အစားအစာက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပေးစွမ်းသလို စိတ်ညစ်စရာကြုံတိုင်းလည်း စိတ်ခံစားမှုကောင်းမွန်စေဖို့ ကူညီပေးနိုင်တဲ့အစွမ်းတွေရှိပါတယ်။ ဒီနေ့မှာတော့ သင့်အနေနဲ့ စိတ်ညစ်စရာ စိတ်ရှုပ်ထွေးစရာကိစ္စတစ်ခုခုကြုံတိုင်း အခုပြောပြပေးမယ့် အစားအစာတွေကို မှီဝဲစားသုံးမယ်ဆိုရင် စိတ်ဖိစီးမှု လျော့ကျစေဖို့ကူညီပေးမှာပါ။
(၁) မုန်လာဥနီ

တကျွတ်ကျွန်နဲ့ဝါးစားလို့ကောင်းတဲ့ မုန်လာဥနီတွေဟာ စိတ်ဖိစီးမှုလျော့ချပေးနိုင်တဲ့အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ မုန့်လာဦနီမှာ ကယ်လိုရီပါဝင်မှုနည်းပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တော်တော်များများလည်း ပါဝင်ပါတယ်။
(၂) အမဲရောင်ချောကလက်

အမဲရောင်ချောကလက်မှာပါဝင်တဲ့ ကိုကိုးဓာတ်က စိတ်မကြည်လင်တာတွေ စိတ်ဖိစီးတာတွေကို အမြန်ဆုံးသက်သာစေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရလည်း ချောကလက်မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်က ခန္ဓာကိုယ်အတွက် ပျော်ရွှင်ဖွယ်ဟော်မုန်းဓာတ်တွေကိုလည်း ထုတ်လွှတ်ပေးတာကြောင့် စိတ်ညစ်စရာ စိတ်ရှုပ်စရာကြုံတိုင်းချောကလက် အနည်းငယ်စားပေးသင့်ပါတယ်။
(၃) ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင်ဓာတ်များကြွယ်ဝစွာပါဝင်တဲ့ အပြင်ပိုတက်စီယမ်ဓာတ် သံဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်များပြည့်ပြည့်ဝဝပါဝင်ပါတယ်။အဆိုပါဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် အားအင်တွေ များစွာဖြစ်စေနိုင်သလို စိတ်ညစ်စရာတွေ စိတ်ဖိစီးတွေကို လျော့ကျစေဖို့ ကူညီပေးပါတယ်။
(၄) ဟင်းနုနွယ်

အစိမ်းရောင်ဟင်းနုနွယ်တွေဟာ ဗီတာမင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ စိတ်ခံစားမှုမကောင်းခြင်း စိတ်ကျရောဂါဖြစ်ခြင်းတွေဟာ ဗီတာမင်ဓာတ် အလုံအလောက်မရရှိတဲ့သူတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိတာကြောင့် စိတ်ညစ်လာတဲ့အခါ ဟင်းနုနွယ်ရွက်သာ စားလိုက်ပါ။
(၅) ရေ

ရေဓာတ်အလုံအလောက်မရသူတွေမှာလည်း မောပန်းနွမ်းနယ်ခြင်း၊ စိတ်အလိုမကျခြင်းများ အများဆုံးဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်တစ်နေ့ကို သောက်သုံးပေးသင့်တဲ့ ရေပမာဏအတိုင်း ပြည့်ဝစွာသောက်သုံးပေးဖို့လိုပါတယ်။ တစ်နေ့ကိုအနည်းဆုံး ရေ ၆ ခွက်ကနေ ၇ ခွက်ခန့် သောက်သုံးပေးရမှာဖြစ်ပါတယ်။
