လူတွေအားလုံးအတွက် အခုလိုစိန်ခေါ်မှုတွေပြည့်နေတဲ့ကာလတွေမှာ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ကောင်းစွာ ဂရုစိုက်ဖို့အရေးကြီးပါတယ်။ လုံလောက်တဲ့အိပ်စက်မှုရှိဖို့ကဲ့သို့ အခြေခံအချက်လေးတွေကအစ ဂရုမစိုက်ဘဲ မနေမိဖို့လိုအပ်ပါတယ်။ အခုပြောပြပေးမှာက သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကျန်းမာစေဖို့ လိုအပ်တဲ့အလေ့အကျင့်လေးတွေ အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) ရေများများသောက်ပါ

Source : Apovit.dk

အိပ်စက်ခြင်းလိုပဲ ရေသောက်တာက သင့်ရဲ့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အလေ့အကျင့်တခုဖြစ်ပါတယ်။ ရေသောက်ခြင်းက သင့်ရဲ့ ဦးနှောက်စွမ်းရည်၊ ကိုယ်ခန္ဓာစွမ်းရည်အပြင် စိတ်ခံစားချက်တွေ ကောင်းမွန်ဖို့ အတွက်ပါ သက်ရောက်မှုရှိစေ ပါတယ်။ သင့်ရဲ့ဘေးမှာရေဘူးတစ်ဘူးရှိရင် အခုပဲသောက်လိုက်ပါဦး။

(၂) နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ

Source : abfitt.com

နောက်ထပ်အလေ့အကျင့်တခုကတော့ နေ့စဉ် ၁၅မိနစ်ခန့်လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ပါတယ်။ တကယ်လို့သင် စိတ်မပျော်မရွှင်ဖြစ်နေရင် ဒီနေ့အတွက် ကိုယ်လက်လှုပ်လျားလေ့ကျင့်ခန်းလုပ်ပြီးပြီလားဆိုတာ ပြန်စဉ်းစားပါ။ နေ့တိုင်း သင့်ကိုချွေးထွက်သွားစေမယ့် လေ့ကျင့်ခန်းပဲဖြစ်ဖြစ် ကခုန်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။

(၃) စိတ်ခံစားချက်ကို ချရေးပါ

Source : FloraQueen

တကယ်လို့ သင့်အနေနဲ့ အတွေးတွေများပြီးစိုးရိမ်စိတ်တွေဖြစ်နေရင် အကောင်းဆုံးနည်းလမ်းက သင်ခံစားနေရ တာတွေကို စာရွက်ပေါ်မှာချရေးလိုက်ဖို့ပါပဲ။ ဒါက သင့်ခေါင်းထဲမှာ စိုးရိမ်နေတာတွေ၊ အကြောက်တရားတွေပဲ တွေးနေတာထက် သင့်ကိုအမြန်ဆုံးစိတ်ခံစားချက်ပြန်ကောင်းလာစေမယ့်နည်းလမ်းဖြစ်ပါတယ်။

(၄) ဆိုရှယ်မီဒီယာသုံးတဲ့အချိန်ကို သတ်မှတ်ပါ

Source : Rawpixel

တကယ်လို့ သင်ဟာဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အချိန်ကုန်နေမိတယ် ဒါကိုသင့်ရဲ့စိတ်ကသတိမထားမိ ဘူးဆိုရင် ကြာလာတဲ့အခါ အင်တာနက်ပေါ်ကသတင်းအချက်အလက်ရယူတာမျိုး မဟုတ်တော့ဘဲ သင့်အတွက်စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်တွေဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ဖုန်းသုံးတဲ့အခါ အချိန်သတ်မှတ်ပြီးသုံးပါ။

(၅) ကိုယ့်ကိုယ်ကိုပြောတဲ့စကားတွေကို သတိထားပါ

Source : Getty Images

နောက်ဆုံးတခုကတော့ သင့်ကိုယ်သင်၊ စိတ်ထဲမှာအချိန်တိုင်းပြောနေမိတဲ့စကားတွေကို သတိထားဖို့ပါ။ အချိန် တော်တော်များများမှာမေ့နေတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုပြောတဲ့စကားတွေကို ရွေးချယ်ဖို့ကအရေးကြီးပါ တယ်။ သင့်အတွေးတွေဟာ စွမ်းအားကြီးပါတယ်။ အတွေးတွေကနေ လက်တွေ့တကယ်ဖြစ်လာတာဖြစ်တဲ့ အတွက် တခါတလေကလွဲလို့ အနှုတ်လက္ခဏာဆောင်တဲ့စကားတွေ သင့်ကိုယ်သင်အမြဲတမ်းမပြောမိအောင် သတိထားဖို့ အရေးကြီးပါတယ်။