လူတိုင်းလူတိုင်းမှာ သဘောကျနှစ်သက်တဲ့ ဝါသနာတစ်ခုစီတော့ရှိတက်ကြပါတယ်။ တချို့ဝါသနာတွေက သင့်ကိုပျော်ရွှင်စေတယ်။ တချို့ဝါသနာတွေက သင့်ကို စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်စေတယ်။ တချို့ဝါသနာတွေကျတော့ သင့်ကိုအောင်မြင်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲပေးနိုင်တယ်။ ဒီဆောင်းပါးလေးမှာပြောပြမယ့် ဝါသနာတွေကတော့ သင့်ရဲ့အားလပ်ချိန်တွေမှာ အပိုဝင်ငွေရှာနိုင်မယ့် ဝါသနာတွေဖြစ်ပါတယ်။
(၁) တူရိယာတီးခတ်ခြင်း

Source : Novice Guitar
ဂီတတူရိယာတစ်ခုခု တီးခတ်ခြင်းကကောင်းမွန်တဲ့ ဝါသနာတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ဂီတာ ပီယာနို တယော စသည်ဖြင့် ဂီတတူရိယာတစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင်တီးခတ်တက်တယ်ဆိုရင် အားလပ်ချိန်မှာ အချိန်ပိုင်းသင်တန်း ဆရာအဖြစ်လည်းကောင်း တီးဝိုင်းတွေမှာ ဝင်ရောက်တီးခတ်၍သော်လည်းကောင်း အပိုဝင်ငွေရှာနိုင်ပါတယ်။
(၂) စာရေးခြင်း

Source : Shutterstock
နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း အရင်ကထက်များစွာပေါ်လာပါတယ်။ စာရေးစာဖတ်ဝါသနာပါသူတစ်ယောက်အနေနဲ့ အွန်လိုင်းပေါ်မှာ Content Writer အဖြစ် ဆောင်းပါးတွေဖန်တီးရေးသားခြင်း ကိုယ်ပိုင် ဘလော့ထောင်ပြီး စာရေးခြင်းတွေနဲ့ အပိုဝင်ငွေရှာနိုင်နေပြီဖြစ်ပါတယ်။
(၃) ဓာတ်ပုံရိုက်ခြင်း

Source : Freepik
ဓာတ်ပုံရိုက်တဲ့ဝါသနာကလည်း သင့်ကိုအပိုဝင်ငွေရစေနိုင်တဲ့ အကောင်းဆုံးဝါသနာတစ်ခုဖြစ်ပါတယ်။ လှပတဲ့ဓာတ်ပုံတစ်ပုံရဖို့ စိတ်ကူစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးရတာကိုဝါသနာပါတယ်ဆိုရင် ဓာတ်ပုံရိုက်ခြင်းက တကယ်ပဲဝင်ငွေရစေမှာပါ။ ယနေ့ခေတ်မှာ လူတိုင်းလူတိုင်း ဓာတ်ပုံလှလှလေးတွေကို ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေသုံးပြီး ရိုက်နေကြတာကြောင့် သင့်ရဲ့ဖန်တီးမှုလက်ရာပေါ်မူတည်ပြီး ဝင်ငွေများများရနိုင်ပါတယ်။
(၄) ချက်ပြုတ်ခြင်း

Source : Quora
အချက်အပြုတ်ဝါသနာပါတဲ့ ယောကျာ်းလေးတွေများစွာရှိသလို ကမ္ဘာပေါ်က နာမည်ကြီး Chef တွေကလည်း အမျိုးသားတွေပါနော်။ အချက်အပြုတ်လက်ရာကောင်းကောင်း ချက်တက်တယ်ဆိုရင် အခုခေတ်မှာအွန်လိုင်းကနေတဆင့် ရောင်းလို့ရနေပါပြီ။ သန့်ရှင်းလတ်ဆတ်ပြီး အရသာကောင်းတယ်ဆိုရင် တကယ်ပဲရောင်းရပါတယ်။ ဟင်းလျာတွေမှ မဟုတ်ပါဘူး။ ကိတ်မုန့် ပေါင်မုန့် ကွတ်ကီး နဲ့ တခြားအဆာပြေမုန့်တွေ လည်းရောင်းလို့ရနိုင်ပါတယ်။
