အလုပ်တိုင်းကတော့ စိတ်ဖိစီးမှုအနည်းနဲ့အများရှိကြပါတယ်။ စိတ်ဖိစီးမှုတွေက သင့်ရဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေပဲဖြစ်စေတာကြောင့် အတက်နိုင်ဆုံးစိတ်ဖိစီးမှုတွေကိုလျော့နည်းအောင်လုပ်သင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အလုပ်မှာစိတ်ဖိစီးမှုများသူတွေ လုပ်ဆောင်သင့်တဲ့ စိတ်ဖိစီးမှုလျော့ကျစေမယ့် အရာတွေကို ပြောပြပေးချင်ပါတယ်။
(၁) ယောဂကစားပါ

Source : Men’s Health
ယောဂကစားနည်းက ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုဖြစ်သလို စိတ်ဖိစီးမှုလျော့ချပေးတဲ့အထိရောက်ဆုံး နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ယောဂကစားနည်းဟာ အဓိကအားဖြင့် ခန္ဓာကိုယ်ကိုယ်ဟန်အနေအထားကိုထိန်းပြီး အသက်ရှုရတဲ့လေ့ကျင့်ခန်းဖြစ်တာကြောင့် စိတ်နှင့်ခန္ဓာရဲ့ တင်းမာမှုတွေကိုပြေလျော့စေပြီး စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အေးချမ်းမှုတွေကိုပေးစွမ်းပါတယ်။
(၂) Zumba

Source : Orami Parenting
Zumba ဟာ အခုနောက်ပိုင်း လူကြီးလူငယ် အမျိုးသားအမျိုးသမီးမရွေး ပြုလုပ်လာကြတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ မြူးမြူးကြွကြွသံစဉ်တွေနဲ့ စည်းချက်ညီစွာကခုန်ရတဲ့လေ့ကျင့်ခန်းဖြစ်ပြီး လူအများနဲ့အတူတူပြုလုပ်ရတဲ့ကစားနည်းဖြစ်တာကြောင့် စိတ်ဖိစီးမှုလျော့ကျကာ ပျော်ရွှင်မှုကိုခံစားရရှိစေပါတယ်။
(၃) စာအုပ်ဖတ်ပါ

Source :Shutterstock
စာဖတ်ခြင်းက စိတ်အာရုံပြန့်လွင့်ခြင်း စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများခြင်းတွေကိုအကောင်းဆုံးဖြေလျော့ပေးပြီး စိတ်တည်ငြိမ်အေးချမ်းမှုတွေကိုပေးပါတယ်။ ဒါတင်မကသေးပါဘူး အသိပညာဗဟုသုတတွေ စဉ်းစားဆင်ခြင်နှိုင်စွမ်းတွေနဲ့ သင့်ဘဝအောင်မြင်မှုအတွက်လည်း အထောက်အပံ့ကောင်းတွေပေးစွမ်းပါတယ်။
(၄) ရေကူးပါ

Source : Experience Life
ရေကူးခြင်းက ခန္ဓာကိုယ်အတွက်တကယ်ကိုကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်သလို စိတ်ဖိစီးမှုတွေကိုလည်းလျော့ကျသက်သာစေပါတယ်။ အလုပ်မှာစိတ်ဖိစီးမှုများတဲ့သူတွေအနေနဲ့ တစ်ပတ်တစ်ခါ ရေကူးသင့်ပါတယ်။ ရေကူးတာက သင့်ရဲ့စိတ်ဖိစီးစရာအတွေးတွေကိုဖယ်ရှားရှင်းလင်းပေးပြီး ခန္ဓာကိုယ်ကိုလည်းအရင်ကထက် ကျန်းမာကြံ့ခိုင်လာစေမှာဖြစ်ပါတယ်။
