မိဘများသည် သူတို့၏ကလေးများကို ကောင်းစေချင်တဲ့ ဆန္ဒတစ်ခုသာရှိပါတယ် ဒါပေမဲ့ တစ်ခါတစ်ရံမှာ သူတို့ရဲ့အချစ်နဲ့ ပြင်းထန်တဲ့ ကာကွယ်မှုတွေကြောင့် ကလေးတွေကို မတော်တဆနာကျင်စေတယ်။ သူတို့ကလေးတွေရဲ့ ထင်မြင်ချက်တွေ ကိုလျစ်လျူရှုတာတို့ ဒါမှမဟုတ် မိဘတွေက သူတို့ချမှတ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ပြန်ပြီး ချိုးဖောက်တာ စတဲ့အလေ့အကျင့်တွေက ကလေးတွေဆီကို အလျင်အမြန်ပဲ ကူးစက်သွားစေပါတယ်။

မင်းလိမ်မပြောရဘူး ငါတော့ပြောမယ်

မိဘတွေက သူတို့ကလေးတွေကို အမြဲတမ်း အမှန်ပဲပြောဖို့ နဲ့ အပြုအမူရဲ့ အကျိုးဆက်ကိုလက်ခံဖို့ သင်ကြားပေးလေ့ရှိတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ သူတို့ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို သူတို့ကိုယ်တိုင်ချိုးဖောက်လေ့ရှိတယ်။ အဖြူရောင်မုသားကိုပြောပါ၊ အမှန်တရားကို ရှာလကာရည် နဲ့ဖုံးအုပ်ထားပါ။ ဒါမှမဟုတ် အချက်အလက်အချို့ကိုဖုံးကွယ်ထားပါ။ ဘာလို့ဆို ဝေမျှခြင်းက ဘာမှ ပြောင်းလဲမှာမဟုတ်လို့ပဲ ဆိုတဲ့အပြုအမူမျိုးတွေက ကလေးတွေရဲ့အတွေးတွေကို ပြောင်းလဲစေနိုင်ပါတယ်။

တစ်ယောက်တည်းပဲအိပ်ရမယ် ငါတော့တစ်ယောက်တည်းအိပ်စရာမလိုဘူး

မိဘတွေက ကလေးတွေနဲ့ အတူတူအိပ်တာက ကလေးတွေရဲ့ လွပ်လပ်မှုကို ဆုံးရှုံးစေတယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့အိပ်ပျော်သည့်တိုင်အောင် သူတို့နဲ့အတူအိပ်ဖို့ကို ငြင်းဆန်ကြတယ်။ ဒါပေမဲ့ ဘာလို့ အရွယ်ရောက်ပြီးသူတွေက တစ်ခန်းထည်းအတူတူအိပ်နေကြပြီး တော့ ကလေးတွေကဘာတွေကွဲပြားနေလို့လည်းဆိုတဲ့ မေးခွန်းကသူတို့ခေါင်းထည်းရောက်လာသွားတက်ပါတယ်။ တချို့စိတ်ပညာရှင်တွေက ကလေးကို အိပ်ဖို့ကူညီခြင်းဖြင့် ခိုင်မာတဲ့ ခံစားချက်တွေ နဲ့ ကလေးရဲ့စိတ်ကျန်းမာရေး ကိုတိုးတက်စေတယ်လို့ အကြံပြုပြောကြားထားကြတယ်။

အစာချေးမများနဲ့

အစားအသောက်ကို ကျန်းမာရေးနဲ့အညီစားသုံးဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ကိုယ်မကြိုက်တဲ့ အစားစာတွေအပါအဝင် ကြိုက်နှစ်သက်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးခွင့်ရှိပါတယ်။ အရွယ်ရောက်ပြီး သူတွေကတော့ သူတို့လိုချင်တဲ့ဘာမဆို သူတို့ကိုယ်တိုင်ရွေးချယ်နိုင်တယ်။ သူတို့စားချင်စိတ် မရှိဘူး ဆိုရင် မစားပဲနေတာတို့ နေ့လည်စာကို ကျော်ပစ်တာဖြစ်စေ ရွေးချယ်လို့ရတယ်။ ဒါပေမဲ့ ကလေးတွေ က အဲ့လိုကိုယ်ပိုင်ရွေးချယ်မှုတွေမရရှိပါဘူး။ အရွယ်ရောက်ပြီး သူတွေကတော့ အဲ့လိုစည်းမျဉ်း တွေကိုမလိုက်နာရင်တောင် ကလေးတွေကတော့ အမြဲတမ်း မိဘတွေရဲ့ စည်းကမ်းတွေက နာခံရတယ်။

ဖုန်းအကြာကြီးမသုံးနဲ့

ပျမ်းမျှအားဖြင့် လူတွေက တစ်နေ့မှာ မိုဘိုင်းအင်တာနက်ကို (၃) နာရီထက်ပိုပြီးအသုံးပြုလေ့ရှိတယ်။ ကလေးငယ်ရဲ့ဖုန်းကြည့်မှုတွေကိုအချိန်ကန့်သတ်ထားခြင်းက ပြီးပြည့်စုံတဲ့ ကျန်းမာရေး ကိုရရှိစေတယ်။ အရွယ်ရောက် ပြီးတဲ့သူတွေကလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်တယ်။ မိဘတွေက တစ်နေ့လုံး ဆိုရှယ်မီဒီယာ ကိုစစ်ဆေး နေ့စဉ် သူတို့ကိုသူတို့ ဖျော်ဖြေသင့်တယ်လို့ ကလေးငယ်တွေကိုပြောခြင်းက သူတော်ကောင်း ယောင်ဆောင်နေခြင်း ဖြစ်တယ်။

ငါဆင်တာကိုပဲဝတ်ရမယ်

တစ်ချို့မိဘတွေကရာသီဥတုနဲ့အညီ သူတို့ကလေးတွေကို အဝတ်အစားတွေဆင်ပေးလေ့ရှိကြတယ်။ သူတို့ကသူတို့ရဲ့ကလေးတွေ အမှန်တကယ် ဘယ်လို ခံစားရလည်းဆိုတာကို မစဉ်းစားကြဘဲနဲ့ သူတို့ထင်မြင်ယူဆချက်အတိုင်း ကလေးကို လိုက်နာခိုင်းလေ့ရှိကြတယ်။ ဒါဟာ ကလေးတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို တားဆီးပိတ်ပင်သလို ဖြစ်သွားစေပါတယ်။

မျှဝေဖို့ သင်ကြားပေးနေပေမယ့် ကိုယ်တိုင်ကျတော့ မမျှဝေခြင်း

မိဘတွေက သူတို့ကလေးတွေကို မကြာခဏ ပစ္စည်းတွေ (ဥပမာ ကစားစရာအရုပ်တွေ) ကို အခြားကလေးတွေနဲ့ ဝေမျှသုံးစွဲဖို့ သင်ကြားပေးလေ့ရှိကြတယ်။ အဲ့လိုပြောပြတာတွေက ကလေးတွေအတွက် မသက်သာမှုကိုဖြစ်စေမယ်လို့ စဉ်းစားပေးလေ့မရှိဘူး။ ဒါပေမဲ့ အရွယ်ရောက်ပြီးသူတွေကတော့ အဲ့တာနဲ့ဆန့်ကျင်ဘက်ဖြစ်တယ် သူတို့စိတ်ကျေနပ်ဖို့အတွက် သူတို့မလုပ်ချင်တာကို ခေါင်းမာပြီး မဝေမျှပဲနေနိုင်တယ်။ ကလေးတွေမှာ သူတို့ရဲ့ကိုယ်ပိုင် လိုအပ်ချက်နဲ့ ထင်မြင်ယူဆချက်တွေ တစ်သီးတစ်ခြားဆီရှိကြတယ်။ ဒါ့ကြောင့် ကလေးတွေနဲ့ သဟဇာတ ဖြစ်ဖို့ဆိုရင် သူတို့ရဲ့အတွေး သူတို့ရဲ့ လိုအပ်ချက်လေးတွေကို နာလည်းပေးဖို့ လိုအပ်ပါတယ်။