စာဖတ်သူက သီချင်းဆိုရတာ ဝါသနာပါသူတစ်ယောက်လား။ သီချင်းဆိုခြင်းက သာမာန်ဝါသနာတစ်ခုလို့ပဲ ထင်ရပေမယ့် ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုပေါင်းသင်းဆက်ဆံရေးတို့အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ဒီနေ့မှာတော့ လူသိနည်းတဲ့ သီချင်းဆိုခြင်းရဲ့ကောင်းကျိုးတွေပြောပြပေးချင်ပါတယ်။

Source : Merriam Music

သီချင်းဆိုခြင်းပျော်စရာကောင်းတယ်လို့ လူအများသိထားကြပါတယ်။ အမှန်ပါပဲ သီချင်းဆိုတဲ့အခါ ခန္ဓာကိုယ်ကနေ Endorphins လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းဓာတ်တွေထုတ်ပေးပါတယ်။ ဒါကြောင့်သီချင်းဆိုတဲ့အခါ သာမာန်အချိန်တွေထက် ပျော်ရွှင်ရပြီး စိတ်ခံစားမှုပိုမိုကောင်းမွန်နေတာဖြစ်ပါတယ်။

လေ့လာမှုတွေအရ အဆိုတော်များနှင့် ဂီတသမားများဟာ သာမာန်လူတွေထက် IQ ပိုမိုမြင့်မားကြပါတယ်။ သီဆိုခြင်းဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုတိုးတက်စေပြီး မှတ်ဉာဏ်စွမ်းရည်တိုးတက်ကောင်းမွန်စေဖို့ကူညီပေးပါလိမ့်မယ်။

သီချင်းဆိုခြင်းက တည်ငြိမ်အေးချမ်းခြင်းနှင့် စိတ်အပန်းပြေမှုကိုရစေတာကြောင့် သွေးပေါင်ချိန်လျော့ကျစေဖို့ ကူညီပေးပါတယ်။ လေ့လာမှုတွေအရလည်း သီချင်းဆိုခြင်းက ကျန်းမာတဲ့လူမှုဘဝကိုရရှိစေတဲ့အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။

Source : Freepik

သီချင်းဆိုခြင်းက ကိုယ်ခံအားကောင်းစေဖို့လည်း ကူညီပေးပါတယ်။ သီချင်းဆိုတဲ့အခါ cortisol ပမာဏကိုလျော့ကျစေပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကိုလျော့ကျသက်သာစေပါတယ်။ ၎င်းအချက်ပဲ သင်ရဲ့ ကိုယ်ခံစွမ်းအားစနစ်အပေါ်ကောင်းကျိုးသက်ရောက်နိုင်တာဖြစ်ပြီး ကိုယ်ခံအားကောင်းစေဖို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။

ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ သီချင်းဆိုခြင်းဟာ လူတွေအတွက် ရုပ်ပိုင်းဆိုင်ရာကျန်းမာခြင်းသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းတွေပါ ပေးစွမ်းပြီး အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ ကူညီပေးပါတယ်။

နောက်ထပ်သီချင်းဆိုခြင်းရဲ့ ကောင်းကျိုးတွေကတော့ အဆုတ်ကိုကျန်းမာစေခြင်း ကိုယ်နေဟန်ထားမှန်ကန်အောင်ကူညီပေးခြင်း မိတ်ဆွေသူငယ်ချင်းတိုးစေခြင်း စိတ်ကျရောဂါကာကွယ်ပေးခြင်း ကြွက်သားတွေသန်မာခြင်း ပေါင်းသင်းဆက်ဆံရေးကောင်းစေခြင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုမြင့်တက်စေခြင်း စသည်ဖြင့်ကောင်းကျိုးတွေများစွာရရှိစေနိုင်ပါတယ်။