ဒီလူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ပြောပြနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီနည်းလမ်းတွေထဲကမှ ဒီနေ့ kwee page က လူတစ်ယောက်ရဲ့ အိပ်တဲ့အနေအထားကို ကြည့်ပြီး အဲ့ဒီလူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ပြောပြပေးသွားမှာပါ။

နံပက် (၁) ပုံစံအတိုင်းအိပ်လေ့ရှိတယ်ဆိုရင် သင်ကတည်ငြိမ်ပြီး ယုံကြည်အားထားရတဲ့ လူတစ်ယောက်ဖြစ်တယ်။ လူတွေက သင့်အပေါ်အမှားရှာဖို့မလွယ်ဘူး။ ပြီးတော့ သင်ကအနာဂတ်ကို စိုးရိမ်နေတက်တဲ့သူမဟုတ်ဘူး။ စိတ်သောကရောက်စရာကောင်းတဲ့ ဆောင်းရာသီ မနက်ခင်းတွေမှာ သင်ကအမြဲပြုံးနေတက်တယ်။ ပြီးတော့ ဘဝမှာဖြစ်ပျက်နေတဲ့ မည်သည့်ပြောင်းလဲမှု မျိုးကိုမဆို ပြဿနာ မဖြစ်စေပဲ လိုက်လျောညီစွာ နေထိုင်တက်သူဖြစ်တယ်။
နံပက် (၂) ပုံစံအတိုင်းအိပ်လေ့ရှိတယ်ဆိုရင် သင်ဟာမကြာခဏ ကာကွယ်ပေးမှု နားလည်သဘောပေါက်မှုနဲ့ ဂရုဏာ တို့ကိုလိုအပ်တယ်လို့ခံစားနေရတဲ့သူဖြစ်တယ်။ သင်ဟာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဆီကနေ ထွက်ပြေးဖို့ ကြိုးစားနေသူဖြစ်တယ်။ သင့်အတွက် အသင့်တော်ဆုံး ထွက်ပေါက်ကတော့ ပန်းချီဆွဲခြင်း၊ အကသင်ခြင်း (သို့) စာရေးခြင်းတို့ဖြစ်ပါတယ်။
နံပက် (၃) ပုံစံအတိုင်း သင်အိပ်လေ့ရှိတယ်ဆိုရင် သင်ကခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်။ သင်ကပင်ကိုစွမ်းရည်ရှိပြီး ဘာလုပ်လုပ်ဦးဆောင်ပြီးလုပ်တက်သူဖြစ်တယ်။ ပြီးတော့ သင်ကသင်ရဲ့ Personal ဘဝနဲ့ Professional ဘဝ နှစ်ခုလုံး ကိုသေချာစီမံနိုင်သူဖြစ်တယ်။ သင်ကအရာအားလုံးကို ကြိုတင်စီစဉ် ရတာကိုကြိုက်နှစ်သက်ပြီး စပရိုက်လုပ်တာကိုကြိုက်နှစ်သက်တဲ့သူမဟုတ်ဘူး။ သင်ရဲ့ စွမ်းရည်ဖြစ်တဲ့ အပတ်တကုတ်ကြိုးစားမှုနဲ့ တာဝန်သိတက်မှုက သင်ကိုကြီးမားတဲ့အောင်မြင်မှုကို ရရှိစေမှာဖြစ်ပါတယ်။

နံပက် (၄) ပုံစံအတိုင်း အိပ်တက်တဲ့ အကျင့်ရှိတယ်ဆိုရင် သင်ကသင်ရဲ့ဘဝကိုချစ်မြတ်နိုးပြီး အများအား ဖြင့်တော့ သင်ကအကောင်းမြင်တက်တဲ့လူတစ်ယောက်ဖြစ်တယ်။ သင်ကအမြဲလူအများရဲ့အာရုံစိုက် မှုကိုခံရပြီး မိတ်ဆွေကောင်းတွေကို နှစ်သက်သူဖြစ်တယ်။ သင်ကအလုပ်မှာဆိုရင် မဆုတ်မနစ် ကြိုးစားပြီး ခေါင်းမာတက်တဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီဆင်ခြင်တုံတရား ကြောင့် သင်ကအမြဲအမှန်ကို ပြောရတာကိုနှစ်သက်တဲ့သူတစ်ယောက်ဖြစ်တယ်။ ဒီလိုအနေထားမျိုးအိပ်တဲ့သူတွေက အလွန်ခိုင်မာတဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူတွေဖြစ်တယ်။
နံပက် (၅) ပုံစံဆိုရင်တော့ သင်က အလိုက်အသင့်ပြုမှုနေထိုင်တက်တဲ့သူတစ်ယောက် ဖြစ်တယ်။ ဘဝရည်မှန်းချက်ကို သေချာသိပြီး အောင်မြင်မှုရရန် စိတ်ရောကိုယ်ပါ ကြိုးစားလေ့ရှိတဲ့သူတွေဖြစ်တယ်။ သင်ကစည်းကမ်းကြီးပြီး စာအုပ်ကြီးအတိုင်းသွားတဲ့ သူတစ်ယောက်ဖြစ်ပြီး စိတ်ရှည်တက်တဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အားလုံးထက် သင်ကိုယ်သင် ပိုပြီးစိတ်ရှည်တက်သူဖြစ်တယ်။
နံပက် (၆) ပုံစံ အိပ်လေ့ရှိတယ်ဆိုရင် သင်ကကြိုတင်ခန့်မှန်းလို့မရတဲ့သူဖြစ်ပြီး စွန့်စားရတာတွေကိုကြိုက်နှစ်သက်တဲ့သူတစ်ယောက် ဖြစ်တယ်။ အပြောင်းလဲမြန်ပြီး နားလည်ရခက်တဲ့သူတစ်ယောက်ဖြစ်တယ်။ မကြာခဏဆိုသလို ဆုံးဖြတ်ချက်ချတဲ့အခါနဲ့ ရွေးချယ်မှုပြုလုပ်တဲ့အခါ တွေမှာအခက်တွေ့လေ့ရှိတယ်။ ခြုံကြည့်မယ်ဆိုရင် ယေဘုယအားဖြင့် အလုပ်နဲ့ဘဝ အတွက် တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်း နဲ့ တိတ်ဆိတ်ခြင်း ပြီးတော့ ဂရုစိုက်မှုရှိခြင်း တို့ကိုဦးစားပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်တယ်။

ပုံစံအမျိုးမျိုးနဲ့ အိပ်လေ့ရှိသူရှိရင်တော့ သင့်ဆီမှာ နက်နဲပြီးကွယ်ဝှက်ထားတဲ့ ကိုယ်ရည်ကိုယ်သွေး
အမျိုးမျိုးရှိတဲ့သူတစ်ယောက်ဖြစ်တယ် လို့ယေဘုယျအားဖြင့် သက်မှတ်လို့ရပါတယ်။ ပြီးတော့ မိမိကိုယ်ကိုမိမိ နားမလည်တဲ့သူလို့လည်း ပြောလို့ရပါတယ်။
Source: Bright Side
