ပရိသတ်အချစ်တော် တောင်ကိုရီးယား အမျိုးသမီး Kpop အဖွဲ့ဖြစ်တဲ့ Blackpink နှင့်အမေရိကန်ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ Selena Gomez တို့ ပူးပေါင်းဖန်တီးထားတဲ့ Ice Cream လို့အမည်ရတဲ့ သီချင်းအသစ်လေးကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ အဆိုပါ သီချင်း MV လေးကတော့ ဒီနေ့သြဂုတ်လ ၂၈ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားဟော့ဖြစ်လျက်ရှိပါတယ်။

Source : CNN

အဆိုပါ Ice Cream သီချင်းလေးမှာတော့ အရောင်အသွေးစုံလင်တဲ့ ဖက်ရှင်တွေ နောက်ခံအပြင်အဆင်တွေနဲ့ Music Video တစ်ခုလုံးကိုပုံဖော်ထားပြီး Blackpink နှင့် Selena Gomez တို့ရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ သီချင်းလေးကလည်း တကယ့်ကို မြူးမြူးကြွကြွနဲ့ နားထောင်သူပရိသတ်တွေအားလုံး နွေရာသီရဲ့ အပူဒဏ်ကိုအံ့တုပြီး လန်းဆန်းတဲ့ခံစားမှုမျိုးကိုရရှိစေမယ့် သီချင်းကောင်းလေးဖြစ်ပါတယ်။

Ice Cream MV ဟာဆိုရင် လက်ရှိ YouTube တွင် ထုတ်လွင့်ပြီး ၁၀ နာရီအကြာမှာ ဝင်ရောက် ကြည့်ရှု့သူစုစုပေါင်း 44 million View ရရှိသွားပြီဖြစ်ပါတယ်။ Blackpink အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း Sour Candy လို့အမည်ရတဲ့ သီချင်းကောင်းလေးကို Lady Gaga နဲ့အတူတူ ပူပေါင်းဖန်တီးခဲ့ပြီး အောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့သလို အခုတစ်ခေါက် Ice Cream သီချင်းလေးဟာလည်း ပရိသတ်အားပေးမှုအများဆုံးနဲ့ အောင်မြင်ဆုံး Music Video တွေထဲက တစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါပြီ။

Source : The Indian Express

ချစ်စရာကောင်းပြီး မြူးမြူးကြွကြွနဲ့ နားထောင်လို့ကောင်းတဲ့ Blackpink နဲ့ Selena Gomez တို့ရဲ့ Ice Cream သီချင်းလေးကို သီချင်းချစ်သူပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ ခံစားနားဆင်ကြည့်လိုက်ပါအုန်း။

Source : BLACKPINK