တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်လုံးအလုပ်တွေနဲ့ ပင်ပန်းခဲ့သမျှ အားလပ်ရက်မှာတော့ ကောင်းကောင်းအနားယူဖို့လိုအပ်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်မှာအားတွေပြန်ပြည့်လာပြီး နောက်ထပ်အလုပ်တွေကိုကောင်းကောင်းဆက်လုပ်နိုင်မှာပါ။ ဒီတော့ ပိတ်ရက်မှာစိတ်ရောကိုယ်ပါအနားယူအပန်းဖြေနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) တစ်နာရီပိုအိပ်ပါ

Source : www.wsj.com
အိပ်စက်ခြင်းက ခန္ဓာကိုယ်မှကုန်ခမ်းသွားတဲ့ အားအင်တွေကိုအမြန်ဆုံးပြန်လည်ဖြည့်တင်းပြီး လန်းဆန်းတက်ကြွမှုတွေကိုပေးစွမ်းမှာဖြစ်ပါတယ်။ ရုံးတက်ရတဲ့နေ့တွေမှာ အိပ်ရေးမဝခဲ့သမျှ ပင်ပန်းခဲ့သမျှကို အားလပ်ရက်မှာအစားထိုးပြီး တစ်နာရီလောက် ပိုအိပ်လိုက်ပါ။
(၂) နီးနီးနားနားခရီးသွားပါ

Source : Twenty20
အားလပ်ရက်ပိတ်ရက်တွေမှာ စိတ်ရောကိုယ်ပါလန်းဆန်းသွားစေဖို့ နေရာအသစ်တစ်ခုကိုသွားရောက်အပန်းဖြေသင့်ပါတယ်။ ဒါကြောင့်ခရီးသွားပါ။ ဝေးဝေးလံလံမဟုတ်ရင်တောင်မြို့ပြနဲ့သိပ်မဝေးတဲ့ အပန်းဖြေစခန်းတွေ အနားယူလို့ကောင်းမယ့်နေရာလေးတွေကို ခရီးတိုလေးအဖြစ်သွားသင့်ပါတယ်။
(၃) အလုပ်တွေမေ့ထားလိုက်ပါ

Source : Shutterstock
အားလပ်ရက်မှာအမှန်တကယ်အနားယူချင်တယ်ဆိုရင် အလုပ်တွေကိုခဏလောက်တော့မေ့ထားဖို့ လိုပါမယ်။ ကိုယ့်အနေနဲ့သောကြာနေ့ထဲက လုပ်ရမယ့်အလုပ်တာဝန်တွေအားလုံးကို အပြီးဖြတ်ခဲ့ပါ။ ကိုယ့်အားလပ်ရက်ကို အလုပ်ကိစ္စတွေက အချိန်ခိုးသွားတာမျိုးမဖြစ်စေပဲ အလုပ်တွေအားလုံးကိုမေ့ပြီး စာအုပ်ဖတ်တာ သီချင်းနားထောင်တာမျိုးနဲ့ အားလပ်ရက်ကိုပြည့်ပြည့်ဝဝအနားယူသင့်ပါတယ်။
(၄) ညနေခင်းလမ်းလျောက်ပါ

Source : Toll Brothers
ပိတ်ရက်မှာဘယ်မှမသွားဖြစ်ဘူးအိမ်မှာပဲကောင်းကောင်းနားမယ်ဆိုသူတွေအနေနဲ့ ညနေခင်းမှာတော့ ခဏတဖြုတ်လမ်းလျောက်ထွက်သင့်ပါတယ်။ လမ်းလျောက်ခြင်းက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတခုဖြစ်သလို စိတ်လက်ပေါ့ပါးလန်းဆန်းစေဖို့ကူညီပေးပါတယ်။ ဒါကြောင့် ညနေခင်းမှာ ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် လမ်းလျောက်ထွက်လိုက်ပါ။
