Gallup ဆိုတဲ့ ကုမ္ပဏီ တစ်ခုကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ အသက်၂၃ နဲ့ ၃၉ ကြားက (၆၀) ရာခိုင်နှန်းသော လူတွေဟာ ချစ်သူရည်းစားမရှိဘဲ တစ်ယောက်တည်း နေထိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာပေါ် အွန်လိုင်း Dating တွေအများကြီးရှိပေမယ့် ဘာဖြစ်လို့ FA တွေပေါနေရတာလဲ။
ဒီနေ့ kwee page က တစ်သက်လုံး FA ဖြစ်ဖို့ မွေးဖွားလာကြသူတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ လက္ခဏာတွေအကြောင်း ပြောပြပေးသွားမှာပါ။
အမေ့အချစ်တော် သားများ

Source: Liberal Dictionary
အသက် (၂၄ – ၃၅) ကျော်သည့်အထိ မိဘအိမ်မှာနေရတဲ့ လူတွေဟာ FA ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ အမေနဲ့နေရတာ အရမ်းအဆင်ပြေပါတယ်။ အမေက ဟင်းချက်ကျွေးတယ်။ အိပ်ခန်းသန့်ရှင်းရေးလုပ်ပေးတယ်။ အဝတ်တွေလျှော်ပေးတယ်။ တစ်ခါတစ်လေ လိမ္မာရင် မုန့်ဖိုးတောင် အဆစ်ပေးလိုက်သေး။ ဒါပေမယ့် မိဘတွေနဲ့နေပြီဆိုရင် သူတို့စကားကို နားထောင်ရပါတယ်။ မိန်းကလေးတော်တော်များများဟာ အိမ်မှာကပ်နေရတဲ့ လူတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်လေ့မရှိကြဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်တဲ့လူနဲ့ အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ သူတို့ဝန်လေးလို့ပါပဲ။
အမာခံ ပရိသတ်

Source: The False Nine
“ငါဒီနေ့ည နင်နဲ့ချိန်းထားတာ မလာနိုင်ဘူး။ ဒီနေ့ည မန်ယူပွဲလာမှာ။” ဒီလိုလူတွေဟာ သူတို့ရဲ့ ဝါသနာအတွက်ဆိုရင် ဘာမဆို စွန့်လွှတ်ရဲတဲ့ လူတွေပါ။ သူတို့မှာ အမြဲတမ်း အသင့်စောင့်နေတတ်တဲ့ သူငယ်ချင်းတွေ ရှိကြတယ်။ သူတို့ရဲ့ အိမ်တွေဟာလည်း အမြဲတမ်းလိုလို ဘောလုံးတွေ၊ ဖန်ခွတ်တွေ စတာတွေနဲ့ ပြည့်နက်နေတက်ပါတယ်။ ဒီလိုလူမျိုးတွေကိုလည်း မိန်းကလေးအများစု မလိုချင်ကြပါဘူး။
ပန်းပုဆရာ

Source: Patti-Stanger
ပန်းပုဆရာလို့ ပြောလိုက်လို့ ပန်းပုဆရာနဲ့ FA နဲ့ ဘာဆိုင်လို့လဲဆိုပြီး တွေးမိပါလိမ့်မယ်။ အမှန်က ပန်းပုထုတဲ့ ပန်းပုဆရာကို ပြောချင်တာမဟုတ်ပါဘူး။ တခြားလူတွေကို သူတို့လိုချင်သလို ပုံသွင်းတက်တဲ့ လူမျိုးတွေကို ပြောချင်တာပါ။ ဒီလိုလူတွေဟာ တခြားလူတွေကို သူတို့လိုချင်တဲ့ သူတို့ဖြစ်စေချင်တဲ့ ပုံစံရအောင် အတင်းလုပ်ယူခိုင်းတက်တဲ့လူမျိုးပါ။ ဒီလိုလူမျိုးတွေရဲ့အနားမှာ မိန်းကလေးတွေ ကြာရှည်နေလေ့မရှိကြပါဘူး။
တစ်ချိန်လုံး ဖုန်းကလိနေတဲ့လူ

Source: Gzelle
ဘေးကလူက သူရဲ့ဘဝဇာတ်ကြောင်းတွေ ရင်နာစရာ၊ ပျော်စရာအကြောင်းတွေ ပြောနေပေမယ့် သင်က စိတ်မဝင်စားနိူင်ဘူး တစ်ချိန်လုံး ဖုန်းကိုပဲ ကြည့်နေမယ်ဆိုရင် ဘယ်သူမှ သဘောကျမှာ မဟုတ်ဘူး။ ရုပ်ရှင်အတူကြည့်နေတဲ့အချိန် (သို့) အတူတူ စားသောက်နေတဲ့အချိန်မှာတောင် တခြားလူတွေကို စာပြန်တာ facebook ပဲထိုင်ဆော့နေတာတွေကို ဘယ်သူ့မှ မကြိုက်ပါဘူး။ ဒီလိုလူတွေအနေနဲ့ တစ်ယောက်ထဲ အရိုးထုတ်ရဖို့ ရာခိုင်နှုန်းများပါတယ်။
