးသပ်ထားပါတယ်။
ဘာစီလိုနာကြယ်ပွင့် မက်ဆီဟာ အသင်းကနေထွက်ခွာခွင့်ရဖို့အတွက် တောင်းဆိုထားတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ မက်ဆီကိုခေါ်ယူဖို့ အသင်းကြီးတွေတော်တော်များများ မျက်စိကျနေတဲ့အချိန်မှာ မန်ယူနဲ့ PSG အသင်းတို့လည်း ပါဝင်လာခဲ့ပါတယ်။
လာကာဇက်ကို ခေါ်ယူနိူင်ဖို့ အက်တလန်တီကိုမက်ဒရစ်အသင်း မျှော်လင့်နေဆဲ

Source: The world news platform
စပိန်ကလပ် အက်တလန်တီကိုမက်ဒရစ်အသင်းဟာ အာဆင်နယ်တိုက်စစ်မူးတစ်ဦးဖြစ်သူ လာကာဇက် ကိုခေါ်ယူနိူင်ဖို့အတွက် ကြိုးစားနေဆဲဖြစ်ကြောင်း Marca ကဖော်ပြထားပါတယ်။
အက်တလန်တီကိုမက်ဒရစ်အသင်းဟာ လာကာဇက်ရဲ့ပြောင်းရွှေ့ကြေး တစ်စိတ်တစ်ပိုင်းအဖြစ် အသင်းမှ သောမက်စ် လာမာ၊ အိန်ဂျယ် ကောရီးရား (သို့) ဗီတိုလို တစ်ယောက်ယောက်ကို အလိုက်ပေးကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ အဆင်နယ်အသင်းက အက်တလန်တီကို ရဲ့ကနဦးကမ်းလှမ်းမူကို ပယ်ချခဲ့ပေမယ့်လည်း အက်တလန်တီကို တာဝန်ရှိသူတွေကတော့ လာမယ့် (၂၀၂၀-၂၀၂၁) ဘောလုံးရာသီတွင် လာကာဇက်ကို ခေါ်ယူနိူင်မယ်လို့ မျှော်လင့်နေကြပါတယ်။
မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားဖို့ ပြင်ဆင်နေတဲ့ ဆွာရက်ဇ်

Source: Daily Mail
ဘာစီလိုနာတိုက်စစ်မူး ဆွာရက်ဇ်ဟာ မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
ဆွာရက်ဇ်ဟာ ဒေးဗစ်ဘက်ခမ်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်အာမီ အသင်းနဲ့ ဆွေးနွေးမူတွေ ပြုလုပ်နေကြောင်း The Independent ရဲ့ဖော်ပြချက်အရသိရပါတယ်။
ဆွာရက်ဇ်ဟာ ဘာစီလိုနာက သူ့ကိုအလိုမရှိတော့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဥရောပမှာ ဆက်လတ် ကစားချင်ပေမယ့် US ကိုကစားဖို့လည်း တံခါးဖွင့်ထားတယ်လို့ သူကပြောသွားပါသေးတယ်။
ဆွာရက်ဇ်ဟာ လက်ရှိ ဘာစီလိုနာအသင်းမှာ တစ်ပက်လုပ်ခအဖြစ် ယူရို (၄၅၀၀၀၀) ရရှိနေပေမယ့် မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားမယ်ဆိုရင် လစာလျှော့ယူရဖွယ်ရှိနေပါတယ်။
အဲဗာတန်သို့ ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ James Rodriguez

Source: Talk Sport
ရီးရဲမက်ဒရစ်မှာ ပွဲကစားခွင့် ပျောက်ဆုံးနေတဲ့ ကိုလံဘီယာ နိူင်ငံသား James Rodriguez ကိုအင်္ဂလန်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါပြီ။
The Telegraph ရဲ့ဖော်ပြချက်အရတော့ အဆိုပါ ရီးရဲတိုက်စစ်မူးကို အဲဗာတန်က ခေါ်ယူဖို့ နီးစပ်နေကြောင်း သိရပါတယ်။
အဲဗာတန်အသင်းတာဝန်ရှိသူတွေက James အတွက်ကမ်းလှမ်းမူပြုလုပ်ခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းကြားဆွေးနွေးမူဟာလည်း အပေါင်းလက္ခဏာ ဆောင်နေကြောင်းသိရပါတယ်။
အဲဗာတန်နည်းပြ အန်ဆဲလောတီဟာ James ကို ဘေယန်မြူးနစ် နဲ့ ရီးရဲမက်ဒရစ်အသင်းတို့မှာ နည်းပြခဲ့ဖူးပါတယ်။
