နည်းပညာပစ္စည်းတွေကလူတွေရဲ့နေ့စဉ်ဘဝအတွက် မပါမဖြစ်အရေးပါတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီထဲမှာစမတ်ဖုန်းတွေကလည်း ထိပ်ဆုံးကပါ ပါတယ်။ ဖုန်းတွေက နေ့စဉ်ဘဝမှာ ဆက်သွယ်ရေးကဏ္ဍအတွက်သာမက ဖျော်ဖြေရေးနှင့် လေ့လာသင်ယူခြင်းတွေ သတင်းအချက်အရရယူမှုတွေအတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်ခုပါ။ သို့သော် ဖုန်းတွေကိုအလွန်အကျွံအချိန်ကြာမြင့်စွာသုံးနေတယ်ဆိုရင်တော့ သင့်ရဲ့နေ့စဉ်ဘဝအပေါ်ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။

(၁) အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေတယ်

Source : AskMen

စမတ်ဖုန်းအပါအဝင် နည်းပညာပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေ ထွက်ပေါ်လာတဲ့ ရောင်ခြည်တွေဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်ကို နိုးကြားနေစေတာကြောင့် အိပ်ပျော်ရခက်စေပါတယ်။ ဒါကြောင့်အဆိုပါနည်းပညာပစ္စည်းတွေကို အိပ်ရာဝင်ခါနည်းမှာ သုံးတာမျိုးလုံးဝရှောင်ကျဉ်ပေးသင့်ပါတယ်။

(၂) အဝလွန်ရောဂါဖြစ်စေနိုင်တယ်

Source : Wyoming Public Radio

အချိန်ကြာမြင့်ဖုန်းထိုင်သုံးနေခြင်းက ခန္ဓာကိုယ် ကိုယ်လက်လှုပ်ရှားမှုနည်းစေပြီး အဝလွန်ခြင်းအပါအဝင် နှလုံး သွေးတိုး ဆီးချိုကံ့သို့ နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တနေ့မှာ ဖုန်းသုံးပြီး အထိုင်များတဲ့အချိန်တွေနည်းသွားစေဖို့ ဖုန်းကိုအချိန်အကန့်အသတ်နဲ့ သုံးတာမျိုး လေ့ကျင့်ခန်းလုပ်ပေးတာမျိုးတွေလုပ်သင့်ပါတယ်။

(၃) မှတ်ဉာဏ်စွမ်းရည်ထိခိုက်ခြင်း

Source : Medical Daily

အချိန်ကြာမြင့်စွာ စမတ်ဖုန်းအသုံးပြုခြင်းက ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို များစွာထိခိုက်လာစေပါတယ်။ ဦးနှောက်ရဲ့ အလုပ်လုပ်မှုကို နှောင့်နှေးစေတဲ့အတွက် မကြာခဏ မေ့လျော့တာတွေဖြစ်လာကာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းတွေ ၊ ဖန်တီးနိုင်စွမ်းတွေပါ လျော့ကျလာမှာဖြစ်ပါတယ်။

(၄) စိတ်ဓာတ်ကျစေတယ်

Source : JourneyPure Bowling Green

လေ့လာမှုတွေအရ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေကို စွဲစွဲလန်းလန်းသုံးသူတွေဟာ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတို့ခံစားကြရပြီး စိတ်ဓာတ်ကျခြင်းဝေဒနာတွေခံစားကြရပါတယ်။ ဖုန်းတွေပေါ်မှာပဲ အာရုံစိုက်တဲ့အခါ ပြင်ပလောက လူမှုပတ်ဝန်းကျင်နဲ့ အဆက်ပြတ်ပြီး အထီးကျန်ခြင်းစိတ်ဓာတ်ကျခြင်းတွေဖြစ်စေနိုင်တာဖြစ်ပါတယ်။