လေ့လာမူတွေအရ လူသားတွေဟာ ကမ္ဘာကြီးကို အဖက်ဖက်ကနေ ဖျက်စီးနေတယ်လို့ ထောက်ပြထားပါတယ်။ Steffan Kraft Daniel Garcia နဲ့ John Holcroft တို့လို အနုပညာရှင်တွေဟာ ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတဲ့ အလုပ် ရာသီဥတုပြောင်းလဲမှု နည်းပညာတိုးတက်ပြောင်းလဲလာမှု အမျိုးသမီးအခွင့်အရေး ဆိုရှယ်မီဒီယာအပေါ်  စွဲလမ်းမှုတွေအကြောင်းကို အဓိထားပြီး ရုပ်ပုံတွေရေးဆွဲလေ့ရှိသူတွေပါ။

ဒီနေ့ kwee page က အနုပညာရှင် (၃) ဦးရေးဆွဲထားတဲ့ ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်းမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို အလင်းပြနေတဲ့ ရုပ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လူတွေက ပင်လယ်ကြီးကို ပလတ်စတစ်တွေနဲ့ ဖျက်စီးနေကြတယ်

အွန်လှိုင်းကိရိယာများဟာ လူတွေရဲ့အဖော်ဖြစ်လာနေပြီ

လူတွေက ပတ်ဝန်းကျင်ကို ဖျက်စီးနေကြတယ်။ ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားအားထုတ်မှုမရှိကြဘူး

ရေခဲတွေအရည်ပျော်ကုန်ခြင်းဟာ တိရိစ္ဆာန်များရဲ့ သဘာဝအလေ့အထကို ပျက်စီးစေတယ်

ကမ္ဘာကြီးက လျင်လျင်မြန်မြန်ပဲ အရည်ပျော်နေပြီ

လူသားတွေဟာ သဘာဝပတ်ဝန်းကျင်ရဲ့ အကြီးဆုံး ရန်သူတွေဖြစ်ကြတယ်

လူသားတွေက တိရိစ္ဆာန်လေးတွေရဲ့ အိမ်ကိုဖျက်စီးနေကြတယ်

ကျွန်တော်တို့တွေ ရေခဲစားနေသလိုပဲ အန္တာတိကတိုက်မှာ ရေခဲတွေ အရည်ပျော်နေပြီ

ဂြိုလ်သားတွေရဲ့ယာဉ်ပျံ အနားကဖြတ်ပြီးပျံသွားရင်တောင် လူတွေသတိမထားမိကြတော့ဘူး

အချိန်ပိုအလုပ်တွေဆင်းနေပေမယ့် အပြုံးပျက်လို့မရဘူး

ကွန်ပြူတာတွေက ကမ္ဘာကြီးရဲ့ ပြတင်းပေါက်တွေဖြစ်လာပြီ

စိတ်ဓာတ်ကျခြင်းဟာ ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်းရဲ့ ရောဂါတခုလိုဖြစ်နေပြီ

လူတစ်ယောက်အောင်မြင်ဖို့အတွက် လူတွေအများကြီး ထိခိုက်ခံစားရတယ်

မျိုးဆက်ဟောင်းလူကြီးတွေက ကမ္ဘာကြီးကိုဖျက်စီးနေကြပြီး မျိုးဆက်သစ်လူငယ်လေးတွေက ကယ်တင်ချင်ကြတယ်

မိဘတွေက ကလေးတွေကို ဖျော်ဖြေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကို ရွေးချယ်လာကြပြီ

ကလေးတွေက ငယ်စဉ်ကတည်းက ကိရိယာတွေအပေါ် စွဲလမ်းလာကြပြီ

အမျိုးသမီးတွေဟာ လုပ်ဖော်ကိုင်ဖက်အမျိုးသားတွေလောက် အခွင့်အရေးမရကြဘူး

လူသားတွေဟာ ဆိုရှယ်မီဒီယာအပေါ် အလွန်အကျွမ် စွဲလမ်းလာကြပြီ

လူသားတွေဟာ ချစ်ရတဲ့လူတွေထက် ဖုန်းကို ပိုပြီးအချိန်ပေးနေကြပြီ

Source: Bright Side