လူတိုင်းလူတိုင်းကတော့ အလုပ်မှာစိတ်ဖိစီးမှုလေးတွေရှိတက်ကြတာ သဘာဝပါပဲ။ သို့သော်လည်း အလုပ်ခွင်က ကိုယ့်အတွက်စိတ်ဖိစီးမှုတွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုလိုဖြစ်နေတယ်ဆိုရင် ရေရှည်အတွက်မကောင်းပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ အလုပ်မှာစိတ်ဖိစီးမှုနည်းအောင် ဘာတွေလုပ်ရမလဲဆိုတဲ့ အကြံပြုချက်တချို့ကိုမျှဝေပေးချင်ပါတယ်။
(၁) တနေ့အလုပ်တနေ့ပြီးပြတ်အောင်လုပ်ပါ

Source : Glassdoor
တစ်နေ့အလုပ်တနေ့ ပြီးအောင်မလုပ်ပဲ ကျော်သွားမယ်ဆိုရင် ကြာလာတာနဲ့ အလုပ်အကြွေးတွေပိပြီး စိတ်ဖိစီးမှုတွေပိုများလာနိုင်ပါတယ်။ ဒါဆိုသင့်ရဲ့အလုပ်ခွင်ကလည်းပျော်ရွှင်စရာကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ရဲ့ တစ်နေ့တာလုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်တွေကိုပြီးပြတ်အောင်လုပ်ပါ။
(၂) လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်နေပါ

Source : JobCluster.com
အလုပ်မှာစိတ်ဖိစီးမှုနည်းချင်ရင် ပျော်ချင်တယ်ဆိုရင် အလုပ်ခွင်အတွင်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေသင့်မြတ်အောင်နေထိုင်သင့်ပါတယ်။ အလုပ်က လူတွေနဲ့အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးမရှိဘူးဆိုရင် အလုပ်ချိန်အတွင်းမှာ သင့်ဆီကိုစိတ်အနှောက်ယှက်ဖြစ်စရာတွေရောက်လာနိုင်ဖို့ပိုပြီးအခွင့်အရေးများပါတယ်။ဒါကြောင့် လူတိုင်းနဲ့ အတက်နိုင်ဆုံး အဆင်ပြေအောင်နေထိုင်ပါ။
(၃) ရည်မှန်းချက်တွေကိုသတိရပါ

Source : Shutterstock
လူတိုင်းလူတိုင်းမှာ အနာဂတ်ရည်မှန်းချက်ကိုယ်စီရှိကြပါတယ်။ လက်ရှိလုပ်နေတဲ့အလုပ်ဟာ ကိုယ့်ဘဝအနာဂတ်ရည်မှန်းချက်တွေပြည့်ဝဖို့အတွက် တက်လှမ်းနေရတဲ့လှေကားထစ်တစ်ခုလိုပဲ သဘောထားလိုက်ပါ။ အလုပ်မှာစိတ်ညစ်လာတိုင်း ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေကိုပြန်ပြီး မြင်ယောင်ကြည့်တာက စိတ်ခွန်အားတွေရစေမှာဖြစ်ပါတယ်။
(၄) အိပ်ရေးဝဝအိပ်ပါ

Source : Istock
အလုပ်မှာစိတ်ဖိစီးမှုနည်းစေဖို့ အိပ်စက်ခြင်းကလည်း အများကြီးသက်ရောက်မှုရှိပါတယ်။ သင့်အနေနဲ့ ကောင်းစွာအိပ်စက်အနားယူထားခြင်းမရှိဘူးဆိုရင်နောက်တနေ့ရုံးမှာ စိတ်ရောကိုယ်ပါ ပင်ပန်းခြင်းတွေကို ခံစားနေရမှာဖြစ်ပြီး အလုပ်ပေါ်မှာကောင်းစွာအာရုံစိုက်နိုင်မှာမဟုတ်ပဲ စိတ်ဖိစီးမှုတွေများနေမှာဖြစ်ပါတယ်။ဒါကြောင့် အိပ်စက်ချိန်ကိုအလေးထားပါ။ အိပ်ရေးဝဝအိပ်စက်ထားမှာ နောက်တနေ့မှာ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ တက်ကြွလန်းဆန်းနေမှာဖြစ်ပါတယ်။
