စာဖတ်သူဟာ ဝိတ်ချဖို့ ပြင်ဆင်နေသူတစ်ယောက်လား။ သင်ရဲ့ မနက်ခင်း လုပ်ရိုးလုပ်စဉ်အနည်းငယ်ကိုပြောင်းလဲခြင်းက ကိုယ်အလေးချိန်ကျစေခြင်းအတွက် အထောက်အကူဖြစ်စေတယ်ဆိုတာရောသိပါသလား။ ဒီဆောင်းပါးလေးမှာတော့ ဝိတ်ကျချင်သူတွေလိုက်နာသင့်တဲ့ မနက်ခင်းအလေ့အကျင့်ကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ပရိုတင်းဓာတ်မြင့်မားတဲ့ မနက်စာစားပါ

Source : Shutterstock

ဝိတ်ချနေသူတွေအတွက် မနက်စာကအရမ်းကိုအရေးကြီးပါတယ်။ မနက်ခင်းမှာ ပရိုတင်း ဓာတ်မြင့်မားစွာပါဝင်တဲ့ မနက်စာစားခြင်းဟာ တနေ့တာလုံးအစားစားချင်စိတ်ကိုလျော့နည်းစေပြီး ကိုယ်အလေးချိန်ကျစေဖို့ကူညီပေးပါတယ်။ အသား ကြက်ဥ ပဲအမျိုးမျိုး ဂရိဒိန်ချဉ်စတဲ့ အစားအစားတွေဟာ ပရိုတင်းဓာတ်မြင့်မားတဲ့အစားအစားတွေဖြစ်ပါတယ်။

(၂) ရေများများသောက်ပါ

Source : Analyte Guru

သင်ရဲ့ မနက်ခင်းကို ရေဖန်ခွက်နှစ်ခွက်လောက်သောက်ခြင်းဖြင့်စတင်တာဟာ ကိုယ်အလေးချိန်လျော့ချရန်အတွက် လွယ်ကူရိုးရှင်းသော နည်းလမ်းဖြစ်ပါတယ်။ ရေသောက်ခြင်းက ခန္ဓာကိုယ်စွမ်းအင်တွေကိုတိုးစေပြီး ကယ်လိုရီလောင်ကျွမ်းဖို့အတွက်လည်း ကူညီပေးတာကြောင့် မနက်ခင်းမှာ ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

(၃) နေရောင်ခြည်ထိတွေ့ပါ

Source : Men’s Health

မနက်ခင်းမှာ နေရောင်ခြည် ထိတွေ့ခြင်းဟာ သင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D လိုအပ်ချက်ကို ဖြည့်ဆည်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လေ့လာမှု အချို့အရသင်ရဲ့ ခန္ဓာကိုယ်အတွက် ဗီတာမင် D လိုအပ်ချက်များကိုဖြည့်ဆည်းခြင်းဟာ ကိုယ်အလေးချိန်လျော့ကျစေပြီး ကိုယ်အလေးချိန်တက်မလာစေဖို့ကိုလည်းတားဆီးပေးပါတယ်။ဒါကြောင့်မနက်ခင်းမှာပြတင်းပေါက်တွေ လိုက်ကာတွေဖွင့်လိုက်ပါ။ နေရောင်ခြည်နှင့် အနည်းဆုံး ၁၅ မိနစ် မိနစ် ၂၀ လောက်ထိတွေ့လိုက်ပါ။

(၄) လေ့ကျင့်ခန်းလုပ်ပါ

Source : Times Now

မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တာဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ထူးခြားကောင်းမွန်စေတဲ့အပြင် ကိုယ်အလေးချိန်ကျဆင်းစေဖို့ကိုလည်း ကူညီပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်သွေးတွင်းသကြားဓာတ်ကိုလည်းတည်ငြိမ်စေပြီး စိတ်ခံစားမှုကိုမြင့်တင်ပေးပါတယ်။ လေ့ကျင့်ခန်းကြီးကြီးမားမားပြုလုပ်မှမဟုတ်ပါဘူး ကိုယ်ရဲ့အိပ်ခန်းထဲမှာပဲ ထိုင်ထလေ့ကျင့်ခန်း ဒိုက်ထိုးခြင်း ကြိုးခုန်းခြင်းစတဲ့ အသေးစားလေလ့ကျင့်ခန်းလေးတွေကို မိနစ် ၂၀ လောက်လုပ်ပေးရုံနဲ့ အဆီပိုတွေလောင်ကျွမ်းစေမှာဖြစ်ပါတယ်။