ကိုယ့်ချစ်သူကောင်မလေးကို တန်ဖိုးထားတယ်ဆိုတာ သူမသိအောင်ဘယ်လိုလုပ်မလဲ။ ဒီဆောင်းပါးလေးမှာတော့ လွယ်ကူရိုးရှင်းတဲ့ အချစ်ရေးမှာအခြေခံကျတဲ့ အမူအရာလေးတွေနဲ့ သူမကိုတန်ဖိုးထားကြောင်း ပြသနိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ဂရုစိုက်ပါ

Source : Shutterstock
သူမကို ဂရုစိုက်မယ် သူမနဲ့ ပတ်သတ်တဲ့ကိစ္စသေးသေးမွှားမွှားလေးတွေကအစ အလေးထားမယ်ဆိုရင် သူမကိုတန်ဖိုးထားကြောင်းပြရာရောက်စေပါတယ်။ ဥပမာ မနက်အိပ်ရာနိုးတာတဲ့ စာတိုလေးတစောင်ပို့တာမျိုး သူစိတ်အားငယ်နေချိန်အနားမှာရှိပြီး အားပေးတာမျိုး အားလပ်ချိန်တိုင်းကောင်မနဲ့ အတူအချိန်ကုန်ဆုံးတာမျိုး စတဲ့အရာလေးတွေ လုပ်ဆောင်ပေးသင့်ပါတယ်။
(၂) ရိုးသားပါ

Source : Mallorca Photographer
ကိုယ့်ကောင်မလေးကိုတကယ်တန်ဖိုးထားရင် သူမအပေါ်လိမ်ညာတာ မုသာသုံးတာမျိုးတွေရှောင်သင့်ပါတယ်။ ဒါမှလည်း တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုတိုးပြီး အချစ်ခရီးလမ်းကအဆင်ပြေမှာပါ။ သူမအပေါ်မှာ ရိုးသားတဲ့အချစ်နဲ့ ချစ်မယ်ဆိုရင် သူမအနေနဲ့ သူမကိုတန်ဖိုးထားတယ်ဆိုတာ သိပါလိမ့်မယ်။
(၂) ရန်ဖြစ်ရင်မအော်ပါနဲ့

Source : Mallorca Photographer
ချစ်သူစုံတွဲတွေတစ်ယောက်နဲ့ တစ်ယောက်ရန်ဖြစ်စိတ်ဆိုးကြတဲ့အခါ စိတ်ခံစားမှုနောက်လိုက်ပြီး အော်လိုက်တာ ရိုင်းတဲ့စကားတွေပြောလိုက်တာမျိုးရှိတက်ပါတယ်။ ဘယ်လောက်ပဲစိတ်တိုနေပါစေ ဒီလိုအမူအရာတွေက သူမကိုတန်ဖိုးမထားဘူး မချစ်ဘူးဆိုတဲ့ခံစားမှုမျိုးခံစားသွားစေနိုင်ပါတယ်။ ဒါကြောင့် ရန်ဖြစ်ရင်တောင် အတက်နိုင်ဆုံးစိတ်လျော့ပြီး အေးအေးဆေးဆေးဖြေရှင်းပါ။
