လမ်းလျောက်ခြင်းဆိုတာ ကလေးဘဝတည်းက စတင်သင်ယူခဲ့ကြရပြီး လက်ရှိအသက်အရွယ်အထိခြေလှမ်းပေါင်းများစွာလျောက်ခဲ့ပြီဖြစ်ပါတယ်။ လမ်းလျောက်ခြင်းကနေ့စဉ်အလေ့အထတစ်ခုလို့ပဲ ထင်ရပေမယ့် တကယ့်ကိုအကျိုးကျေးဇူးတွေများစွာရှိတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တစ်နေ့ကို နာရီဝက်လောက်လမ်းပုံမှန်လျောက်ခြင်းဖြင့် ရရှိလာနိုင်မယ့်အကျိုးကျေးဇူးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

Source : Global Sport Matters
လမ်းလျောက်ခြင်းက တကယ့်ကိုကောင်းမွန်တဲ့ အားကစားတစ်ခုဖြစ်ပြီး ငွေကုန်ကျသက်သာစွာနဲ့ အချိန်နေရာမရွေးလုပ်ဆောင်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက စိတ်ဖိစီးမှုကိုလျော့ကျစေဖို့ကူညီပေးတာကြောင့် နေ့စဉ်နာရီဝက်လောက်လမ်းလျောက်ခြင်းဖြင့် စိတ်ဖိစီးမှုနည်းတဲ့ လူနေမှုဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
လမ်းလျောက်ခြင်းရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုက ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေတာဖြစ်ပါတယ်။ နာရီဝက်လောက် ခပ်သွက်သွက်လမ်းလျောက်ပေးရုံနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ ကယ်လိုရီ ၃၀၀ ခန့်လောင်ကျွမ်းစေမှာဖြစ်ပြီး သက်လုံလည်းကောင်းစေမှာဖြစ်ပါတယ်။
လမ်းလျောက်တဲ့အခါ နှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေပြီး ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ဒါအပြင့် ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးတာကြောင့် ကူးစက်ရောဂါနဲ့ဖျားနာခြင်းတွေကာကွယ်ပေးပြီး ကျန်းမာနေမှာဖြစ်ပါတယ်။

Source : Newfeel
လမ်းလျောက်ခြင်းက အိပ်စက်မှုကိုလည်းအထောက်အကူဖြစ်စေပါတယ်။ နေ့စဉ်ပုံမှန်လမ်းလျောက်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ကို ကူညီပေးပါလိမ့်မယ်။
