လူအများစုဟာ စွန့်လွှတ်မှုများတဲ့အတွက် အိပ်မက်ကြီးကြီး မက်ဖို့ မဝံ့ရဲကြပါဘူး။ တကယ်လည်း Big Dream တွေဟာ စွန့်စားမှုတွေ ဘေးအန္တရာယ်တွေ အများကြီးကို ဖြတ်သန်းပြီးမှ ရောက်တဲ့ခရီးကြမ်းဖြစ်နေပါတယ်။ အထူးသဖြင့် အိပ်မက်ကြီးကြီးနောက် လိုက်ကြတဲ့ လူတွေဟာ အခုပြောမယ့် Risk ၄ မျိုးကို မကြုံတဲ့သူ ရှားပါလိမ့်မယ်။

(၁) Relationship Risk

Photo: Freepik

ကိုယ့်ရဲ့ အကြီးစားအိပ်မက်တွေကို အကောင်အထည်ဖော်ချိန်မှာ တစ်ချို့လူတွေအတွက် အချိန်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ သင်ချစ်တဲ့ မိတ်ဆွေနဲ့ ချစ်သူတွေနဲ့ အတူတူ ပျော်ပျော်ကြီးနေနိုင်တဲ့ အချိန်တွေကို အိပ်မက်တွေ ထုဆစ်နေတဲ့ အချိန်တွေက တိုက်စားလုယူသွားပါလိမ့်မယ်။ ဒီလိုနဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးသွားတာမျိုး ကြုံနိုင်ပါတယ်။

(၂) Health Risks

Photo: Freepik

သာမန်လူတစ်ယောက်ဟာ တစ်ညကို ၈ နာရီ ၉ နာရီ စိတ်ကြိုက်အိပ်စက်နိုင်ပေမယ့် အောင်မြင်ချင်လို့ တွန်းကြိုးစားနေသူဟာ အိပ်ရေးဝဝ အိပ်ချင်မှ အိပ်ရပါမယ်။ တစ်ခါတစ်လေမှာ ၃-၄ နာရီပဲ အိပ်ရပြီး တစ်ချို့ညတွေမှာ မိုးအလင်းပေါက် အလုပ်နဲ့ နပန်းလုံးရင်း ပြီးသွားတာလည်း ရှိနိုင်ပါတယ်။ဒီလိုနဲ့ ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။

(၃) Financial Risks

Photo: Freepik

ကိုယ်မျှော်လင့်ယုံကြည်တဲ့ ဘဝတစ်ခုဆီ စိတ်နှစ်ပြီး ခရီးနှင်နေချိန်မှာ အခက်အခဲတွေ အများကြီး ကြုံလာနိုင်ပါတယ်။ ဒီထဲက တစ်ခုကတော့ ငွေကြေးချို့တဲ့အဆင်မပြေတာတွေလည်း တွေ့လာနိုင်ပါတယ်။ ကိုယ့်အနာဂါတ်အတွက် အနစ်နာခံ မြှပ်နှံကြိုးစားနေတာ ဖြစ်လို့ ကြေးပိုက်ဆံအလွန်ရှားတဲ့ ကာလများလည်း ကြုံဖြစ်အောင် ကြုံပါလိမ့်မယ်။

(၄) Emotional Risks

Photo: Freepik

Big Dream တွေ လိုက်ဖမ်းနေသူတွေဟာ အဝေးတစ်နေရာက သူတို့ရဲ့ အနာဂါတ်နဲ့ လက်ရှိအခြေအနေနှစ်ရပ်ရဲ့ ချောက်နက်ကြီးတမျှ ကွာခြားလှတဲ့ အဟ Gap ကြီးကို နေ့စဉ် ဖြတ်သန်းနေရတာပါ။ ဒါ့ကြောင့်ပဲ အမြဲလိုလို စိတ်ပင်ပန်း မွန်းကြပ်နေရပြီး သောကတွေနဲ့ အိပ်ပျက်ညတွေ ကြုံနေရနိုင်ပါတယ်။
ပြောခဲ့တာတွေ ချုပ်ရရင် သင်ဟာ Big Dreamer တစ်ယောက်ဖြစ်ရင် ဒီ Risk တွေအတွက် အသင့်ပြင်ထားပါ။ ဘဝမှာ ပြောင်ပြောင်မြောက်မြောက် ပုံဖော်ခဲ့သူတွေဟာ ဒီလို အခက်အခဲနဲ့ စွန့်စားခြင်းတွေကို ကျော်ဖြတ်ခဲ့ရလို့ ဖြစ်ပါတယ်။