စုံတွဲတိုင်းနီးပါး စကားများရန်ဖြစ်ကြတာများပါတယ်။ တကယ်လို့ စကားများရန်ဖြစ်တာက ရှည်ကြာမယ်ဆိုရင် မကောင်းတဲ့အကျိုးဆက်တွေ တွေ့ကြုံခံစားရနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ kwee page က အငြင်းအခုံဖြစ်ခြင်းကို ရပ်တန့်စေနိုင်မယ့် အသုံးဝင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အပြစ်မရှာပါနဲ့

သင့်ရဲ့ပါတနာကို အပြစ်ရှာပြောနေခြင်းက အခြေအနေကို ပိုပြီးဆိုးရွားသွားစေပါတယ်။ သင့်ရဲ့ပါတနာကို အပြောအဆို ဖြစ်သော်လည်းကောင်း အပြုအမူဖြစ်သော်လည်းကောင်း စော်ကားခြင်းမပြုပါနဲ့။ သင့်ကို စိတ်ဆိုးဒေါသထွက်စေတဲ့ အရာတွေကိုသာ အဓိကထားပြီး ပြောပါ။

တစ်ဖက်လူရဲ့ ခံစားချက်ကို ထည့်တွက်ပါ

သင့်ရဲ့ခံစားချက်ကို ပြောပြပါ။ ဒါပေမယ့် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း မေ့ထားလို့မရပါဘူး။ သူတို့ရဲ့ခံစားချက်တွေကို ထည့်သွင်းပြောကြားခြင်းဖြင့် သူတို့ကိုနားလည်ကြောင်း ပြသနိူင်ပါတယ်။

သင့်ရဲ့ပါတနာကို အထင်သေးတဲ့အပြုအမူမျိုးမလုပ်ပါနဲ့

ဒီအချက်က အရေးကြီးပါတယ်။ သင့်ရဲ့ပါတနာကို အထင်သေးတဲ့အပြုအမူမျိုးလုံးဝမလုပ်ပါနဲ့။ ပြီးတော့ သင်က သူ့ထက်ပိုသာကြောင်းလည်း မပြောပါနဲ့။ ဒါက သူဟာ သင့်ထက် အရည်အချင်းမရှိကြောင်း ပြရာရောက်ပါတယ်။ ပြသာနာတခုခုကို နှစ်ယောက်အတူတူ အဖြေရှာဖို့ပဲ ကြိုးစားပါ။

အပြစ်တင်ဖို့ မကြိုးစားပါနဲ့

ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုတာကို အငြင်းအခုံလုပ်တာက မှားပါတယ်။ ဖြစ်တာက ဖြစ်ပြီးသွားပါပြီ။ အဓိကက ဒီလိုအမှားမျိုးနောက်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တိုင်ပင်ဆွေးနွေးရမှာပါ။

အတိတ်ကအမှားတွေကို ပြန်မဖော်ပါနဲ့

ပြဿနာတခုခုဖြစ်တိုင်း သင့်ပါတနာရဲ့ အတိတ်ကအမှားတွေကို ပြန်ပြောခြင်းက ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပိုကောင်းလာအောင် မလုပ်ပေးနိူင်ပါဘူး။ ယခုလက်ရှိဖြစ်နေတဲ့ ပြသာနာအပေါ်ကိုသာ အာရုံစိုက်ပါ။ သင့်ကို ဘာကစိတ်နှောက်အယှက်ဖြစ်စေလဲဆိုတာကို အဖြေရှာပါ။

အမြင်မတူတာကို လက်ခံဖို့ကြိုးစားပါ

လူတစ်ယောက်နဲ့တစ်ယောက် အမြင်မတူနိူင်ပါဘူး။ အမြင်ခြင်းတူတဲ့လူနဲ့ ပေါင်းဖက်ရဖို့ကလည်း မလွယ်ကူလှပါဘူး။ ဒါကြောင့် သင့်ရဲ့အမြင်ကိုလည်း ပြောပြပါ။ သင့်ပါတနာရဲ့အမြင်ကိုလည်း နားထောင်ပေးပြီး ဆွေးနွေးပါ။ relationship တခုမှာ နှစ်ယောက်တိုင်တိုင်ပင်ပင် ရှိတာက ပိုမိုကောင်းမွန်တဲ့ ဘဝကိုပိုင်ဆိုင်ဖို့ နည်းလမ်းပါပဲ

Souce: Bright Side