Stephen Hawking ရဲ့ထင်မြင် ယူဆချက်အရ လူသားတွေဟာ နောက်ထပ် နှစ်ပေါင်း နောက်ထပ် (၁၀၀၀) ခန့်သာ အသက်ရှင်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒီနေ့ kwee page က လာမယ့်နှစ်ပေါင်း (၁၀၀၀) အတွင်းမှာ ပြောင်းလဲသွားနိုင်တဲ့ အရာလေးတွေကို ခန့်မှန်းဖော်ပြပေးလိုက်ပါတယ်။

လူတွေ အသက်ထောင်ကျော် နေနိုင်လာမယ်

ဘီလီယံနာသူဌေးကြီးတွေဟာ အသက်အရွယ်ကြီးရင့်လာတာကို နှေးကွေးစေတဲ့ (သို့) ရပ်တန့်သွားအောင် ပြုလုပ်ပေးမယ့် ရှာဖွေရေးလုပ်ငန်းတွေမှာ ဒေါ်လာ သန်းပေါင်းများစွာရင်းနှီးမြုပ်နှံထားကြပါတယ်။ နှောင်လာမယ့် နှစ်ပေါင်း (၁၀၀၀) အတွင်းမှာ ဆေးဝါးပညာရှင်တွေဟာ တစ်ရှူးတွေ ပျက်စီးပြီး အသက်အရွယ်ကြီးရင့်လာတာကို တားဆီးနိူင်မယ့် ဆေးတွေ တီထွင်ဖန်တီးလာနိူင်ဖွယ်ရှိနေပါတယ်။ ယခုဆိုရင် မျိုးရိုးဗီဇ ပြောင်းလဲနိူင်တဲ့ နည်းပညာတွေထွန်းကားလာနေပြီး နောက်နှစ်အနည်းငယ်အကြာမှာ လူတွေဟာ ရောဂါတွေကို ခံနိူင်ရည်စွမ်းရှိတဲ့ ခန္ဓာကိုယ်ပိုင်လာနိုင်ပါတယ်။

လူတွေဟာ တခြားဂြိုဟ်ပေါ်မှာ အခြေချနေထိုင်လာကမယ်

နောက်နှစ်ပေါင်း (၁၀၀၀) အတွင်းမှာ လူတွေအသက်ရှင်နိူင်ဖို့ တစ်ခုတည်းသောနည်းလမ်းဟာ တခြားဂြိုဟ်တွေပေါ်မှာ အခြေချနေထိုင်ခြင်းပါပဲ။ ဒါကြောင့် လူတွေဟာ တခြားဂြိုဟ်တွေပေါ်မှာ နေထိုင်နိူင်ဖို့အတွက် ကြိုးစားနေကြတာပါ။ ကျွမ်းကျင်သူတွေကတော့ (၂၀၂၄) ခုနှစ်အရောက်မှာ မာ့စ် ဂြိုဟ်ပေါ်သို့ အခြေစိုက်စခန်းတွေ တည်ဆောင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

လူတွေက တစ်ယောက်နဲ့တစ်ယောက် တူနေကြမယ်

သိပ္ပံပညာရှင်တွေဟာ မျိုးပွားပစ္စည်းတွေကို ပြုပြင်နိူင်တဲ့ နည်းလမ်းတွေ ရှာဖွေနေကြပါပြီ။ သိပ်မကြာခင်မှာ မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေကို ဘယ်လိုရုပ်မျိုး လိုချင်လဲဆိုတာ ရွေးချယ်နိုင်တဲ့ အဆင့်ထိ ရောက်လာနိုင်ပါတယ်။

ဉာဏ်ရည်မြင့် ကွန်ပြူတာတွေ ပေါ်လာမယ်

လူတွေဟာ စက်တွေနဲ့အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာကြမယ်

ကြီးမားတဲ့ မျိုးတုံးပျောက်ကွယ်မှုတွေ ဖြစ်လာမယ်

လူတွေဟာ ဘာသာစကားတစ်မျိုးတည်းကို ပြောလာကြမယ်

ဘာသာစကားပညာရှင်တွေ ခန့်မှန်းထားကြတာက နှောင် နှစ်ပေါင်း (၁၀၀) အတွင်းမှာပဲ ဘာသာစကားပေါင်း (၉၀) ရာခိုင်နှုန်းလောက် ပျောက်ကွယ် သွားနိုင်တယ်လို့ ဆိုထားပါတယ်။

နာနိုနည်းပညာဟာ စွမ်းအင်ပြဿနာနဲ့ညစ်ညမ်းမှုပြဿနာတွေကို ဖြေရှင်းလာနိုင်မယ်

နောင်နှစ်ပေါင်း (၁၀၀၀) အတွင်းမှာ နာနိုနည်းပညာဟာ ပတ်ဝန်းကျင်ထိခိုက်မှုတွေကို လျှော့ချလာနိုင်သလို လေရေတွေကိုလည်း သန့်စင်ပေးလာနိုင်ပါလိမ့်မယ်။ ပြီးတော့ နေစွမ်းအင်ကိုလည်း သိုလှောင်ထိန်းသိမ်းပြီး စွမ်းအင်လိုအပ်ချက်ကို ဖြေရှင်းပေးလာနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Source: Bright Side