အရမ်းချမ်းသာတဲ့ လူတွေမှာ ရောင့်ရဲတင်းတိမ်မှု့ ဆိုတာမရှိပါဘူး ။ သူတို့ကိုယ် သူတို့လည်း လူချမ်းသာ လို့ မသတ်မှတ်ကြပါဘူး။ တစ်ချို့သောလူတွေဟာ အလုပ်ကြိုးစားတယ်။ ပိုက်ဆံကြိုးစားရှာတယ်။ ပိုက်ဆံလည်းချွေတာစုဆောင်းတယ်။ ဒါပေမယ့် မချမ်းသာကြဘူး။ ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းက ကိုယ်ကိုယ်တိုင်ပါပဲ။

မတတ်နိုင်တာကို ဝယ်ဖို့ကြိုးစားတယ်

Source: NBC News

“ပစ္စည်းတစ်ခုကို (၂) ကြိမ် တိုင်သည်အထိ မဝယ်နိုင်ရင် ထပ်ဝယ်ဖို့ မကြိုးစားပါနဲ့ ၊ မဝယ်တာ အကောင်းဆုံး ပါ “ လို့ ဂီတပညာရှင် တစ်ဦးရဲ့ ရေပန်းစားဆုံး စကားတစ်ခွန်းကို ဘီလျှံနာသူဌေးကြီး Jay-Z ၏ အင်တာဗျူး တစ်ခုတွင် ပြောခဲ့ပါတယ်။ ဒီအချက်သည် ပစ္စည်းတစ်ကို ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်ကန့်သတ်ရန် ချန်လှပ်ထားသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ “မင်း က မင်းလစာ နဲ့ ညီမျှတဲ့ စမတ်ဖုန်း တစ်လုံး ကို ဝယ်မယ်ဆိုပါစို့၊ ရုတ်တရက် ဖုန်းက ကျကွဲသွားတယ် ဆိုရင် နောက်တနေ့မှာ မင်း ဖုန်းအသစ် တစ်လုံးဝယ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။”

အကြွေးဝယ်ကပ် အသုံးပြုတာကို သဘောကျတယ်

Source: Dreamstime

အပန်းဖြေအနားယူ ဖို့ အကြွေးနဲ့ ငွေရှင်း လိုက်မယ်ဆိုရင် သင့်ဆီမှာ ငွေကြေးပိုင်း ဆိုင်ရာပြဿနာရှိနေပြီဖြစ်ကြောင်း အတိအလင်း ကို အချက်ပြနေပါပြီ။ အချိန်တိုင်းလိုလို အနားယူအပန်းဖြေဖို့လိုနေသူတွေ သံသယ ရှိကောင်းရှိပါလိမ့်မယ် ။ သို့သော် အကြွေးစနစ် နှင့် အပန်းဖြေမယ် ဆိုတာ အကြံဆိုး တစ်ခုပါ။ တစ်ခုခုလုပ်ဖို့ ငွေစုရမယ့် အစား ၊ အပန်းဖြေခရီး ထွက်ခဲ့တဲ့ အတွက် အကြွေးသာ ဆပ်နေရပါလိမ့်မယ် ။ အမေရိကန်ပြည်ထောင်စု တည်ထောင်စဉ်က ပါဝင်ခဲ့သူ Thomas Jefferson က “ငွေ မရှိခင် မသုံးသင့်ပါ” လို့  အကြံတစ်ခု ပြုခဲ့ပါတယ်။

ပိုတဲ့အစားအသောက်တွေကို မကြာခဏလွှင့်ပစ်တာ

Source: NPR

လူတစ်ယောက်က ပိုတဲ့အစားသောက်တွေကို မကြာခဏလွှင့်ပစ်လေ့ရှိတယ်ဆိုရင် ဒါဟာပြသာနာပါ။ ဒါဟာ ပိုက်ဆံတွေကို အပိုက်ပုံးထဲလွှင့်ပစ်နေတာနဲ့ တူပါတယ်။ စားသောက်ဆိုင်တွေမှာ သွားစားရင် ကိုယ်စားနိူင်သလောက်ပဲ မှာပါ။ အိမ်မှာ ချက်စားမယ်ဆိုရင်လည်း လူပမာဏအပေါ် မူတည်ပြီး စားလို့ကုန်နိုင်တဲ့ အထိပဲ ချက်ပြုတ်ပါ။

သူတို့က စွန့်စားရမှာကိုကြောက်ကြတယ်

Source: Medium

စီးပွားရေး သမား Robert Allen က “ငွေစုစာအုပ် ငွေစုပြီးတော့ ချမ်းသာလာတဲ့ သူဌေး ဘယ်နှစ်ယောက်လောက်ကို မြင်ဖူးကြလဲ” လို့ တစ်ခါက မေးခဲ့ဖူးပါတယ်။

လုပ်ပြီးသား အလုပ်ကိုပဲ ထပ်ခါတလှဲလှဲ လုပ်နေမယ်ဆိုရင် တူညီတဲ့ ရလဒ် တစ်ခုပဲ ထွက်လာပါလိမ့်မယ်။ ရလာတဲ့လစာတစ်ဝက်ကို ထီထိုးလိုက်မယ် ၊ ကျန်တဲ့လစာ ကို စိတ်မချရတဲ့ လုပ်ငန်းတခုမှာ ရင်းနှီးမြှပ်နှံ လိုက်မယ်ဆိုတာ မျိုးကလည်း အကျိုးမဖြစ်ထွန်းပါဘူး။ ပြီးတော့ ဝင်ငွေကိုအကျိုးရှိမယ့်နေရာမှာမရင်းနှီးတာ၊ စွန့်စားမှု့မလုပ်တာနှင့် Comfort Zone ထဲမှာပဲ ဘဝတစ်ခုလုံးကို မြှပ်နှံထားဖို့ မျှော်လင့်ခြင်း  သည် ချမ်းသာဖို့ နည်းလမ်းကောင်း တစ်ခုတော့ မဟုတ်ပါ။

အသစ်အသစ်တွေမသင်ယူခြင်း

Source: County Health Care Guide

လူတွေနေထိုင်နေတဲ့ ကမ္ဘာကြီးဟာ အလျင်အမြန်ပဲ တိုးတတ်ပြောင်းလဲနေတာပါ။ နေရာတစ်ခုလိုချင်တယ်ဆိုရင် အများနည်းတူ ပြေးဖို့လိုအပ်ပါတယ်။ အကယ်၍ ကိုယ့်ရဲ့စွမ်းရည်တွေကို တိုးတက်ဖို့အတွက် ငွေကြေးကိုရင်းနှီးမြုပ်နှံမှုမလုပ်ဘူးဆိုရင် ဝင်ငွေပမာဏကို ထိန်းနိုင်ကောင်းထိန်းထားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ချမ်းသာဖို့တော့ မဖြစ်နိူင်ပါဘူး။ တစ်ခါက Elon Musk ဟာ ဒုံးပျံတွေ ဘယ်လိုတည်ဆောက်ခဲ့တာလဲလို့ အမေးခံခဲ့ရပါတယ်။ သူပြန်ဖြေခဲ့တာကတော့ “ငါ စာအုပ်တွေဖတ်တယ်” ဆိုတဲ့ စကားတစ်ခွန်းပါပဲ။ အသိပညာတွေတိုးပွားဖို့အတွက် စာအုပ်ဖတ်ဖို့ကို kwee page ကတိုက်တွန်းလိုက်ပါတယ်။