အရက်သောက်တဲ့အခါ ကိုယ်သောက်နိုင်တဲ့ Limit ထက်ပိုသွားရင် Hangover ဖြစ်ခြင်းလို့ဆိုတဲ့ အရက်နာကျခြင်းဝေဒနာကို ဆိုးဆိုးရွှားရွှားခံစားရစေတက်ပါတယ်။ ခေါင်းကိုက်ခြင်း ပျို့ချင်ခြင်း မူးဝေခြင်း ရေငတ်ခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းစတဲ့ လက္ခဏာတွေဟာ အရက်နာကျခြင်းရဲ့ လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ဒီလိုအရက်နာကျတဲ့ ဝေဒနာတွေမခံစားရစေဖို့ ကွီးတို့သိထားသင့်တဲ့ နည်းလမ်းကောင်းတချို့ကိုမျှဝေပေးချင်ပါတယ်။

(၁) ကောင်းကောင်းအိပ်စက်အနားယူပါ

Source : Runtastic

Hangover ဖြစ်ခြင်းကိုသက်သာစေဖို့ဆိုရင် ခန္ဓာကိုယ်ကို ကောင်းစွာအိပ်စက်အနားယူပေးဖို့က အရမ်းကိုအရေးကြီးပါတယ်။ အိပ်ရေးဝဝအိပ်စက်အနားယူလိုက်မှလည်း ခန္ဓာကိုယ်က ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်ပြီး ခေါင်းမူးခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း အားအင်ကုန်ခမ်းခြင်းစတဲ့ ဝေဒနာတွေကို တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်သောက်တာများသွားတဲ့နေ့တွေဆို ပိုအိပ်လိုက်ပါ။

(၂) ရေဓာတ်ဖြည့်ပါ

Source : ThoughtCo

အရက်သောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေကိုဆုံးရှုံးစေနိုင်တာကြောင့် အားအင်ကုန်ခမ်းခြင်း မောပန်းခြင်း ပျို့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရစေတာဖြစ်ပါတယ်။ အရက်အလွန်အကျွံသောက်မိပြီးနောက် အနာကျခြင်းကိုဆိုးဆိုးရွှားရွှားမခံစားရစေဖို့ ခန္ဓာကိုယ်မှကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကိုပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်တာဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့လိုပါလိမ့်မယ်။

(၃) အဟာရရှိတဲ့မနက်စာစားပါ

Source : ThoughtCo

အဟာရပြည့်ဝတဲ့ မနက်စာက အရက်နာကျခြင်းဝေဒနာကိုကုစားပေးနိုင်မယ့် အထိရောက်ဆုံးသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။ မနက်စာကောင်းကောင်းစားပေးခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်များနှင့် ဓာတ်သတ္တုများထောက်ပံ့ပေးပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတာကြောင့် ပျို့အန်ခြင်း ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်းတွေကို သက်သာစေနိုင်မှာဖြစ်ပါတယ်။  ဒါကြောင့်ညကသောက်တာများသွားရင် နောက်နေ့မနက်မှာ အဟာရရှိတဲ့မနက်စားကိုမဖြစ်မနေစားပေးသင့်ပါတယ်။

(၄) ကော်ဖီသောက်ပါ

Source : Freepik

ကဖိန်းဓာတ်က အရက်နာကျခြင်းကိုသက်သာစေဖို့အကောင်းဆုံး ကူညီပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အရက်နာကျတဲ့အခါ ကော်ဖီပူပူလေးတစ်ခွက်သောက်လိုက်တာက အနာကျခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သက်သာစေမှာဖြစ်ပါတယ်။ သို့သော်ကော်ဖီသောက်ခြင်းက မကြာခဏဆီးသွားစေပြီး ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေနိုင်တာကြောင့် အများကြီးသောက်သုံးဖို့တော့ မသင့်တော်ပါဘူး။