အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူစိမ်းတစ်ယောက်ကို ထိတွေ့ခွင့်ပြုနိုင်တာက လက်ဖြစ်ပါတယ်။ လူအများကြားထဲ သွားလာကြတဲ့အခါ အမျိုးသမီးတို့ရဲ့ခါးကို အမှတ်တမဲ့ ထိမိတတ်ကြပါတယ်။ တချို့အမျိုးသမီးတွေအတွက်တော့ ဒါက ကိစ္စမရှိပေမယ့် တချို့အမျိုးသမီးတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

Source: Bright Side
ခွင့်ပြုချက်မရှိပဲ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ထိတွေ့ခြင်းဟာ သူတို့ကို ထိပါးခြင်းသာလျှင် ဖြစ်ပါတယ်။ ခါးနဲ့ နောက်ကျောဟာ အမျိုးသမီးတွေအတွက် အလွန် Private ဖြစ်တဲ့ နေရာ ဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ အမျိုးသားတွေဟာ လူအများကြီးကြားသွားလာနေရင်းနဲ့ တခြားအမျိုးသမီးရဲ့ နောက်ကျောနဲ့ခါးကို ဘယ်တော့မှ သွားရောက်ထိကိုင်လေ့မရှိဘူး။ ဒီလိုသွားရောက်ထိကိုင်လိုက်ခြင်းက အမျိုးသမီးတွေဟာ လုံခြုံမှုမရှိသလို ခံစားသွားစေပါတယ်။

Source: Bright Side
တကယ်လို့များ အဲဒီလိုရှောင်ရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူးဆိုရင်လည်း စိတ်အနှောင့်အယှက်ဖြစ်စေမယ့်နေရာတွေကို မထိမိအောင် ရှောင်ကျဉ်ပါတယ်။
အမျိုသမီးဖြစ်စေ အမျိုးသားဖြစ်စေ နေရာတစ်ခုကို ထိခွင့်မပြုတာဟာ ဖြစ်သင့်ပါတယ်။ အကြောင်းပြချက်မလိုပါဘူး။ အထိအတွေ့ဆိုတာ အရမ်းစွမ်းအားရှိပါတယ်။ ဒါပေမယ့် အဲဒါက တစ်ဖက်လူအနေနဲ့ အဲဒီအထိအတွေ့ကို လိုလိုလားလားရှိမှဖြစ်ပါတယ်။
မသင့်တော်တဲ့ထိတွေ့မှုဟာ မကျေမချမ်းဖြစ်ရမှုနဲ့ ဆိုးရွားတဲ့ခံစားချက်တွေကိုသာ ဖြစ်စေပါတယ်။ အမျိုးသမီးတစ်ယောက်အတွက်ဆို အခွင့်အရေးယူခြင်းခံရသလို ခံစားရမှာပါ။ ဒါကြောင့်လည်း တချို့အမျိုးသားတွေဟာ လူအများနဲ့နေရတဲ့အချိန်မှာ သူတို့ချစ်တဲ့ အမျိုးသမီးရဲ့ ခါးကိုမထိကြပါဘူး။

Source: The Daily Dot
လမ်းလျှောက်နေရင်း အရှေ့ကလူရဲ့ ဖိနပ်နောက်ဖက်ကို တက်နင်းမိခြင်းကလည်း အင်မတန်ရုပ်ဆိုးပါတယ်။ ဒီလိုအဖြစ်မျိုးကျူးလွန်မိခဲ့ရင် တောင်းပန်ဖို့သတိရပါတယ်။ ကိုယ့်ရှေ့ကလူတွေကို အတင်းတွန်းဖယ်ပြီး လမ်းလျှောက်နေတဲ့လူတွေကို ကျော်တက်မသွားတက်ကြတဲ့ အမျိုးသားတွေကို ယဉ်ကျေးရည်မွန်တယ်လို့ လူအများကသက်မှတ်ထားကြတယ်။ သူတို့တွေက အရမ်းအလျင်လိုနေရင်တောင် ယဉ်ကျေးစွာလမ်းဖယ်ပေးဖို့ တောင်းဆိုတက်ကြတယ်။
