ကိုယ့်တကယ်ချစ်မြတ်နိုးရတဲ့ ချစ်သူကောင်မလေးကို ပျော်ရွှင်အောင်ထားချင်ကြတာ ယောကျာ်းလေးတိုင်းရဲ့ဆန္ဒပါပဲ။ ချစ်သူကောင်မလေးကို တကယ်ပဲ ပျော်အောင်ထားနိုင်ဖို့ ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာမလိုပါဘူး။ အခုပြောပြမယ့် အချက်လေးတွေကို ရှောင်ကျဉ်မယ်ဆိုရင် ချစ်ကောင်မလေးပျော်ရွှင်ရမှာသေချာပါတယ်။
(၁) လိမ်ညာမှုတွေရှောင်ပါ

Source : Jean Fitzpatrick
မိန်းကလေးတိုင်းက လိမ်ညာခြင်း မုသားဆိုခြင်းတွေကို အင်မတန်မုန်းကြပါတယ်။ လိမ်ညာတဲ့စကားတွေ မုသားတွေက သင့်တို့ချစ်သူနှစ်ဦးကြားမှာ ဆက်ဆံရေးပျက်ပြားစေနိုင်တဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါလိမ်ညာရုံနဲ့ သင်တို့နှစ်ဦးကြားက ယုံကြည်မှုဟာ ပျက်စီးသွားပြီး အကြိမ်ကြိမ်သံသရစိတ်တွေဝင်သွားစေနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ချစ်သူအပေါ် လိမ်ညာမှုတွေ မုသားတွေမပြောမိအောင်ရှောင်သင့်ပါတယ်။
(၂) မာနချင်းပြိုင်တာတွေရှောင်ပါ

Source : Inc.com
ငယ်ရွှယ်တဲ့ချစ်သူစုံတွဲတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက်မာနချင်းပြိုင် ဘယ်သူနိုင်ဆိုတာမျိုး လုပ်တက်ကြပါတယ်။ လူတိုင်းက အနည်းနဲ့ အများတော့ မာနလေးတွေရှိတက်ကြပေမယ့် ချစ်သူစုံတွဲတွေကြားမှာတော့ ကိစ္စတိုင်းကို မာနတွေရှေ့တန်းတင်နေရင် အဆင်မပြေတဲ့ အချစ်ရေးတစ်ခုသာဖြစ်လာမှာပါ။ ဒါကြောင့် ကိုယ်ချစ်သူနဲ့ပတ်သတ်ရင် မာနတွေအရမ်းမထားပါနဲ့။ မာနစိတ်တွေမရှိလေ သင့်တို့ရဲ့ ဆက်ဆံရေးကပိုပြီး ခိုင်မာကာပျော်ရွှင်ရလေဖြစ်မှာသေချာပါတယ်။
(၃) ချုပ်ကိုင်ချင်တာမျိုးတွေရှောင်ပါ

Source : www.healthscopemag.com
ချစ်သူရည်းစားတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်မှုတွေ ချုပ်ကိုင်မှုတွေကြီးထွားလာရင် ဘယ်သူမှရေရှည်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ကိုယ်သဘော ကိုယ့်စိတ်ကြိုက်ပဲနေစေချင်လို့မရသလို ကိုယ့်ဖြစ်ချင်တဲ့ပုံစံအတိုင်းလည်း ပုံသွင်းယူလို့မရနိုင်ပါဘူး။ သူမရဲ့ဖြစ်တည်မှုကို လက်ခံနိုင်မှသာ သူမကိုတကယ်ချစ်တာလို့ဆိုနိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သူမကိုတကယ်ပျော်စေချင်တယ်ဆိုရင် သူမရဲ့ဖြစ်တည်မှုကိုလက်ခံပါ သူမရဲ့လွတ်လပ်ခွင့်ကိုလေးစားပါ။ သင်ဖြစ်စေချင်တဲ့အတိုင်း လုပ်ယူဖန်တီးတာမျိုးတွေ ချုပ်ကိုင်ချယ်လှယ်ချင်တာမျိုးတွေရှောင်ကျဉ်သင့်ပါတယ်။
(၄) တန်ဖိုးမထားတဲ့အပြူအမူတွေရှောင်ပါ

Source : SheKnows
ချစ်သူစုံတွဲတွေကြားမှာ တချို့ကိစ္စသေးသေးမွှားမွှားလေးတွေက တစ်ခါတစ်လေမှာ တန်ဖိုးမထားဘူးဆိုတဲ့သဘောမျိုးသက်ရောက်သွားစေနိုင်ပါတယ်။ ဥပမာ ချစ်သူနှစ်ဦးကြားက အမှတ်တရဖြစ်စရာနေ့ရက်တွေကိုမေ့နေတာမျိုးပါ။ ဒီလိုနေ့တွေကို မကြာခဏ မေ့လျော့နေခြင်းကလည်း သူမကိုတန်ဖိုးမထားဘူး သူမနဲ့တည်ဆောက်ထားတဲ့ relationship တစ်ခုကိုတန်ဖိုးမထားဘူးဆိုတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးရဲ့နှစ်ပတ်လည်နေ့တွေမှာ အကုန်အကျများတဲ့ စပရိုက်တွေမလုပ်ပေးနိုင်ရင်တောင် သူမအနားမှာရှိနေတာမျိုး သူမကိုချစ်ကြောင်းဖော်ပြနေတဲ့ စာတိုလေးတွေပေးပို့တာမျိုးလုပ်သင့်ပါတယ်။ ဒါဆိုသေချာပေါက် သူမကိုချစ်တယ်ဆိုတာပေါ်လွင်စေပြီး ပျော်ရွှင်တဲ့ခံစားမှုမျိုးပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
