ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ငယ်ရွှယ်စဉ်ကတည်းက ခန္ဓာကိုယ်ရောစိတ်ပါ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဂရုစိုက်ဖို့လိုပါတယ်။ အသက်ကြီးလာမှ ကျန်းမာခြင်းကိုငွေပုံပေးပြီး ဝယ်လို့လည်းမရနိုင်ပါဘူး။ ဒါကြောင့် အသက်ကြီးလာတဲ့အထိ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်လိုတယ်ဆိုရင် အခုချိန်ကတည်းကစပြီး ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူသင့်ပါတယ်။

(၁) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Source : blogger

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဟာ ကျန်းမာခြင်းအတွက် အကောင်းဆုံးအလေ့အထတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်း စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းတို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်းက အကောင်းဆုံးပါပဲ။ ဒါကြောင့်ကိုယ့်ရဲ့တနေ့တာအချိန်တွေထဲမှ ၁ နာရီလောက်ကို လေ့ကျင့်ခန်းလုပ်ခြင်းအတွက် အချိန်ပေးသင့်ပါတယ်။

(၂) စိတ်ဖိစီးမှုလျော့ချပါ

Source : Mzuri

စိတ်ဖိစီးမှုဆိုတာ အသက်ကြီးငယ်မရွေး ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကကျန်းမာရေးအတွက် ကောင်းကျိုးမပေးတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ဆိုးဆိုးရွှားရွှားထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို လုံးဝမခံစားရအောင် တားဆီးလို့မရနိုင်ပေမယ့် စိတ်ဖိစီးမှုတွေလျော့ကျသွားအောင်တော့ သင့်ကိုယ်သင်လေ့ကျင့်ထားလို့ရနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံးလျော့ချမှလည်း အသက်ကြီးလာတဲ့အခါ စိတ်ဖိစီးမှုရဲ့နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေကိုမခံစားရဘဲ ကျန်းမာပျော်ရွှင်တဲ့ဘဝကိုဆက်လက်ထိန်းထားနိုင်မှာပါ။

(၃) ဆေးလိပ်ဖြတ်ပါ

Source : Wheatland Family Dental

ဆယ်ကျော်သက်အရွှယ်မှာ ဆေးလိပ်သောက်တာက စတိုင်ကျတယ် အထာကျတယ်လို့ ထင်ကောင်းထင်ခဲ့ကြဖူးပါတယ်။ ဆေးလိပ်ကိုစမ်းသောက်ရင်းကနေ တဖြေးဖြေးဆေးလိပ်မသောက်ရင်မနေနိုင်တဲ့အထိ စွဲလန်းသွားကြသူတွေလည်း လောကမှာလက်ညိုးထိုးမလွဲရှိကြပါတယ်။ ဆေးလိပ်ကိုစွဲစွဲဖြတ်ဖြတ်သောက်လာတာနဲ့အမျှ မကျန်းမာခြင်းတွေကိုငွေပေးဝယ်နေသလိုဖြစ်နေတယ်ဆိုတာသတိထားမိဖို့ိလိုပါလိမ့်မယ်။ အသက်ကြီးတဲ့အထိကျန်းမာချင်တယ်ဆိုရင် အခုချိန်ကတည်းကစလို့ ဆေးလိပ်သောက်ခြင်းကိုရပ်တန့်လိုက်ဖို့အကြံပြုချင်ပါတယ်။

(၄) အစားအသောက်ချေးမများပါနဲ့

Source : 123RF.com

ကျန်းမာဖို့အတွက် ခန္ဓာကိုယ်မှာလိုအပ်တဲ့အစာအာဟာရဓာတ်တွေကိုဖြည့်တင်းပေးဖို့ကလည်း နံပါတ်တစ်အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက် အစာအာဟာရတွေကိုဖြည့်တင်းတဲ့နေရာမှာ မျှတတဲ့အစာအာဟာရစနစ်ရှိဖို့လည်းလိုပါတယ်။ အသီးအရွှက်ဆိုမစားဘူး ငါးမစားဘူး နို့မကြိုက်ဘူး စသည်ဖြင့်အစားသောက်နဲ့ပတ်သတ်ပြီး ချေးများနေမယ် ရှောင်တဲ့အစားအစာတွေများနေမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေက မျှတမှုရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အစားအသောက်ချေးမများပဲ အသားငါးဟင်းသီးဟင်းရွှက်သစ်သီးဝလံ ပဲအမျိုးမျိုး ကြက်ဥ စသည်ဖြင့်အာဟာရဓာတ်စုံလင်အောင်စားပေးဖို့လိုပါတယ်။

(၅) အိပ်ချိန်အလေးထားပါ

Source : Runtastic

ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင် အိပ်စက်ခြင်းကလည်း မေ့မထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ အိပ်ရေးပျက်တာများလာရင် အိပ်စက်ခြင်းစက်ဝန်းပျက်စီးလာရင် သင့်ခန္ဓာကိုယ်ကျန်းမာရေးကိုထိခိုက်နိုင်ပြီး စိတ်ရောလူပါ မကျန်းမာခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ငယ်ရွှယ်စဉ်ကတည်းက အိပ်ချိန်ပြည့်ဝဖို့ အထူးဂရုစိုက်သင့်ပြီး ညဘက်တွေမှာ စောစောအိပ်တဲ့အကျင့်ကိုမွေးမြူထားသင့်ပါတယ်။