အသက်ငယ်ရွယ်တုန်းမှာ လုပ်သင့်တဲ့အရာတွေကိုမလုပ်ခဲ့ပဲ အသက်ကြီးမှနောင်တတွေရနေတာမျိုး ဘယ်သူမှဖြစ်ချင်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အသက်ငယ်ရွယ်တုန်းမှာ မဖြစ်မနေလုပ်သင့်တဲ့အရာတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခရီးသွားပါ

Source : Freepik

ခရီးသွားဖို့နဲ့ပတ်သတ်ပြီး One Day ဆိုတာတွေ လုပ်နေသေးတယ်ဆိုရင် အခုချိန်ကစပြီး ရပ်တန့်လိုက်ပါ။ စိတ်ကူးထဲမှာပဲ ခရီးတွေသွားနေတာထက် အပြင်မှာ လက်တွေ့ချက်ချင်းထသွားလိုက်ပါ။ ငယ်ရွယ်တုန်း သွားနိုင်လာနိုင်တုန်း ငွေရှာနိုင်တုန်းမှာ ခရီးတွေများများထွက်ပြီး အတွေ့အကြုံအသစ်ဆန်းတွေ ရှာဖွေသင့်ပါတယ်။

(၂) မိဘတွေကိုအချိန်ပေးပါ

Source : Dreamstime

မိဘတွေဆိုတာ ဘဝရဲ့နံပါတ်တစ် ဦးစားပေးရမယ့် ပုဂ္ဂိုလ်တွေပါပဲ။ ငယ်ရွယ်စဉ်မှာ မိဘတွေအတွက်အချိန်ပေးတာ ညစာအတူတူစားတာ အားလပ်ရက်တွေကို အတူတူဖြတ်သန်းတာ ခရီးအတူတူသွားတာမျိုးကို မဖြစ်မနေလုပ်သင့်ပါတယ်။ မိဘတွေရှိစဉ်အချိန်မှာ ဂရုမစိုက်ခဲ့ရင် တစ်ချိန်မှာ သေချာပေါက်နောင်တရ တရားတွေများစွာ ခံစားရနေနိုင်ပါတယ်။

(၃) ကျန်းမာရေးဂရုစိုက်ပါ

Source : SEO Agency Sydney

အသက်ရှည်ကျန်းမာချင်တယ်လို့ လူတိုင်းပြောနေပေမယ့် လူတိုင်းအားကစားမလုပ်ဖြစ်ကြပါဘူး။ ငယ်ရွယ်တုန်းမှာ ခန္ဓာကိုယ်စိတ်ရောကိုယ်ပါကျန်းမာအောင် ဂရုစိုက်နေထိုင်မှသာ အသက်ကြီးတဲ့အခါ မကျန်းမာခြင်းတွေနဲ့ဝေးရာမှာ ပျော်ရွှင်စွာနေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အခုချိန်ကတည်းက လေ့ကျင့်ခန်းလုပ်တာ အစားအသောက်ထိန်းတာ စိတ်ဖိစီးမှုလျော့ချတာ ဆေးလိပ်အရက်ဖြတ်တာ ညအိပ်မှန်မှန်အိပ်တာ စတဲ့အရာတွေလုပ်ဆောင်သင့်ပါတယ်။

(၄) ငွေစုဆောင်းပါ

Source : Baldwin Financial Services

ငယ်ရွယ်စဉ်ကတည်းက ငွေကြေးစုဆောင်းခြင်းမရှိခဲ့ရင် နောင်တချိန်မှာ ကြိမ်းသေပေါက်နောင်တ တရားတွေကို ခံစားရနိုင်ပါတယ်။ ငယ်တုန်းမှာ သုံးသင့်သလောက် သုံးဖို့လိုသလို အနာဂတ်ဘဝအတွက်လည်း အပူအပင်ကင်းစွာနေထိုင်နိုင်ဖို့ ကိုယ့်ဝင်ငွေရဲ့ တချို့တဝက်ကို စုဆောင်းထားသင့်ပါတယ်။ ငွေကြေးနဲ့ပတ်သတ်ပြီးအပူအပင်ကင်းကင်းနေနိုင်မယ်ဆိုရင် ဘဝမှာစိတ်ချမ်းသာမှုတွေကို ခံစားရမှာဖြစ်ပါတယ်။