လစဉ်လတိုင်းငွေကြေးနဲ့ ပတ်သတ်ပြီး အခက်အခဲရင်ဆိုင်ရနေလို့စိတ်ညစ်နေပြီးလား။ အများစုက ရှာနိုင်တာထက်ပိုပြီး သုံးမိတဲ့အခါ ငွေကြေးအခက်အခဲဖြစ်စေနိုင်သလို အခုပြောပြမယ့်အချက်တွေကလည်း ငွေကြေးအခက်အခဲဖြစ်စေတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။

(၁) မလိုအပ်တဲ့အရာတွေအတွက်ငွေသုံးနေမိတဲ့အခါ

Source : Chain Store Age

လူတိုင်းလူတိုင်းမှာ တစ်လတစ်ခါအမှန်တကယ် ဝယ်ယူရတဲ့ပစ္စည်းတွေအတွက် မဖြစ်မနေ ကုန်ကျစရိတ်တွေရှိပါတယ်။ ဒါဒီအရာတွေအတွက် ငွေသုံးရတာကိစ္စမရှိပေမယ့် သင့်အတွက် အမှန်တကယ် မဖြစ်မနေလိုအပ်ခြင်းမရှိသေးတဲ့ ပစ္စည်းတွေကို စိတ်ဆန္ဒအလျောက်ဝယ်ယူခြင်းကတော့ ငွေကြေးအခက်အခဲဖြစ်စေတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ မလိုအပ်တဲ့အရာတွေအတွက် ငွေကုန်ခံနေမိတယ်ဆိုရင် အချိန်မှီထိန်းချုပ်လိုက်ပါ။

(၂) စာရင်းဇယားမထားတဲ့အခါ

Source : US News Money

ကိုယ့်ရဲ့တစ်လတာဝင်ငွေနဲ့ထွက်ငွေအတွက် တိကျတဲ့စာရင်းဇယားရှိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ်ရဲ့တစ်လတစ်လဝင်ငွေဟာ ဘယ်အရာတွေအတွက် ဘယ်လောက်သုံးလိုက်တယ်ဆိုတာသေချာသိနိုင်တော့မှာမဟုတ်ပဲ အုတ်ရောရောကျောက်ရောရောနဲ့ ကုန်လို့ကုန်မှန်းမသိဖြစ်သွားတက်ပါတယ်။ ဒါကြောင့် လစဉ်ကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သတ်ပြီး တိကျတဲ့ စာရင်းဇယားထားရှိဖို့အကြံပြုချင်ပါတယ်။

(၃) အကြွေးယူနေမိတဲ့အခါ

Source : Financial Framework

ကြွေးဆိုတာ မဆုံးနိုင်တဲ့သံသရာလည်ခြင်း တစ်ခုဖြစ်ပါတယ်။ အကြွေးယူလိုက် သုံးလိုက် လကုန်တဲ့အခါ ပြန်ဆပ်လိုက်နဲ့ မဆုံးနိုင်တဲ့သံသရာကြီးထဲမှာ တဝဲလည်လည်ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင်အကြွေကင်းအောင်နေပါ။ မရသေးတဲ့ငွေကိုကြိုတင် သုံးမိတာမျိုးတွေ အပျော်ပါးအတွက် ငွေသုံးနေတာတွေ ရှောင်ကျဉ်ပြီး လတိုင်းကိုယ့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုစုဆောင်းသွားကြည့်ပါ။ အကြွေးကင်းတဲ့ဘဝက အရမ်းကိုအေးချမ်းတယ်ဆိုတာသိလာပါလိမ့်မယ်။