ချစ်သူကောင်မလေးနဲ ပထမဆုံးအကြိမ်ဒိတ်လုပ်တဲ့အချိန်ဟာ ရင်ခုန်စရာကောင်းတာတော့အမှန်ပါပဲ။ ကိုယ့်အနေနဲ့ စိတ်လှုပ်ရှားလို့ပဲ ဖြစ်စေ စကားစရှာမရလို့ပဲ ဖြစ်စေ အောက်မှာပြောပြထားတဲ့ စကားတွေကိုတော့ လုံးဝရှောင်ကျဉ်သင့်ပါတယ်။ ဒါမှလည်း သင်တို့ရဲ့ First Date အောင်အောင်မြင်မြင်နဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။

Source : nerekersuper.tk

ရည်းစားဟောင်းအကြောင်း – First Date မပြောသင့်တဲ့စကားတစ်ခုက အတိတ်ကအကြောင်းတွေကိုပြန်လှန်ပြောဆိုခြင်းဖြစ်ပါတယ်။ သူမ မတွေ့ခင် ကိုယ့်ရဲ့အတိတ်က အချစ်ရေးကိစ္စတွေသော်လည်းကောင်း သူမရဲ့အတိတ်ကရည်းစားဟောင်းအကြောင်းသော်လည်း မေးမြန်းခြင်း ပြောဆိုခြင်းတွေကို လုံးဝရှောင်သင့်ပါတယ်။

ငွေကြေး – ငွေကြေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကိုလည်း သင်တို့ရဲ့ပထမဆုံးဒိတ်မှာပြောဖို့မသင့်တော်ပါဘူး။ ကိုယ်အနေနဲ့ တစ်လလောက် ဝင်ငွေဘယ်လောက်ရှိတယ်ဆိုတာမျိုးတွေ သူမကိုရော လစာဘယ်လောက်ရလဲဆိုတဲ့မေးခွန်းမျိုးတွေရှောင်ပါ။

နိုင်ငံရေး – ပထမဆုံးဒိတ်မှာနိုင်ငံရေးအကြောင်းဆွေးနွေးတာကလည်းသင်တို့နှစ်ဦးရဲ့ဆက်ဆံရေးကို ရင်းနှီးစေမယ့်အစား ပိုပြီးဝေးကွာတဲ့အခြေအနေမျိုးကိုရောက်နိုင်ပါတယ်။ နိုင်ငံရေးကိစ္စတွေက တစ်ဦးနဲ့ တစ်ဦးအမြင်မတူတာ သဘောထားကွဲလွဲတာတွေဖြစ်တာကြောင့် ဒီအချက်ကို First Date မှာရှောင်ကိုရှောင်သင့်ပါတယ်။

Source : iHarare News

မိသားစုနောက်ခံအကြောင်း – တစ်ယောက်နဲ့တစ်ယောက် မိသားစုနောက်ကြောင်းရာဇဝင်တွေမေးမြန်းတာ မိတ်ဆက်တာတွေလုပ်ဖို့က First Date မှာစောလွန်းသေးပါတယ်။ First Date မှာအဆင်ပြေသွားပြီဆိုရင် နောက်ထပ်တွေ့ဆုံမှုတွေ ဒိတ်လုပ်တဲ့အချိန်တွေမှာ မေးလို့ရပါတယ်။