လူတစ်ယောက်ကိုယ့်ကိုလိမ်နေလား ညာနေလားဆိုတာ ခံစားချက်အတိုင်း အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ဖို့တော့ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အခုပြောပြမယ့်လက္ခဏာတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင့်ချစ်သူက သင့်အပေါ် တစ်စုံတစ်ခု လိမ်ညာထားတယ် လျို့ဝှက်ထားတဲ့အရာတစ်ခုခုရှိနေတယ်ဆိုတာကို ခန့်မှန်းကြည့်လို့ရနိုင်ပါလိမ့်မယ်။
(၁) မလိုအပ်ပဲဒေါသကြီးနေမယ်

Source : Psychology Today
လူတစ်ယောက်က မလိုအပ်ပဲဒေါသကြီးနေခြင်းက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဖြစ်တက်တဲ့ အမူအရာတစ်ခုဖြစ်ပါတယ်။ သင့်ကိုလိမ်ညာနေတယ်ဆိုရင် သာမာန်မေးခွန်လေးတွေဖြစ်တဲ့ ဘယ်မှာလဲ ဘယ်သူနဲ့ရှိနေလဲ ဘာတွေလုပ်နေလဲဆိုတဲ့ အသေးမွှားမေးခွန်းလေးတွေကအစ သင့်ကို ဒေါသထွက်နေမိတက်ပါတယ်။
(၂) အသံပြောင်းနေမယ်

Source : WEB
မိန်းကလေးတွေဟာ ကြောက်ရွံ့စိတ်ဖြစ်လာတာနဲ့အမျှ မူမမှန်တဲ့အသံနေအသံထားတွေထွက်လာတက်ပါတယ်။ သင့်အပေါ်လိမ်ထားတာတဲ့ အရာတစ်ခုခုရှိနေတယ်ဆိုရင် သင့်ကိုစကားပြောရာမှာ မလိုအပ်ဘဲ စကားတဖြတ်နဲ့တဖြတ် ကြန့်ကြာနေတာမျိုး သာမန်စကားပြောနေသလိုမဟုတ်ဘဲ သတိအရမ်းထားပြီး ပြောနေတာမျိုးလုပ်တက်ပါတယ်။
(၃) မျက်လုံးတွေကိုကြည့်ပါ

Source : Bossed Up
မျက်လုံးတစ်စုံဟာ လူတစ်ယောက်ရဲ့စိတ်ကို လစ်ဟပြနိုင်တဲ့ ပြတင်းတံခါးတခုလို့ဆိုရင် မှားနိုင်ဖွယ်ရာမရှိပါဘူး။ သင့်ကောင်မလေး လိမ်ညာနေပြီလား ဆိုတာသိချင်ရင်တော့ သူမရဲ့မျက်လုံးတွေကိုပဲ အသေချာကြည့်ပြီး အကဲခတ်ပါ။ ဒါဟာ သူမ သင့်အပေါ်ရိုးသားမှု ရှိမရှိဆိုတာကို အစစ်မှန်ဆုံးအဖြေတစ်ခုပေးနိုင်မယ့်နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
(၄) ရုတ်တရက်မေးပါ

Source : Insider
သူမဆီက မူမမှန်တဲ့အဖြေတစ်ခု သင်ရထားခဲ့ရင် ချက်ချင်းမစွပ်စွဲပါနဲ့။ ထွေရာလေးပါး ဆက်ပြောကြည့်ပါ။ အတန်ကြာမှ မသိမသာလေးသွယ်ဝိုက်ပြီး ရုတ်တရက်မေးပါ။ သူမရဲ့အဖြေမှာ အနည်းငယ်ကွဲပြားမှုရှိနေခဲ့လျှင်တော့ သင် မသိသင့်တဲ့အရာတစ်ခုရှိနေပြီဆိုတာ ရာခိုင်နှုန်းတော်တော်များများ သေချာနေပါပြီ။
