ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ချွေးနံ့ဆိုးတွေဟာ ဘေးပတ်ဝန်ကျင်ကလူတွေသာမက ကိုယ်တိုင်လည်း စိတ်အနှောက်ယှက်ဖြစ်ရပါတယ်။ လူကြားထဲသွားလာနေသူတွေအတွက်တော့ ချွေးနံ့ဆိုးထွက်ခြင်းက ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးစေတဲ့ အဓိကအချက်တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ချွေးနံ့ဆိုးတွေကို ပျောက်ကင်းသက်သာစေမယ့် ပစ္စည်းတွေအကြောင်းမျှဝေပေးချင်ပါတယ်။
(၁) လက်သန့်ဆေးရည်

Source : USATODAY.com
Hand Sanitizer လို့ခေါ်တဲ့ လက်သန့်ဆေးရည်တွေမှာ အယ်ကိုဟောပါဝင်တာကြောင့် အရေပြားမျက်နှာပြင်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်ပြီး ချွေးနံ့ဆိုးတွေကိုသက်သာစေပါတယ်။ သတိထားရမှာတစ်ခုက လက်သန့်ဆေးရည်ကို လူကြားထဲ သို့မဟုတ် အလုပ်ထဲမှာ ချွေးနံ့တွေတအားထွက်လာလို့ အရေးပေါ်အနေနဲ့ တစ်တခါတလေသုံးတာပဲကောင်းပါတယ်။ ရေရှည်စွဲသုံးရင်တော့ အရေပြားခြောက်သွေ့ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။
(၂) သံပုရာသီး

Source : eMediHealth
သံပုရာသီးမှာရှိတဲ့ ဆီထရစ်အက်စစ်ဓာတ်က ဘက်တီးရီးယားပိုးမွှားတွေကိုဖယ်ရှားသန့်စင်ပေးပြီး ခန္ဓာကိုယ်အနံ့အသက်များကို ပျောက်ကင်းသက်သာနိုင်စွမ်းရှိပါတယ်။ သံပုရာသီးကို ထက်ခြမ်းလှီးပြီး ချွေးနံ့ဆိုးတွေထွက်ပေါ်စေတက်တဲ့ ချိုင်းခြားတဝိုက်လိုနေရာတွေကို ညင်သာစွာပွတ်ပေးပါ။ အနံ့ဆိုးတွေပျောက်ကင်းသက်သာသွားမှာဖြစ်ပါတယ်။
(၃) ဝက်ခြံပျောက်စေတဲ့ဆပ်ပြာ

Source : MUNDO FASHION
များသောအားဖြင့် ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေမှာ မျက်နှာအရေပြားပေါ်က ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေပါရှိတာကြောင့် ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားပိုးတွေကိုလည်း ဖယ်ရှားပေးပြီး ချွေးနံ့သက်သာအောင်ကူညီပေးနိုင်ပါတယ်။ ချွေးနံ့ပျောက်ဆေးအလွယ်တကူမရှိဘူးဆိုရင် ဝက်ခြံပျောက်စေတဲ့ ဆပ်ပြာနဲ့ ချိုင်းကြားလိုနေရာတွေကို ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။
(၄) ရှားစောင်းလက်ပတ်ဂျယ်

Source : Tabloidbintang
ချွေးနံ့ဆိုးတွေကိုသက်သာစေမယ့်နောက်ထပ်ပစ္စည်းတစ်ခုကတော့ ရှားစောင်းလက်ပတ်ဂျယ်ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်က အသားအရေကိုရေဓာတ်ပြည့်ဝစေပြီး ဘက်တီးရီးယားသေစေတဲ့ အာနိသင်တွေလည်းပါရှိတာကြောင့် ချိုင်ကြားတစ်ဝိုက်လိမ်းထားမယ်ဆိုရင် ချိုင်းကြားအသားအရေကိုအေးမြလန်းဆန်းစေကာ ချွေးနံ့ဆိုးထွက်ခြင်းကိုလည်းသက်သာစေမှာဖြစ်ပါတယ်။
